- 25 Jul 2012 |
- By အခွင့်အလမ်း
- အင်တာနက်ထဲမှာ ဒီဝက်ဆိုဒ်
ထဲကို ဝင်ကြည့်ရင်း Sand and Stone ဆိုတဲ့ Power
Point Presentationတစ်ခုကို သွားတွေ့တာနဲ့အဲဒီဇာတ်လမ်းလေးကို ဆီလျော်အောင်
ဘာသာပြန်ပြီး ဖော်ပြ လိုက်ပါတယ်။
This story tells about two friends that were walking through the desert. At one point during the trip, they started arguing and one of the friends hit the other in the face.
ဒီပုံပြင်လေးက သဲကန္တာရကို ခြေကျင်ဖြတ်လျှောက်လာကြတဲ့ မိတ်ဆွေ နှစ်ဦးအကြောင်းဖြစ်ပါတယ်။ ခရီးလမ်း တစ်နေရာကို ရောက်တဲ့အခါ သူတို့ဟာ အငြင်းပွားစကားများကြပြီး တစ်ဦးက အခြားတစ်ဦးရဲ့ မျက်နှာရိုက်လိုက်တယ်။
The one that had been hit was hurt, but without a further word, wrote down in the sand: "TODAY' MY BEST FRIEND HIT ME IN THE FACE."
အရိုက်ခံလိုက်ရတဲ့ တစ်ဦးက နာကျင်သွားခဲ့ပေမဲ့လည်း ဘာစကားတစ်ခု မှ မပြောဘဲ သဲပေါ်မှာ စာရေးလိုက်တယ်။ "ဒီနေ့ ကျွန်ုပ်ရဲ့ မိတ်ဆွေကောင်းက ကျွန်ုပ်မျက်နှာကို ရိုက်လိုက်တယ်။
" They carried on walking until they came across an oasis, where they decided to freshn up and bathe. But the one that had been hit before, got caught in the mud and was about to drown, but the friend saved him.
သူတို့ဟာ ခရီးဆက်ခဲ့ကြရင်း အိုအေ စစ်တစ်ခုကို အမှတ်မထင်တွေ့ရှိခဲ့ပြီး လန်းလန်းဆန်းဆန်းဖြစ်သွားအောင် အဲဒီ မှာပဲ ရေချိုးကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့လည်း ခုနက မျက်နှာကို အရိုက်ခံ ထားရတဲ့ တစ်ဦးဟာ ရွှံ့ထဲကိုကျပြီး နစ် တော့မလို ဖြစ်သွားခဲ့ပေမဲ့ သူ့မိတ်ဆွေက သူ့ကို ကယ်တင်ခဲ့ပါတယ်။
After he had recovered, he wrote down on a stone: "TODAY MY BEST FRIEND SAVED MY LIFE."
ရွှံ့ထဲကနေ ပြန်ပေါ်လာပြီးနောက် သူက ကျောက်တုံးပေါ်မှာ စာရေးလိုက် တယ်။ "ဒီနေ့ ကျွန်ုပ်ရဲ့ မိတ်ဆွေကောင်း က ကျွန်ုပ်အသက်ကို ကယ်လိုက်တယ်။
" The friend that had hit his best friend and had then saved him asked: "After I hit you, you wrote in the sand and now you are writing on stone, why?"
မိတ်ဆွေကောင်းကို ရိုက်ခဲ့ပြီး အခု အသက်ပြန်ကယ်ခဲ့တဲ့ သူငယ်ချင်းက "ကျွန်တော် ခင်ဗျားကို ရိုက်ခဲ့ပြီးနောက် သဲပေါ်မှာ စာရေးခဲ့တယ်။ အခု ကျောက် တုံးပေါ်မှာ ခင်ဗျားရေးတယ်။ ဘာကြောင့် လဲ"
The other friend answered: "When someone hurts us, we should write it down in sand so that the wind can forgive us by blowing it away."
(ကျောက်တုံးပေါ်မှာ စာရေးနေတဲ့) မိတ်ဆွေက "တစ်စုံတစ်ဦးက ကျွန်ုပ်တို့ကို နာကျင်အောင်လုပ်တဲ့အခါ အဲဒီ အကြောင်းကို သဲပေါ်မှာ ကျွန်တော်တို့ ရေးသင့်ပါတယ်။ အဲဒီလိုရေးလိုက်တဲ့အခါ ခွင့်လွှတ်ခြင်းဆိုတဲ့ လေပြည်ကြောင့် (သဲ ပေါ်မှာရေးထားခဲ့တဲ့)စာတွေ လွင့်ပျောက် ပျက်ပြယ်သွားနိုင်တယ်။"
"But when someone does something nice for us, we should engrave it in stone, where no wind can ever blow it away."
ဒါပေမဲ့လည်း တစ်စုံတစ်ဦးက ကျွန်ုပ် တို့အတွက် ကောင်းတာတစ်ခုခုလုပ်ပေး တယ်ဆိုရင် အဲဒီအကြောင်းကို ကျောက် တုံးပေါ်မှာ ထွင်းထုထားသင့်တယ်။ အဲဒီ အခါ ဘယ်လေကမှ အဲဒါကို ပျောက်ပျက် သွားအောင် မလုပ်နိုင်တော့ဘူးလေ။"
LEARN TO WRITE DOWN YOUR PAIN IN SAND AND TO ENGRAVE THE GOOD EXPERIENCES IN STONE.
သင့်ရဲ့ နာကျင်မှုကို သဲပေါ်မှာ ရေးချပြီး အတွေ့အကြုံကောင်းတွေကို ကျောက်တုံးပေါ်မှာ ထွင်းထုနိုင်ဖို့ သင်ခန်း စာယူကြပါ၊ သင်ယူကြပါ။
They say it takes a minute to find someone special, an hour to appreciate them, a day to get to like and love them, but it takes a lifetime to forget them.
တစ်စုံတစ်ဦးက (မိမိအပေါ်)ကောင်း တာတွေ လုပ်ပေးတာကို တစ်မိနစ်၊ တစ် နာရီ၊ တစ်ရက်တာလောက်သာ သတိထား မိ၊ သဘောကျနှစ်ခြိုက်မိပေမဲ့လည်း (မိမိ အပေါ် နာကျင်အောင်လုပ်သွားတဲ့ သူတွေကိုတော့) မေ့ပျောက်နိုင်ဖို့ တစ်ဘဝတာ ကြာတတ်ကြပါတယ်။ ဇာတ်လမ်းလေးကတော့ ဒီမှာပဲ ပြီးဆုံးသွားပါတယ်။ စာရေးသူရဲ့ စိတ် အစဉ်မှာတော့ ဒီဇာတ်လမ်းလေးနဲ့ ဆက်စပ်ပြီး တွေးတောစဉ်းစားစရာတွေ၊ ဆင်ခြင်စရာတွေပေါ်ပေါက် လာပါတယ်။
စာရေးသူအပါအဝင် လူသား အားလုံးရဲ့ဘဝမှာ မိတ်ဆွေအပေါင်း အသင်းတွေဆီကနေ ကောင်းတာတွေ ရော၊ ဆိုးတာတွေပါ တွေ့ကြုံခံစားခဲ့ကြ ဖူးမှာပါ။ ဒါ့အပြင် အဲဒီမိတ်ဆွေအပေါင်း အသင်းတွေဆီက အကူအညီတွေကိုရော၊ သူတို့ကြောင့် နာကျင်ခံစားမှုတွေကိုပါ ရရှိခဲ့ဖူးကြမှာပါ။ အဲဒါအပြင် ကျွန်တော်တို့ရဲ့ ဘဝမှာ ကျွန်တော်တို့ကို နားလည်စာနာပြီး ကူညီ တတ်တဲ့ မိတ်ဆွေကောင်းတွေနဲ့ တွေ့ခဲ့ ကြဖူးသလို ကျွန်တော်တို့အပေါ်မှာ ရက်စက်၊ ယုတ်မာ၊ ကောက်ကျစ်ပြီး နာကျင် အောင် ပြုမူဆက်ဆံခဲ့တဲ့ မိတ်ဆွေတွေနဲ့ လည်း တွေ့ကြုံခဲ့ကြဖူးမှာပါ။
ဒါပေမဲ့လည်း ပုထုဇဉ်လူသားရယ်လို့ ဖြစ်နေတဲ့အတွက် မိမိတို့အပေါ်မှာ နားလည်စာနာကူညီခဲ့တဲ့ မိတ်ဆွေကောင်း တွေ၊ ကိုယ့်ကို အထူးတလည် ကျေးဇူးပြု ဖူးခဲ့သူတွေကို တစ်ခါတလေမှာ အမှုမဲ့၊ အမှတ်မဲ့ မေ့လျော့နေတတ်ကြပါတယ်။ သို့ပါသော်လည်း မိမိအပေါ် နာကျင်ခံစား ရအောင် လုပ်ဆောင်သွားတဲ့သူတွေကို တော့ နာကြည်းစိတ်၊ ခံပြင်းစိတ်၊ ဒေါသ အငြိုးတွေနဲ့ စိတ်ထဲ၊ ရင်ထဲမှာ မမေ့ ပျောက်နိုင်ဘဲ မှတ်မှတ်ရရရှိနေတတ်ကြ ပါတယ်။
တရားသဘောနဲ့ ကြည့်မယ်ဆိုရင် "ဒေါသမီးလျှံ အကျည်းတန်၊ သည်းခံလှပ သည်"လို့ဆိုတဲ့အတိုင်း ဒေါသစိတ်ဟာ မီးလျှံလို လူကို ပူလောင်စေပါတယ်။ အဲဒီ ဒေါသစိတ်၊ ခံပြင်းစိတ်၊ နာကြည်းစိတ်တွေ ကြောင့် မိမိမှာသာ ပူလောင်ခံစားနေပေမဲ့ မိမိအပေါ် ပြုလုပ်သွားတဲ့သူက သိတောင် သိမှာ မဟုတ်ပါဘူး။ အဲဒီလိုခံစားနေတာ ဟာ မိမိအတွက် လုံးဝမကောင်းပါဘူး။ နိဂုံးချုပ် အကြံပြုရမယ်ဆိုရင်တော့ မိမိအပေါ် အကူအညီပေးခဲ့ဖူးသူ၊ အထူး တလည်ကျေးဇူးပြုခဲ့ဖူးသူ မိတ်ဆွေကောင်း တွေကို တစ်သက်တာထာဝရ အမှတ်တရ ရှိနေတာဟာ မိမိရဲ့ စိတ်မှာလည်း ကြည်နူး လန်းဆန်းအေးချမ်းစေပါတယ်။ မိမိကို နာကျင်ခံစားရအောင်လုပ်သွားတဲ့ သူကို တော့ ဒေါသစိတ်နဲ့ သတိရနေမယ့်အစား ဇာတ်လမ်းလေးထဲကလို သဲပေါ်မှာ စာရေးလိုက်ပါ။ ခွင့်လွှတ်ခြင်းဆိုတဲ့ လေ ပြည်ကြောင့် မကြာခင်ကာလမှာ မေ့ ပျောက်ပျက်ပြယ်သွားကြမှာပါ။ ဒါကြောင့် မို့ တစ်စုံတစ်ဦးက မိမိကို နာကျင်ထိခိုက် အောင် လုပ်ခဲ့ရင် သဲထက်အက္ခရာတင် လိုက်ပါလို့ ဆန္ဒပြုလိုက်ပါတယ်။
အုန်းဝမ် (ရန်ကုန်တက္ကသိုလ်)
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာရေးရာ၊ ရုပ်ရှင်၊ သီချင်း စသည့်ကဏ္ဍများကို စုံလင်စွာ နေ့စဉ်တင်ပြထားပါသည်။ လာရောက်ကြည့်ရှုအားပေးကြသူများအားလုံးကို ကျေးဇူးတင်ပါသည်။
Saturday, 28 July 2012
သဲထက် အက္ခရာ တင်လိုက်ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment