သံလွင် ဗီဒီယို ထုတ်လုပ် ရေးရဲ့ စင်တင် မင်းသားသစ် ဇေရဲထက် က အခု ဆိုရင် ဇာတ်ကား ရှစ်ကား ရိုက်ကူးထားပြီး ရိုက်ကူးထားတဲ့ အထဲက ဒါရိုက်တာညီညီထွန်းလွင် ရိုက်တဲ့ "အချစ်ရင်ဘတ်ထဲကြွပါ" ဇာတ်ကားကိုတော့ နယ်ကို စတင် ဖြန့်နေပြီဖြစ်ကြောင်း ပြောပါတယ်။
ကိုယ်သရုပ်ဆောင်ထားတာကို ပရိသတ်တစ်ယောက်အနေနဲ့ ပြန်ကြည့်တဲ့အခါ အားရမှုတော့ မရှိပေမယ့် အသစ်တစ်ယောက် အနေနဲ့ အဆင်ပြေတယ်လို့ ထင်ကြောင်း ဇေရဲထက်က ပြောပါတယ်။ဇာတ်ရုပ်အစုံ သရုပ်ဆောင်ထားပြီး အကောင်းဆုံး ကြိုးစားထားတယ် ဆိုတဲ့အကြောင်း၊ အနုပညာကို ဝါသနာပါတဲ့အတွက် နယ်ကနေ ရောက်လာခဲ့တာ ဖြစ်ပြီး နယ်ကလူဖြစ်တဲ့အတွက် ဒိုင်ယာလော့ခ်တော့ သင်ယူရကြောင်းကို ဇေရဲထက်က "ကျွန်တော် စစချင်းရိုက်တုန်းက ကင်မရာနဲ့တော့ မစိမ်းတော့ဘူး။ အန်တီဇာကြီး (သမီးမြတ်ကျော်) တို့၊ သရဖူက အန်တီချိုတို့က ကင်မရာTest လေး လုပ်ပေးခဲ့တော့ ကင်မရာနဲ့ မစိမ်းဘူး။ နယ်ကလူနဲ့ ရန်ကုန်က လူက ပြောပုံဆိုပုံ မတူဘူး။ ရန်ကုန်က ပုံစံတူအောင်လည်း အကုန်အဆင်ပြေအောင် တစ်ခါတလေ လုပ်ရတယ်" လို့ ပြောပါတယ်။ ဇေရဲထက်ရဲ့ သရုပ်ဆောင်သစ် မိတ်ဆက်ပွဲမှာ ဒါရိုက်တာညီညီထွန်းလွင်က သူ့ရဲ့ အားနည်းချက်တွေကို ဝေဖန် ထောက်ပြခဲ့ပါတယ်။ ဒါရိုက်တာ ညီညီထွန်းလွင်က သားသမီးတစ်ယောက်လို သွန်သင် ဆုံးမ ဝေဖန်တာတွေကိုလည်း သူ့အနေနဲ့ ပြုပြင်နေကြောင်း ဇေရဲထက်က ပြောပါတယ်။ ဇေရဲထက်က အနုပညာလောကထဲကို ၂၀၁၀ က စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ဦးဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်းတက်ပြီး မော်ဒယ်ရှိုးပွဲတွေ လျှောက်ခဲ့ကြောင်း၊ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကိုပဲ ဦးစားပေး လုပ်နေကြောင်းပြောတဲ့ ဇေရဲထက်က သံလွင် ဗီဒီယိုထုတ်လုပ်ရေးနဲ့ ဇာတ်ကားနှစ်ဆယ် စာချုပ်ချုပ်ထားကြောင်း သိရပါတယ်။
ခိုင်ဝေလွင်
(Credit ရိုးရာလေး)
အားပေးပါတယ် အသစ်ပေမယ့် အရမ်းတော်တယ် တချို့အသစ်တွေဆို လိုအပ်ချက်တွေရှိတယ် ကိုဇေက အားလုံးကောင်းပါတယ် ဟန်နီအားပေးနေမယ်နော် အားပေးမှုကိုလက်ခံပေးပါ နော်
ReplyDeleteအသစ်ဆို ပေ မဲ့ သရုပ် ဆောင်တာ အရမ်းကောင်းပါ တယ် ။ ဖြစ်နိုင်ရင် ကို ဇေရဲထက်ရဲ့ ဖုန်းနံပါတ်ပေး နိုင် မလား။ညီမလည်း သရုပ်ဆောင်ဖြစ်ချင်လို့ပါ ။ အခု တော့၈တန်းတက်ရမှာပါ။၁၀တန်းကို ဆရာဝန်အမှတ်နဲ့အောင်မယ်ဆိုရင်ဆရာဝန်ဘဲလုပ်မှာပါ။၁၊၂၊၃ဘဲပါရင်တော့သရုပ်ဆောင်ဘက်ကိုဘဲလှမ်းမှာပါ
ReplyDeleteအကိုဇေရဲထက် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်
ReplyDeleteThis comment has been removed by the author.
ReplyDelete