Monday, 30 July 2012

မုံရွာမြို့ပေါ်နှင့် အနီး ပတ်ဝန်းကျင်တွင် ငလျင် လှုပ်ခတ်

ယနေ့ နံနက်၈နာရီ ၅၅မိနစ် ပတ်ဝန်းကျင် အချိန်တွင် မုံရွာ မြို့ပေါ်နှင့် အနီးအနား ၀န်းကျင် ဒေသများတွင် စားပွဲခုံများနှင့် အဆောက်အဦးများ လှုပ်ခါသည် အထိ အင်အား ရှိသည့် ငလျင် လှုပ်ခတ် သွားခဲ့ကြောင်း မုံရွာမြို့ခံများနှင့် ပတ်ဝန်းကျင် ဒေသများမှ လူအများစုက ပြောကြားသည်။

ယင်း လှုပ်ခတ်ခဲ့သည့် တစ်ချိန်တည်းတွင် မုံရွာမြို့နှင့် မိုင်၈၀ကျော် ဝေးသည့် မန္တလေးမြို့ပေါ် မုံရွာမြို့အရှေ့ဘက် ရှိရွေဘိုမြို့နှင့် မုံရွာမြို့မြောက်ဘက် ၂၁ မိုင်ခန့် ဝေးသော ဘုတလင်မြို့များတွင်လည်းငလျင် လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်းဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်များ အရ သိရသည်။ “ငလျင် လှုပ်တဲ့ အချိန်မှာ အိမ်သန့်ရှင်းရေး လုပ်နေတာပါ နှစ်ခါ လှုပ်သွားတာ ဒုတိယ အကြိမ်က တော်တော်ပြင်း တယ် အိမ်ပါလှုပ်ခါသွားတယ်”ငလျင် လှုပ်ခတ်မှုအား သတိထားမိသည့်မုံရွာမြို့ဘုန်းစိုးရပ်ကွက်မှအမျိုးသား တစ်ဦးကပြောကြားသည်။

ယင်းငလျင် လှုပ်ခတ်သည့်ဖြစ်စဉ်အား မုံရွာမြို့ပေါ်မှ လူအများစု သတိထားမိခဲ့ကြပြီးဆိုင်ကယ်စီးနေသူ အချို့ ကမူ သတိမထားမိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ “ကျွန်တော်မနက်စာ စားဖို့ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း စားပွဲနဲ့ထိုင်ခုံက အရင်လှုပ်တယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အုတ်တံတိုင်း က သံစူးကြိုးတွေပါလှုပ်နေတာမြင်ရတယ် အဲဒီတော့မှငလျင် လှုပ်မှန်းသိတာ” ဟုမုံရွာမြို့ခံ ကွမ်းပွဲစားတစ်ဦးကပြောကြားသည်။ ယင်းဖြစ်စဉ်ကြောင့် ပျက်စီး ဆုံးရှုံးမှု မရှိခဲ့သော်လည်း ငလျင် ပြင်းအားမှာ ပြင်းထန်မှု ရှိကြောင်း လှုပ်ခတ်မှုကို သတိထားမိသည့်လူအများစုက သုံးသပ်သည်။

(Credit ရိုးရာလေး)

No comments:

Post a Comment