Saturday, 28 July 2012

မိုးကုတ်မြို့ကို သတိရတယ်၊ အမြဲပြန်ဖြစ်တယ် (ထက်ထက်မိုးဦး)

အနုပညာရှင်တွေထဲမှာလည်း အနယ်နယ် အရပ်ရပ်က သူတွေ ရှိပါတယ်။ သူတို့တွေရော.. သူတို့ရဲ့ဇာတိမြေကို ဘယ်လိုလွမ်းလဲဆိုတာ ဒီလိုပဲ မေးဖြစ်ခဲ့သမျှ ဖော်ပြပေးလိုက်ပါတယ်။ မွေးရပ်ဇာတိမြို့လေးဖြစ်တဲ့ မိုးကုတ်မြို့ကို အမြဲတမ်း ပြန်ဖြစ်တယ်။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းကတောင် ပြန်ဖြစ်သေးတယ်။ မိုးကုတ်မြို့ကိုတော့ တမ်းတမိပါတယ်။ သတိရတယ်။ ဒါပေမဲ့ မိုးကုတ်မြို့မှာရှိတဲ့ ထက်တို့ရဲ့ မိသားစုကိုတော့ မတမ်းတမိဘူး။ လွမ်းမိတဲ့ နေရာလေးတွေဆိုရင်
“ကောင်းကင်ထက်က ပန်းတစ်ပွင့်” ဇာတ်ကားကြီး သွားရိုက်တုန်းက ရှုခင်းလေးတွေက အရမ်းလှတာပဲ။ မိုးကုတ်တောင်ပေါ်က ညောင်ပင်အကြီးကြီးမှာ သွားရိုက်ကြတာလေ။ အဲဒီရှုခင်းလေးတွေဆိုရင် အရမ်းသတိရမိတယ်။ မိုးကုတ်မှာ ထက်ရဲ့ အစ်မဝမ်းကွဲတွေလည်း ရှိသေးတယ်။ ပြီးခဲ့တဲ့တစ်ခေါက် ပြန်လာတုန်းကဆိုရင် ထက်ထက်ကြိုက်တဲ့ ပုံစံလေးတွေတောင် ချုပ်ပေးလိုက်သေးတယ်။ ထက်ထက်ကို ကြိုဆိုကြသလို ထက်ထက်ရဲ့ အစ်မဝမ်းကွဲတွေကိုလည်း ထက်ထက်က အများကြီး ကျေးဇူးတင်သလို စိတ်ထဲမှာလည်း ဝမ်းလည်းဝမ်းသာတယ်။ သူငယ်ချင်းတွေလည်း အဲဒီလိုပဲ။ “ဟယ်..နင်က ဒါလေး ကြိုက်တတ်တယ်မဟုတ်လား၊ နင်ကြိုက်တဲ့ ဥစ္စာလေးတွေ ချက်ပေးမယ်နော်။ နင်ကြိုက်တဲ့ ခေါက်ဆွဲလေး လုပ်ပေးမယ်နော်” လို့ ပြောလိုက်တဲ့အချိန်မှာ စိတ်ထဲမှာဝမ်းသာတယ်။ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ အရမ်းဝမ်းသာတယ်။ မိုးကုတ်မြို့မှာ မွေးကတည်းက စပြီး ၁၂ နှစ် ၁၃ နှစ်ထိ နေခဲ့ပါတယ်။

ကလောင် - ထွန်းမြင့်ဇော်

No comments:

Post a Comment