စစ်ကိုင်း တိုင်း ဒေသကြီး အတွင်းရှိ ကွန်ပျူ တာ Hardware သိရှိ နား လည်သော
လူငယ်များ အသိအမှတ်ပြုနိုင်ရေးနှင့် အရည်အချင်းရှိသူ လူငယ်များ
ပေါ်ထွန်းလာစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူ တာပညာရှင်အသင်းမှ
ကြီးမှူး၍ The Best Myanmar PC Contest ကို မုံရွာမြို့ပေါ်ဦးခန်းမ ၂၀၁၂
ဩဂုတ် ၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိကျင်း ပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုကျပ်နှစ်သိန်းခွဲ၊ ဒုတိယဆုကျပ်တစ်သိန်းခွဲ၊
တတိယဆုကျပ် တစ်သိန်းနှင့် နှစ်သိမ့်ဆုနှစ်ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း
သိရသည်။ အဆိုပါ ပြိုင်ပွဲကို Asus ကွန်ပျူတာပစ္စည်းများကို
ဖြန့်ချိရောင်းချနေသော Golden Power Technology, Silicon Power,
Thermaltake ကွန်ပျူတာတို့မှ ပူး ပေါင်းပါဝင်ကာ ကျင်းပခြင်းဖြစ်သည်။ CPU,
HDD စသည့်ပစ္စည်းများကို Matix ကွန်ပျူတာမှ ကူညီ ထောက်ပံ့ပေးမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုပါက အသက် ၂၅ နှစ်အောက်
လူငယ်များဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
အဆိုပါပြိုင်
ပွဲကိုဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့်
ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာနှင့် စည်း ကမ်းချက်များကို အသင်းရုံးခန်း၊
www.sagaingcpa.org နှင့် www. facebook.com/mcpasagaing စသည်တို့တွင်
အခမဲ့ဝင်ခွင့်လျှောက်လွှာ ရယူနိုင်မည်ဖြစ်သည်။ ပြိုင်ပွဲနှင့်ပတ်သက်ပြီး
အသေးစိတ်သိလိုပါက စစ်ကိုင်း တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း
အားကာတိုက်တန်း၊ အခန်းအမှတ် (၆)၊ မုံရွာ။ ဖုန်း - ဝ၇၁၂၆၁၁၀ တွင်
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်။
ချိုကို
(Credit ရိုးရာလေး)
No comments:
Post a Comment