Saturday, 28 July 2012

အလှပြင် ပစ္စည်းများ ကြောင့် ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေ များ



ခန္ဓာကိုယ် တွင်းမှာ Phthalates အမည် ရှိ ဓာတု ပစ္စည်းများ စုပုံ လာ ခြင်းနှင့် အမျိုး သမီး များတွင် ဆီးချို သွေးချိုရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းတို့ ဆက်စပ်နေပါတယ်လို့ ဘရင်ဟမ်အမျိုးသမီးဆေးရုံမှ သုတေသီများက တွေ့ရှိ ခဲ့ကြပါတယ်။ Phthalates များဟာ ခန္ဓာကိုယ်တွင်းဟော်မုန်းများကို အနှောင့် အယှက်ဖြစ်စေသော ပစ္စည်းများဖြစ်ပြီး အလှအပဆိုင်ရာပစ္စည်းများ (အစိုဓာတ်ခံ လိမ်းဆေး (Moisturizer) ၊ လက်သည်း နီ၊ ဆပ်ပြာ၊ ဆံပင်ပုံသွင်းဖျန်းဆေး၊ ရေမွှေးစသည်) တို့တွင် ပါဝင်နေပါတယ်။ ထိုဓာတုပစ္စည်းကို ကော်၊ လျှပ်စစ် ပစ္စည်းများ၊ အရုပ်နှင့် အခြားအရာဝတ္ထုများထုတ်လုပ်ရာတွင် အသုံးပြုကြပါ တယ်။ ယခုတွေ့ရှိချက်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးရှုထောင့်များ ဂျာနယ်တွင် ဖော်ပြထားပါတယ်။

ဇင်မာမြင့်

No comments:

Post a Comment