- 28 Jul 2012 |
- By Good Health
- တောင်တက် တာကြောင့် ကယ်လို ရီများ စွာ ကုန်ဆုံး တတ်ပါ တယ်။ တောင် တက်
ရင်း ကုန်ဆုံးသွားတဲ့ ကယ်လိုရီတွေ နေရာမှာ ပြန်လည်အစားထိုးဖြည့်တင်း
နိုင်ဖို့ အာဟာရပြည့်ဝတဲ့ အစားအသောက် တွေကို စားပေးရပါမယ်။ တောင်တက် တဲ့အခါ
သင့်ကျောပိုးအိတ်ထဲမှာ ဟမ် ဘာဂါမုန့်တွေနဲ့ အာလူးချောင်းကြော် တွေ
အပြည့်ထည့်သွားရမယ်လို့ ဆိုလို တာ မဟုတ်ပါဘူး။ တကယ်စွမ်းအင်ပေး နိုင်ပြီး
အာဟာရတန်ဖိုး ပြည့်ဝတဲ့ အစာ တွေကို သယ်ဆောင်ပြီး လမ်းခရီးမှာ စား
ပေးရမှာပါ။
ကာဗိုဟိုက်ဒရိတ်
စွမ်းအင်အမြင့်မားဆုံး ပေးနိုင်တဲ့ အရေးကြီးအစာအမျိုးအစားက ကာဗို ဟိုက်ဒရိတ်ပါတဲ့ အစာပါ။ ဥပမာပြော ရရင် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ ပေါင်မုန့်နဲ့ ခရက်ကာမုန့်တွေစားသင့်ပြီး သစ်သီးခြောက်၊ လတ်ဆတ်တဲ့ သစ်သီး ဝလံနဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲစား ရပါမယ်။ ဒီအစာတွေက စွမ်းအင်ပေး နိုင်ရုံသာမက အမျှင်ဓာတ်များစွာ ပါဝင် တာကြောင့် အစာခြေစနစ်ကို ကျန်းမာ စေပါတယ်။
ပရိုတင်း
စွမ်းအင်အပြည့်အဝပေးနိုင်တဲ့ နောက် အစာတစ်မျိုးက ပရိုတင်းဓာတ်ပါ။ ပရို တင်းဓာတ်က ကာဗိုဟိုက်ဒရိတ်ထက် အ စာကြေဖို့ ပိုကြာတာကြောင့် သင့်ကို ပို မိုဗိုက်ပြည့်နေစေပြီး စွမ်းအင်ကြာကြာရှိ စေပါတယ်။ အလွယ်သယ်သွားနိုင်တဲ့ ပ ရိုတင်းပါတဲ့ အစာတွေက ဒိန်ခဲ၊ မြေပဲ ထောပတ်၊ အခွံမာတဲ့ အစေ့အဆန်၊ အ သားခြောက်တို့ ဖြစ်ကြပါတယ်။
ဗီတာမင် စီ
ဗီတာမင်စီဟာ တောင်တက်သမား တွေ အဖြစ်များတဲ့ ညောင်းညာပင်ပန်း တာနဲ့ နာမကျန်းတာတွေကို တွန်းလှန် ပေးနိုင်သလို ခန္ဓာကိုယ်ကို လန်းဆန်းစေ ပါတယ်။ တောင်တက်ရာမှာ သယ်နိုင်တဲ့ ဗီတာမင်စီပါ အစာတွေက ချဉ်တဲ့ သစ် သီးငယ်တွေ၊ စပျစ်သီး၊ ခရမ်းချဉ်သီးနဲ့ ပန်းဂေါ်ဖီစိမ်းတို့ ဖြစ်ပါတယ်။
ရေ
ရေက စွမ်းအင်မြင့်မားတဲ့ အစာ မဟုတ်ပေမယ့် တောင်တက်ခရီးစဉ်မှာ မ ဖြစ်မနေယူဆောင်သွားသင့်တဲ့ အရာပါ။ ရေကို ဖြည်းဖြည်းနဲ့ မှန်မှန် သောက်ပေး မှ ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ကာကွယ်ပေးမှာ ဖြစ်ပြီး ရေဓာတ်ခန်း ခြောက်ရင်ဖြစ်တတ်တဲ့ နုံးတာ၊ အားအင် ကုန်ခန်းတာ၊ ကြွက်သားတွေ နာကျင် တာနဲ့ ခေါင်းကိုက်တာတို့ကို လျော့ပါးစေ မှာပါ။ တောင်တက်ခရီးစဉ်တစ်လျှောက် လုံး ရေကို အလုံအလောက်ယူသွားပါ။
နွားနို့
နွားနို့နဲ့ သစ်သီးဖျော်ရည်တွေက စိတ်ကို လန်းဆန်းအားပြည့်စေပါတယ်။ လေ့လာမှုတစ်ရပ်အရ အစာမစားဘဲ ရက်အနည်းငယ်အထိ အသက်ရှင်နိုင်ပေ မယ့် ရေမသောက်ရင် ရက်ပိုင်းလောက် ပဲ အသက်ရှင်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် တောင်တက်ခရီးစဉ်အတွက် ရေနဲ့ အရည်ကို များများသယ်ဆောင်ပြီး အစာနည်းနည်းကိုပဲ သယ်ယူပါ။
Tips:
- အမြင့်တက်ရချိန်မှာ အဆီအအိမ့် များတဲ့ အစာတွေကို သယ်မသွားပါနဲ့။ ဒီအစာတွေက အစာကြေညက်ဖို့ အောက် ဆီဂျင်ပိုမို လိုအပ်နေတတ်လို့ပါ။
-ဟင်းသီးဟင်းရွက်အစိမ်းတွေ၊ ပဲလှော် တွေ၊ ပြောင်းဖူးပေါက်ပေါက်တွေကို အ များကြီးမစားပါနဲ့။ အူလှုပ်ရှားမှုကို လှုံ့ ဆော်နိုင်ကာ ဝမ်းလျှောတာမျိုး ဖြစ်တတ် လို့ပါ။
- လေထစေတဲ့ အစာတွေ ဖြစ်တဲ့ ဂေါ် ဖီထုပ်လို အစာနဲ့ ပဲအခြောက်အခြမ်း တွေကို ချက်စားတာမျိုး ရှောင်ပါ။
ကြယ်စင်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာရေးရာ၊ ရုပ်ရှင်၊ သီချင်း စသည့်ကဏ္ဍများကို စုံလင်စွာ နေ့စဉ်တင်ပြထားပါသည်။ လာရောက်ကြည့်ရှုအားပေးကြသူများအားလုံးကို ကျေးဇူးတင်ပါသည်။
Monday, 30 July 2012
တောင်တက်သမား များအတွက် အာဟာရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment