ဂီတ
လောကမှာ သာမက သရုပ်ဆောင် ဘက်မှာပါ နာမည် ရလာတဲ့ ရတနာမိုင်က သူ့ရဲ့ ဒုတိယ
စီးရီးကိုလည်း သြဂုတ် (၁၈) ရက် သူ့မွေးနေ့မှာ ထွက်ဖို့ရှိပါတယ်။
ဒုတိယစီးရီးက ကိုယ်ပိုင်သံစဉ် ဖြစ်တာနဲ့ ပတ်သက်ပြီး “မိုင်လေး Copy လည်း
ဆိုခဲ့ဖူးတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကိုယ်ပိုင်သံစဉ်ဆိုတဲ့ အနှစ်သာရကို
ကြည့်ချင်တယ်” ဟု ပြောပါတယ်။
အရင်က
Performance အကြောင်း မေးကြည့်ခဲ့တော့ “မိုင်လေး မကတော့ဘူး ရှိုးဆိုရင်
ရှိုး mood တော့ ရှိပေမယ့် တည်ငြိမ်တဲ့ ပုံစံမျိုးလေးပဲ ဆိုဖြစ်တယ်။ အခွေမှာ
ဘာတွေ ထူးခြားလဲဆိုတော့ IC နဲ့ တီးထားတယ်။ SIR လည်း ပါတဲ့အတွက်
ထူးခြားမယ်လို့ ထင်ပါတယ်” အမေမိုင် တစ်ခေတ် ဖြစ်တဲ့အတွက်
မိုင်လေးခေတ်ကောလို့ ပြောတဲ့အခါ “အမေတုန်းက ခေတ်တစ်ခေတ် ဖြစ်ခဲ့တယ်။
ဒါပေမဲ့ မမှန်းရဲသေးပါဘူး။ အမေ့ကို အားကျတာပဲ ရှိပါတယ်” အခွေ ပရိသတ်ရင်ထဲ
နေရာယူမလားဆိုတော့ “ပရိသတ် ကြိုက်၊ မကြိုက် မခန့်မှန်းတတ်ပါဘူး၊
တစ်ခွေလုံးကိုတော့ ပရိသတ်ကို ကြိုက်စေချင်ပါတယ်။ အခွေထွက်လာရင်လည်း
အားပေးပါလို့”။
(Credit yoyarlay.com)
No comments:
Post a Comment