သို့ မဟုတ် ကျပ်ငါးထောင်တန်ဖုန်း ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
တည်ဆောက်လျက်ရှိသော ဆက် သွယ်ရေးဆိုင်ရာ အခြေခံအဆောက် အအုံများ
တည်ဆောက်ပြီးမှသာ ရရှိ နိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်
ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
အနေဖြင့်လည်း အများပြည်သူအသုံး ပြုနိုင်သော မိုဘိုင်ဖုန်းများချထားပေး
နိုင်ရန်အတွက်လည်း ငါးနှစ်စီမံကိန်း ချ၍လည်း အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စီမံကိန်းပထမနှစ် ၌ လိုအပ်သော အခြေခံအဆောက်
အအုံများကို ကနဦးကုန်ကျစရိတ်များ စွာဖြင့် အချိန်ယူ၍ လုံလောက် ပြည့်စုံ
အောင်တည်ဆောက်လျက်ရှိသော ကြောင့် ပထမနှစ်စတင်ချထားပေး သော
တန်ဖိုးနည်းဂျီအက်စ်အမ် ဖုန်း များကို ကျပ်နှစ်သိန်းဝန်းကျင်ဖြင့်
သတ်မှတ်ချထားပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ "လူတိုင်းဖုန်းကိုင်နိုင်တဲ့
အနေအထားရအောင်တော့ ဆောင် ရွက်ပေးသွားမှာပါ။ အဲဒီအတွက်လည်း
ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ပူးပေါင်း ပြီး ဆောင်ရွက်သွားဖို့လည်း စီစဉ်
ဆောင်ရွက်နေပါတယ်။ ဆက်သွယ် ရေးရဲ့ Second Operator ကို ဆက်
သွယ်ရေးနဲ့ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေကို ပေးသွားဖို့ရှိပါတယ်။
လူတိုင်းကိုတော့ မပေးပါဘူး။ ကုမ္ပဏီ တွေကနေ လုပ်ကိုင်နိုင်မယ့် အရည်
အချင်းရှိမရှိကို ကြည့်ပြီးမှ ပေးသွားမှာ ပါ။ အဲဒီလိုပေးပြီးရင်
ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ဆက်သွယ်ရေးဆိုင်ရာ အဆောက်
အအုံတွေကို ပီပီပြင်ပြင်ဆောင်ရွက် သွားမှာပါ" ဟု မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ယင်းသို့ ဆက်သွယ်ရေးလုပ်
ငန်းများအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများကို ပြည်တွင်း
ပြည်ပကုမ္ပဏီများဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အပြည်ပြည် ဆိုင်ရာ ညှိနှိုင်းရေးနှင့်
ကျွမ်းကျင်အဖွဲ့ အစည်းများ၊ လူမှုစီးပွားဖွံ့ဖြိုးရေးအကြံ
ပေးကောင်စီတို့နှင့် ပူးပေါင်းညှိနှိုင်းတိုင် ပင်၍
ပြည်တွင်းပြည်ပနိုင်ငံတကာ တင်ဒါစနစ်ဖြင့် ဖိတ်ခေါ်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ရိုန်ဝင်းထိုက်
No comments:
Post a Comment