- 30 Jul 2012 |
- By Popular News
- မျိုးစပါးများ အသင့် ရှိနေသော်လည်း စိုက်ပျိုး စရိတ် မတတ်နိုင် သည့်
အတွက် မိုးစပါး စိုက်ပျိုးမှု မစတင်နိုင်သေးကြောင်း လပွတ္တာ ခရိုင်၊ ပြင်စလူ
မြို့နယ်ရှိ လယ် သမား များထံမှ သိရသည်။
”မနှစ်က စိုက်/ဘဏ်က ၇ လ ပိုင်း ၆ ရက်နေ့မှာ ချေးငွေ ထုတ် ပေးတယ်။ အခု
ချေးငွေ မရသေး တော့ လယ်မလုပ်နိုင်သေးဘူး” ဟု ကုက္ကို ကျေးရွာမှ လယ်သမား တစ်
ဦး က ပြောသည်။ ကုက္ကို ကျေးရွာ အုပ်စုတွင် စိုက်ပျိုးမြေ ဧကပေါင်း ၆ဝ၃ ဧက
ရှိပြီး ၂ဝ၁၁ ခုနှစ်၌ ဧက ၄ဝဝ ကျော် စိုက်ပျိုးနိုင်ခဲ့သော်လည်း လက်ရှိ တွင်
ယင်း အခက်အခဲကြောင့် လယ် မစိုက်နိုင်သူ အများအပြား ရှိ ကြောင်း သိရသည်။
အဆိုပါ အခက်အခဲများနှင့် ပတ်သက်၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မြို့နယ်
ဘဏ်ခွဲ) မှ မန်နေဂျာ ဦးမြင့်ဆန်းက ”စိုက်ဘဏ် က ချေးပေးတယ် ဆိုတာ က ကျေးရွာ
အုပ်စု တစ်ခုလုံး အကြွေးကျေမှ ချေးပေးတာ။ တစ်ယောက်၊ နှစ် ယောက်
ကျန်ရင်တောင် မချေးပေးဘူး။ အဲဒီ အတွက် သူတို့ အုပ်စု အတွင်းမှာ သူတို့ ဘာသာ
သူတို့ ပြေလည်အောင် လုပ်သွားခဲ့တာ ချည်းပဲ” ဟု ပြောသည်။ ၄င်းအပြင် လပွတ္တာ
မြို့နယ် အတွင်းတွင် ကျေးရွာ အုပ်စုပေါင်း ၅၄ အုပ်စု ရှိပြီး ယင်းတို့
အတွက် ၄၉၅၅၂ သိန်း ထုတ်ချေးပေးရန် လျာထားကြောင်း ၄င်းက ပြော သည်။
သို့သော် ကျေးရွာ အုပ်စု ၂၂ စုအတွက် ၁၄၉ဝ၉ သိန်းသာ ပေးပြီး ကျန်ကျေးရွာ အုပ်စု ၃၂ စု တွင် ၈ အုပ်စုသာ ကြွေးကျေပြီး ဖြစ်ကြောင်း စိုက်/ဘဏ် မန်နေဂျာ ဦးမြင့်ဆန်း က ပြောသည်။ ”အားလုံးကို သြဂုတ် ၃၁ ရက် နေ့ နောက်ဆုံးထားပြီး ချေးပေး သွားမှာပါ။ သူတို့နဲ့ လက်တွဲပြီး လုပ်လာတာ နှစ် ၃ဝ ကျော်ပြီ။ ဘာ ပြဿနာမှ မရှိခဲ့ဘူး” ဟု ၄င်းက ဆက်လက်ပြောသည်။ ၄င်းအပြင် ချေးငွေကို မစောင့် နိုင်သည့် လယ်သမား အချို့မှာ ၄င်းတို့ပိုင် လယ်ယာမြေ များကို အခြားလုပ်ကိုင်နိုင် သူများထံသို့ အငှားပေးပြီး မြို့ပေါ်သို့ အ လုပ် ပြောင်း လုပ်ကိုင်နေကြကြောင်း ကန်ကြီးစု ကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည်။
လယ်သမားများ အတွက် စိုက် ပျိုးစရိတ် ထုတ်ချေးမှုမှာ ယခင် နှစ် က တစ်ဧက ၉ သောင်းနှုန်းသာ ထုတ်ချေးခဲ့သော်လည်း စိုက်ပျိုး စရိတ်များ မလုံလောက်မှုကြောင့် ယခုနှစ်တွင် တစ်ဧက ၅ သောင်း နှုန်းထိ တိုးပေးခဲ့သည်။ ၂ဝ၁၁ ခုနှစ် အတွင်းက လပွတ္တာမြို့နယ် အတွက် ၃၅၉၆၅ ဒသမ ၈ သိန်း ထုတ်ချေးပေးခဲ့ကြောင်း လပွတ္တာ မြို့နယ်ရှိ မြန်မာ့ လယ်ယာ ဖွံ့ဖြိုး ရေးဘဏ် (မြို့နယ်ဘဏ်ခွဲ) မှ သိ ရသည်။
ညွန့်ဝင်း၊ ရန်နိုင်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာရေးရာ၊ ရုပ်ရှင်၊ သီချင်း စသည့်ကဏ္ဍများကို စုံလင်စွာ နေ့စဉ်တင်ပြထားပါသည်။ လာရောက်ကြည့်ရှုအားပေးကြသူများအားလုံးကို ကျေးဇူးတင်ပါသည်။
Monday, 30 July 2012
ပြင်စလူ တောင်သူအချို့ စိုက်စရိတ် မရှိ၍ အခက်ကြုံနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment