မြန်မာ နိုင်ငံတွင် သာမက ကမ္ဘာ တစ်ဝှမ်းလုံး လူကြိုက် များပြီး ရောင်းအား
ကောင်းသည့် Samsung ၏ နောက်ဆုံး ထုတ်ကုန် ဖြစ်သည့် Samsung Galaxy SIII
အနီရောင် သည် လာမည့်ဩဂုတ် လအတွင်း၌ မြန်မာပြည်ဈေး ကွက်အတွင်းသို့
ရောက်ရှိမည် ဖြစ်ကြောင်းSamsung Showroom မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါSamsung Galaxy SIIIှု သည် မြန်မာပြည်ဈေးကွက် အတွင်းသို့
ပြီးခဲ့သည့်မေလနောက် ဆုံးအပတ်အတွင်း ဈေးကွက်ထဲသို့ စတင်ဝင်ရောက်လာပြီး
ယခုထက် ထိ မိုဘိုင်းဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိကြောင်း
အဆိုပါSamsung Galaxy SIII ကို ရောင်းချပေးနေသည့် Samsung Showroom
များနှင့် ရန် ကုန်မြို့ရှိ မိုဘိုင်းအရောင်းဆိုင် များမှသိရသည်။
Samsung Showroom မှ တာဝန်ရှိသူတစ်ဦးက “Samsung Galaxy SIII အနီရောင်က
နောက်လလောက်မှဈေးကွက်ထဲ ကိုရောက်ဖို့ရှိတယ်။ အရင်ရှိတာ အဖြူရောင်နဲ့
အပြာရောင် နှစ်မျိုး ရှိတယ်။SIII ကတော့ အခုထိ ဈေးကွက်ထဲရောင်းအားကောင်းနေ
ပါတယ်။ ပုံမှန်ရောင်းရတယ်။ အစ်ကိုတို့Samsung Show မှာ တောင် တစ်နေ့ကို
ငါးလုံး၊ခြောက် လုံးလောက် ပုံမှန်ရောင်းရတယ်။ ဈေးကတော့ အရင်ရောင်းတဲ့ဈေး
ထက်နည်းနည်းတော့ကျသွားတယ်။ အဖြူနဲ့အပြာကတော့လူ ကြိုက် များတယ်။ အနီကတော့
ဘယ်လို လာမလဲမသိဘူး”ဟု ပြော သည်။
၎င်းSamsung Galaxy SIII သည် မိုဘိုင်းဈေးကွက်တွင် Apple ၏ i-Phone 4S
နှင့် လက် ရှိအချိန်တွင် ယှဉ်ပြိုင်ရောင်းချ နေ သည့်Samsung ၏ နောက်
ဆုံးထုတ်ကုန် ဖြစ်သည်။၎င်းဖုန်း ဈေးနှုန်းမှာ ၅၃၀ဝ၀ဝ မှ ၅၈၀ဝ၀ဝ
ဝန်းကျင်ရှိပြီး ဆိုင်အလိုက်ဈေး နှုန်းကွာခြားမှု အနည်းငယ်ရှိသည်။
စောရည်နန္ဒာ
No comments:
Post a Comment