လောဘ၊ ဒေါသ တို့သည် လူကို ကောင်းကျိုး မပေးပါ၊ လောဘ ကြောင့်
သူတစ်ပါး ပစ္စည်းကို မတရား လိုချင်သည့် အတွက် ပြစ်မှုများ ကျူးလွန်ကြသကဲ့သို့
ဒေါသကြောင့် စိတ်မထိန်းနိုင် ဖြစ်ကာ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး ပြစ်မှု
ကျူးလွန်ခြင်းများ ရှိပါသည်။ ဒေါသကြောင့်ကျူးလွန်သော ပြစ်မှုများတွင်
လူသတ်မှုမှာအကြီးဆုံးပြစ်မှုဖြစ်ပါသည်။ လူသတ်မှုတွင်(က)တစ်သက်
တစ်ကျွန်းဒဏ်ကျခံနေရစဉ်အတွင်းဖြစ်စေ၊ (ခ)ကြိုတင်ကြံစည်ချက်ဖြင့်ဖြစ်စေ၊
(ဂ)ခုနစ်နှစ်အထက်ပြစ်မှုကျူးလွန်စဉ်ဖြစ်စေ လူကိုသေစေ လျှင် ကျူးလွန်သူသည်
သေဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်သည်။
အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင်တစ်သက် တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀
နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။သို့ရာတွင် ရုတ်တရက်ဒေါသအကြီး
အကျယ်ထွက်အောင် ပြုခြင်းခံရသဖြင့် မချုပ်တည်းနိုင်အောင် ဒေါသထွက်သော
ကြောင့် လူသေအောင်ပြုမိခြင်း ဖြစ်ပါမူ လူသတ်မှုမဟုတ်ဘဲ လူသေမှု ဖြစ်ပါ သည်
(လူသေမှု အခြားလေးမျိုးရှိပါသေး သည်)။ လူသေမှုကို ဥပဒေဝေါဟာရအား ဖြင့်
ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေ မှုဟု ခေါ်ဆိုပါသည်။
လူသေမှုမှာ လူ သတ်မှုထက်ပြစ်ဒဏ်လျော့နည်းပါသည်။ အမှုတစ်ခုတွင်
ဆဲဆိုခြင်းခံရသဖြင့် ဒေါသထွက်ကာ ဆဲဆိုသူအား ရဲဒင်းနှင့် ထုသဖြင့်
သေဆုံးသွားရာမူလရုံးကတရား ခံအား ရာဇသတ်ပုဒ်မ ၃၀၂/(၂)(လူသတ် မှု)အရ
တစ်သက်တစ်ကျွန်း ကျခံစေရန် အပြစ်ဒဏ်ချမှတ်ခြင်းကို တရားရုံးချုပ်က
ထပ်မံသုံးသပ်၍ ပြစ်ဒဏ်လျှော့ပေါ့ပေး သော စီရင်ထုံးပေါ်ထွက်ခဲ့ပါသည်။
ယင်းစီရင်ထုံးမှာ ၁၉၆၆ ခုနှစ်၊ မြန်မာ နိုင်ငံ တရားစီရင်ထုံးများ၊
စာမျက်နှာ ၁၄၉၈ တရားရုံးချုပ် ၁၉၆၅ ခုနှစ် ရာဇ သတ် အယူခံမှုအမှတ် ၃၆၄
မောင်သိန်း ဟန် (အယူခံတရားလို)နှင့် ပြည်ထောင်စု
မြန်မာနိုင်ငံ(အယူခံတရားခံ)စီရင်ထုံး ဖြစ် ပါသည်။ အမှုမှာ အယူခံတရားလို
ဦးသိန်း ဟန်သည် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ နယ် ညောင်ပင်ဘိုရွာတွင်
နေထိုင်သူဖြစ် သည်။ သေသူဒေါ်အုန်းတင်သည် အယူခံ တရားလို၏ နှစ်ဝမ်းကွဲအဒေါ်
ဖြစ်သည်။
၎င်းတို့သည် အိမ်နီးချင်းများဖြစ်ပြီး တစ် အိမ်နှင့် တစ်အိမ်မှာ
ဝင်းထရံသာခြား သည်။ ၁၉၆၅ ခုနှစ် ဧပြီလ ၂၀ ရက်၊ နံနက် ၉ နာရီခန့်တွင်
အယူခံတရားလို သည် ၄င်း၏ ခြံစည်းရိုးအတွင်းဘက်၌ ကပ်လျက်ပေါက်နေသော
ကုက္ကိုပင်ကို လှဲရန် ရဲဒင်းဖြင့် အပင်ရင်းကို ခုတ်စဉ် ဒေါ်အေးတင်က
ထိုကုက္ကိုပင်မှာ ၄င်းစိုက် ထားသော အပင်ဖြစ်၍ မခုတ်ရန်တား သည်။ အယူခံတရား
လိုကလည်း ၄င်း၏ အပင်ဖြစ်ကြောင်းပြော၍ ခုတ်မည်ဟု ပြန်ပြောရာမှအစ
၎င်းတို့နှစ်ဦးစကားများ ကြသည်။ ထို့နောက်ဒေါ်အေးတင်က သက်သေ
သွားခေါ်ဦးမယ်ဟုပြောကာ ထွက်လာရာဒေါ်ငို(လိုပြ-၂)၏အိမ်ရှေ့အရောက်တွင်
အယူခံတရားလိုက ဒေါ်အေးတင်၏ ဦး ခေါင်းကို ရဲတင်းဖြင့် ထုသဖြင့် ဒေါ်အေး တင်သည်
အထုခံရသောနေရာ၌ပင် လဲ ကာ အသက်ထွက်သွားသည်။
ဒေါ်အေးတင်၏ အလောင်းကို ဇီး ကုန်းမြို့ ပြည်သူ့ဆေးရုံသို့ပို့သဖြင့် ဆရာ
ဝန် ဒေါ်ခင်ခင်ကလေး(လိုပြ-၇)က စစ် ဆေးကြည့်ရှုရာ ဦးခေါင်းခွံ ကွဲနေသည့်
စုတ်ပြတ်သည့် ဒဏ်ရာတစ်ချက်၊ လက်ဝဲ ပခုံးအောက် လက်မောင်းတွင် တစ်ချက်
လက်ဝဲဘက် တံတောင်ဆစ်တွင် တစ် ချက်၊ ပေါင်းဒဏ်ရာသုံးချက်တွေ့ရသည်။
ဦးခေါင်းထိပ်တွင် ရရှိသော ဒဏ်ရာ ကြောင့် ဦးနှောက်ထိခိုက်သွားပြီး ထိုဒဏ်
ရာမှာ မုချသေစေမည့်ဒဏ်ရာဖြစ်ကြောင်း ဆရာဝန်က ထင်မြင်ချက်ပေးသည်။
အယူခံတရားလိုသည် အချင်းဖြစ် ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွား ရာ ၁၉၆၅
ခုနှစ် ဇွန်လ ၂ ရက်နေ့မှ ဇီးကုန်းရဲစခန်းသို့ သွားရောက်အဖမ်းခံ သဖြင့်
၎င်းအား ရဲစခန်းကလူသတ်မှုဖြင့် ရုံးတင် တရားစွဲဆိုသည်။
ယင်းအမှုကို သာယာဝတီမြို့ ပထမ အထူး(စက်ရှင်) တရားသူကြီးက ၁၉၆၅ ခုနှစ်
ရာဇဝတ် ကြီးမှုအမှတ် ၁၇ အဖြစ် လက်ခံစစ်ဆေး ပြီး တရားခံအား ရာဇသတ်ပုဒ်မ
၃၀၂(၂) အရ တစ်သက်တစ်ကျွန်းအပြစ်ဒဏ် ကျခံ စေရန် အမိန့်ချမှတ်ခဲ့သည်။
ယင်းအမိန့် ကို တရားခံက မကျေနပ်၍ တရားရုံးချုပ်
သို့ဤအယူခံတင်သွင်းလာခြင်းဖြစ်သည်။
မူလရုံးတွင် အယူခံတရားလိုက ဒေါ် အေးတင်က မိမိအား ကုက္ကိုပင်မလှဲရန်
တားမြစ်သဖြင့် မိမိက ကောင်းကောင်းမွန် မွန်ပြန်ပြောရာ ဒေါ်အေးတင်က မိမိကို
ဆဲရေးသည့်အပြင် လုံချည်လှန်၍ ပုတ်ပြ သောကြောင့် မိမိမှ အကြီးအကျယ်ရှက်ပြီး
ဒေါသထွက်ကာ ရဲတင်းနှင့်ထုမိကြောင်း ထုချေခဲ့သည်။ယင်းထုချေချက်ကိုအောက်
ရုံးတရားသူကြီးက လက်မခံဘဲအပြစ်ပေး ခဲ့ခြင်းဖြစ်သည်။ ယခုအမှုတွင်
အယူခံတရားလိုက ရဲ ဒင်းနှင့် ထုသဖြင့် ဒေါ်အေးတင်သေဆုံးရ သည်ဆိုခြင်းမှာ
ယုံမှားဖွယ်မရှိပေ။ အယူ ခံတရားလိုရဲဒင်းနှင့် ထုသည်ကို အချင်းဖြစ်ပွားစဉ်
အနီးတွင်ရှိကြသည့် မညွန့်ရီ (လိုပြ-၁)နှင့် ဒေါ်ရီ(လိုပြ-၂)တို့မျက်မြင်
ဖြစ်သည်။
အယူခံ တရားလိုကိုယ်တိုင် လည်း ၄င်းက ဒေါ်အေးတင်ကို ရဲတင်းနှင့်
ထုမိကြောင်း ဝန်ခံထားသည်။ သို့ရာတွင် အယူခံတရားလိုက ဒေါ် အေးတင်သည်
ဆဲရေးသည်သာမက ထဘီလှန်ပြီး ၄င်း၏အင်္ဂါကို ပုတ်ပြ
သဖြင့်မိမိကရှက်ဒေါသထွက်ကာရဲတင်းနှင့် ထုမိကြောင်း ထုချေချက်မှာ ရုတ်တရက်
ဒေါသ အကြီးအကျယ်ထွက်အောင် ပြု ခြင်းခံရသဖြင့် မချုပ်တည်းနိုင်အောင်
ဒေါသထွက်ကာ ပြုမူခဲ့ခြင်းဖြစ်၍ လူ သတ်မှု မမြောက်ဘဲ လူသေမှုသာလျှင်
ဖြစ်ပါသည်ဟု ဆိုလိုဟန်ရှိသည်။ အယူခံတရားလို ထုချေသကဲ့သို့ အယူခံ
တရားလိုအနေနှင့် ရုတ်တရက် အကြီးအကျယ်ဒေါသထွက်အောင်ပြုခြင်း ခံရသဖြင့်
မချုပ်တည်းနိုင်အောင် ဒေါသ ထွက်သဖြင့် ဒေါသထွက်အောင်ပြုသူကို သေစေလျှင်
အယူခံတရားလို၏ပြုမူချက် မှာ ရာဇသတ်ပုဒ်မ ၂၉၉ (၂)(က)တွင်
အကျုံးဝင်မည်ဖြစ်ပြီး ၄င်းအား လူသေမှု အရသာ အပြစ်ပေးရမည်ဖြစ်သည်။
ယခုအမှုတွင် ဒေါ်အေးတင်သည် ထဘီလှန်ပြီး ၄င်း၏ အင်္ဂါကိုပုတ်ပြသည် ဆိုသော
အယူခံတရားလို၏ စွပ်စွဲချက်ကို ထောက်ခံသည့် သက်သေထွက်ချက် မရှိ ချေ။
မျက်မြင်သက်သေများ ဖြစ်သည့် မညွန့်ရီနှင့် ဒေါ်ငိုတို့အား ယင်းအချက်ကို
မေးခွန်းထုတ်ထားခြင်း မရှိ၍ နောက်မှ အကြံရသည့်တင်ပြချက်ဖြစ်ကြောင်း ထင်
ရှားသည်။ ဒေါ်ငို၏ ထွက်ဆိုချက်အရ ဒေါ်အေး တင်သည် ကြမ်းကြမ်းတမ်းတမ်း ပြောဆို
တတ်သူဖြစ်သည်။ သက်သေ မညွန့်ရီက လည်း ဒေါ်အေးတင် အော်ကျယ်ဟစ် ကျယ်
ပြောဆိုနေသည်ကို ကြားရကြောင်း ဝန်ခံ ထားသည်။ သို့ဖြစ်ရာ ဒေါ်အေးတင် သည်
အယူခံတရားလိုအား သစ်ပင်ခုတ် သည့် ကိစ္စနှင့်ပတ်သက်၍ ဆဲရေးခဲ့ ကြောင်း
ထင်ရှားသည်ဟု ဆိုရမည်ဖြစ် သည်။
ယင်းသို့ ဆဲရေးကာမျှဖြင့် အယူခံ တရားလိုသည် ရုတ်တရက် အကြီးအ
ကျယ်ဒေါသထွက်အောင်ပြုခြင်းခံရသဖြင့်မချုပ်တည်းနိုင်အောင် ဒေါသထွက်ကာ
ပြုမူရန် အကြောင်း ရှိ မရှိကို ဝေဖန်ရပေ မည်။ လူတစ်ဦး၏ပြုမူချက်သည် တရားခံ
တစ်ဦးအဖို့ မချုပ်တည်းနိုင်အောင် ဒေါသ ထွက်စေခြင်း ရှိမရှိဆိုသော ပြဿနာကို
စဉ်းစားစရာတွင်ထိုပြုမှုချက်သည်သာမန် လူတစ်ဦးအပေါ် ဖြစ်ပေါ်စေမည့်အဖြေကို သာ
မူတည်ရမည်ဖြစ်ပေသည်။ ပြုမူချက် တစ်ခုသည် အလွန် စိတ်တိုစိတ်ဆတ် သော
တရားခံတစ်ဦးအတွက် မချုပ်တီး နိုင်အောင် ဒေါသထွက်စေမည် ဖြစ်သော် လည်း
သာမန်လူတစ်ဦးအဖို့ ဒေါသထွက် လင့်ကစား ချုပ်တည်းနိုင်သော အခြေ အနေရှိပါမူ
ထိုပြုမူချက်သည်မချုပ်တည်း နိုင်အောင်ဒေါသထွက်စေသည်ဟု ဆိုနိုင်
လိမ့်မည်မဟုတ်ပေ။
ဆဲရေးတိုင်းထွာခံရ ခြင်းသည် သာမန် လူတစ်ဦးအတွက် ဒေါသထွက်စေမည့် အပြုအမူ
ဖြစ်သော် လည်း မချုပ်တည်းနိုင်လောက်အောင် ဆိုး ရွားသည့် အပြုအမူဖြစ်သည်ဟု
မဆိုနိုင် ပေ။ ယခုအမှုတွင် အယူခံတရားလိုသည် သစ်ပင်ခုတ်သည့်ကိစ္စနှင့် ပတ်သက်၍
ဒေါ်အေးတင်နှင့် စကားများကြရင်း ဒေါ် အေးတင်က ဆဲရေးသဖြင့်
ရုတ်တရက်အကြီးအကျယ် ဒေါသထွက်အောင် ပြု ခြင်းခံရသည် ဆိုနိုင်သော်လည်း ဆဲရေး
ခြင်းခံရကာမျှဖြင့် မချုပ်တည်းနိုင်အောင် ဒေါသထွက်ခဲ့သည် ဟုမဆိုနိုင်ပေ။
ထို့ပြင် ဒေါ်အေးတင်သည် အယူခံ တရားလို၏အဒေါ်တော်သူဖြစ်၍ အဒေါ် က ဆဲရေးသည်ကို
တူဖြစ်သူက မချုပ် တည်းနိုင်အောင် ဒေါသထွက်အောင် ပြု ခြင်းခံရသည်ဟု
မဆိုသာချေ။
သို့ဖြစ်ရာ အယူခံတရားလို၏ပြုမူချက်မှာ ရာဇသတ် ပုဒ်မ
၂၉၉(၂)(က)ခြွင်းချက်နှင့် အကျုံး မဝင်သဖြင့် အယူခံတရားလိုသည် ရာဇ သတ် ပုဒ်မ
၃၀၂(၂)အရ ပြစ်မှုကျူးလွန်ခဲ့ သည်ဟု အောက်ရုံး၏ယူဆချက်မှာ မှန် ကန်သည်။
အယူခံတရားလိုသည် ဆဲရေးခြင်း ခံရသဖြင့် ဒေါသအလျှောက် ရဲတင်းဖြင့်
ထုမိခြင်းဖြစ်ရာ အယူခံတရားလိုအပေါ် အမြင့်ဆုံး အပြစ်ဒဏ် ချမှတ်ထားသော
အောက်ရုံး၏ အမိန့်မှာ ကြီးလေးလွန်း သည်။ ထို့ကြောင့် အယူခံတရားလိုအပေါ်
ရာဇသတ်ပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်သာကျခံစေဟု အမိန့်
ချမှတ်ပေးခဲ့ပါသည်။ အချုပ်အားဖြင့်ဆိုသော် ရုတ်တရက်
ဒေါသအကြီးအကျယ်ထွက်အောင် ပြုမူခံ ရ၍ လူသေအောင်ပြုမူလျှင် မချုပ်တည်း
နိုင်အောင် ဒေါသထွက်၍ ပြုလုပ်ခြင်း ကြောင့် လူသေစေလျှင် လူသေမှုဖြစ်ပြီး
မချုပ်တည်းနိုင်အောင် ဒေါသထွက်ခြင်း မရှိပါကလူသတ်မှုဖြစ်ပါကြောင်း၊ လူသေ မှု၊
လူသတ်မှုတို့ကို ကြီးလေးသော ပြစ် ဒဏ်များ ချမှတ်သောကြောင့် ကျူးလွန်မိ
ခြင်းမရှိစေရန် မိမိတို့၏ဒေါသများကို ထိန်းသိမ်းသင့်ပါကြောင်းအသိပေးတင်ပြ
အပ်ပါသည်။
အောင်နိုင် (လက်ပံတန်း)
(Credit http://www.yoyarlay.com/book/book/article/28624-2012-07-30-07-56-59)
No comments:
Post a Comment