Monday, 30 July 2012

အင်တာနက် အသုံးပြုချင်သူများ Today's Mobile တွင် အခမဲ့အသုံးပြုနိုင်

Today's Mobile အရောင်းဆိုင်မှ ဝယ်ယူသည့် Customer များ ကို ပြန်လည် ကျေးဇူး တုံ့ပြန်သည့် အနေဖြင့် Today's Mobile သို့ လာ ရောက် ဝယ်ယူသူများ အင်တာနက် အသုံးပြုနိုင်ရန် ဆိုင်တွင် wifi Free လွှင့်ပေးထားပြီး အင်တာနက် အခမဲ့အသုံးပြုနိုင်အောင် ပြုလုပ်ထား ကြောင်း သိရသည်။
ယခုဖွင့်လှစ်မည့် ၃ ဆိုင်မြောက် တာမွေဆိုင်တွင် စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ဆိုင်တွင် ကွန်ပျူတာတစ်လုံးထားရှိပြီး အင်တာနက်အသုံးပြုချင်သူများ အခမဲ့ အသုံးပြုရမည်ဖြစ်သည်။ မိမိကိုယ် ပိုင်Laptop ဖြင့် အသုံးပြုမည်ဆိုပါက တစ်နေကုန်အသုံးပြုနိုင်ပြီး ဆိုင်မှ ကွန်ပျူတာဖြင့် အသုံးပြုပါက တစ်ယောက်ကို မိနစ် ၃၀ ကြာအောင် အသုံးပြုနိုင်မည်ဟုဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍Today's Mobile အရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုနေလင်းထွန်းက “ဒီဝန်ဆောင်မှုက တာမွေဆိုင်မှာ စပြီး ဝန်ဆောင်မှုပေးတာပါ။ ကိုယ့်ဆီမှာလာဝယ်တဲ့သူတွေ အင်တာ နက်အသုံးပြုတာအဆင်ပြေအောင်လို့ပါ။ ဖုန်းနှင့်ဖြစ်စေ၊Laptop နှင့်ဖြစ်စေသုံးလို့ရအောင်ပါ။ ပြီးဆိုင်ဖွင့်ပွဲအနေနဲ့လည်း ဟန်းဆက်ဝယ်ယူ သူတိုင်းအတွက် လက်ဆောင်ပစ္စည်းတွေပေးသွားဖို့ရှိပါတယ်”ဟု ဆိုသည်။ ထို့အပြင်Today's Mobile အရောင်းဆိုင်မှ ဟန်းဆက်ဝယ်ယူ သူတိုင်းကို ဝန်ဆောင်မှုပေးသည့်အနေဖြင့်Software Service များကို တစ်နှစ်စာ Free ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောရည်နန္ဒာ

(Credit http://www.yoyarlay.com)

No comments:

Post a Comment