- 28 Jul 2012 |
- By Good Health
- ယခု အခါ အသက် ၃၁ နှစ် ရှိပြီ ဖြစ် သော အမေရိ ကန် ပြည်ထောင် စု ဝါရှင်
တန်မြို့ မှ စတီဖင်ပီတာ ဆိုသူသည် ရှား ရှားပါးပါး ဗီဇဖောက်ပြန်မှုတစ်ခုဖြင့်
မွေး လာရာ မွေးကတည်းမှ ယခုထိတိုင် နာ ကျင်မှုကို လုံးဝခံစားရခြင်းမရှိပေ။
သူသာ မက ယခုအခါ ကွယ်လွန်သွားပြီဖြစ်သော သူ၏အစ်ကို ခရစ္စတိုဖာသည်လည်း
သူကဲ့သို့ပင် ထိတွေ့မှုကို ခံစားရသော် လည်း နာကျင်မှုအာရုံကို
ခံစားရခြင်းမရှိ ဟုဆိုသည်။ သူတို့တွင် နာကျင်မှုကို လက်ခံသတင်းပို့သည့် Pain
Receptor များ ပါရှိခြင်းမရှိဟု ဆိုသည်။ စတီဖင် သည် ငါးလသားအရွယ်က
သွားကြိတ်ရင်း သူ၏လျှာလေးပုံတစ်ပုံခန့်ကိုပင် ဝါးစားမိ သည်ဟုဆိုသည်။
ငယ်စဉ်က မိဘများ သည် သူ့အား ဆရာဝန်ထံခေါ်သွားခဲ့ရာ ဆရာဝန်က
မီးဖြင့်တို့ခြင်း၊ အပ်များဖြင့် ထိုးခြင်းတို့ ပြုလုပ်ခဲ့သော်လည်း လုံးဝနာ
ကျင်မှုမရှိဟုဆိုသည်။ သူသည် ငယ်စဉ် က ရိုလာစကိတ်စီးရာ ခြေထောက်ကျိုး
သွားပြီး အရိုးငေါထွက်ကာ ဘောင်းဘီ တစ်ခုလုံး သွေးများ ရွှဲနေသော်လည်း
နာကျင်မှုမရှိသောကြောင့် အရိုးကျိုးသည် ကို သတိမပြုမိခဲ့ဟု ဆိုသည်။ သူသည်
နောက်ဆုံးအကြိမ် အရိုးကျိုးစဉ်ကလည်း သူကိုယ်တိုင် သတိမပြုမိဘဲ သူ၏ဇနီးက သာ
သတိပြုမိခဲ့သည်ဟု ဆိုသည်။ သူ သည် ခြေချောင်းရိုး နှစ်ချောင်းကျိုးသွား ကာ
ညိုမည်းရောင်ကိုင်းနေသော်လည်း သတိမပြုမိဘဲ သူ့ဇနီးက အတင်းအဓမ္မ
ဓာတ်မှန်ရိုက်ခိုင်းခဲ့ရသည်ဟုဆိုသည်။
(DM, 19.7.12) NYM
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာရေးရာ၊ ရုပ်ရှင်၊ သီချင်း စသည့်ကဏ္ဍများကို စုံလင်စွာ နေ့စဉ်တင်ပြထားပါသည်။ လာရောက်ကြည့်ရှုအားပေးကြသူများအားလုံးကို ကျေးဇူးတင်ပါသည်။
Monday, 30 July 2012
နာကျင် မှုကို လုံးဝ မခံစား ရသူ ခြေထောက် ကျိုးသည် ကိုပင် မသိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment