၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တရားဝင် သားသမီး နှင့် သားသမီး၏ ဇနီး၊
ခင်ပွန်း တို့သည် နိုင်ငံခြားသား ဖြစ်ပါက ဒုတိယ သမ္မတ ဖြစ်ခွင့် မရှိဘဲ
လတ်တလောတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သား
လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယသမ္မတ အဖြစ် စာရင်းသွင်းမှုနှင့်ပတ်သက်၍
အကြောင်းကြားစာ မရရှိသေးကြောင်း ဒုတိယသမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့ဝင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။
“ဒုတိယသမ္မတအဖြစ် ဦးမြင့် ဆွေကို တင်သွင်းတယ်လို့ မကြား မိသေးဘူး။
ကျွန်တော်တို့တောင်မှ ဘယ်သူဆိုတာ မသိသေးဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
မညီရင် တော့ ဒုတိယသမ္မတဖြစ်ခွင့်ရှိမှာ မဟုတ်ဘူး”ဟု ဦးဌေးဦးက Venus News
Weekly ၏ မေးမြန်း ချက်ကို ပြန်လည်ဖြေကြားသည်။ တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ်ဗိုလ်မှူးချုပ်ဝေလင်း ကမူ ဦးမြင့်ဆွေကို တပ်မတော် သား
လွှတ်တော်ကိုယ်စားလှယ် များကဒုတိယသမ္မတအဖြစ်အမည် စာရင်း တင်သွင်းထားကြောင်း
ဇူလိုင် ၁၀ ရက်နေ့က Venus News Weekly သို့ တရားဝင် ပြောဆိုထားပြီးဖြစ်သည်။
အမျိုးသား စီးပွားရေးနှင့်လူမှုရေးအကြံပေးကောင်စီ အဖွဲ့ ဝင် တစ်ဦးကမူ
ဒုတိယသမ္မတ အဖြစ် အမည်စာရင်းတင်သွင်းခံရ သူဦးမြင့်ဆွေတွင်မိသားစုပြဿနာ
အချို့ရှိမည်မှာ သေချာကြောင်း ပြောဆိုသည်။ “ပြဿနာမရှိဘူးဆိုရင် ဒုတိယအဖြစ်
ရွေးကောက်တင်မြှောက် ပြီးတာကြာရောပေါ့”ဟု ၄င်းကဆို သည်။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံတော်သမ္မတနှင့်
ဒုတိယသမ္မတများသည် မိမိကိုယ် တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘ
တစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊
မိမိ ၏ တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏
ဇနီး သို့မ ဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ကျေးဇူးသစ္စာ
တော်ကို ခံယူစောင့်ရှောက် ရိုသေ သူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏
လက်အောက်ခံဖြစ်သူ(သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ များ
မဖြစ်စေရ။
ထိုသူများသည် နိုင်ငံ ခြားအစိုးရ၏ လက်အောက် ခံ ဖြစ်သူသော်
လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်
အရေးများနှင့် ကျေးဇူးခံစားခွင့် များကိုခံစားနိုင်ခွင့်ရှိသူမဖြစ်စေရ” ဟု
ပြဋ္ဌာန်းဖော်ပြထားသည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်
တင်မြှောက်ထားသူဒုတိယသမ္မတ သည် အရည်အချင်း မပြည့်မီပါ က
ပြန်လည်ရွေးချယ်ပေးရမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စား လှယ်များထံမှ
သိရှိရသည်။ဒုတိယသမ္မတနေရာ တာဝန် ထမ်းနေသော သီဟသူရဦးတင် အောင်မြင့်ဦးသည်
ကျန်းမာရေး ချို့ယွင်းနေသဖြင့် ရာထူးတာဝန်များမှ တရားဝင်အနားယူသွားခဲ့
ခြင်းကြောင့် ဒုတိယသမ္မတနေရာ လစ်လပ်လျက်ရှိသည်။
(Credit ရိုးရာလေး)
No comments:
Post a Comment