Tuesday, 31 July 2012

အပျင်းပြေ ရယ်မောနိုင်ကြစေဖို့...



ဂျပန် ဒိုင်ဝါ အုပ်စု ဒေါ်လာသန်း ၃၈၀ ရင်းနှီးမြှုပ်နှံမည်


ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေး အဖွဲ့အစည်း တစ်ခု ဖြစ်သော Daiwa Securities Group သည် မြန်မာ အစိုးရအတွက် သတင်း အချက်အလက်နှင့် နည်းပညာ ဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာသန်း ၃၈၀ ခန့် ရင်းနှီး မြှုပ်နှံသွားရန် ရှိနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ဒိုင်ဝါအုပ်စု ကုမ္ပဏီသည် မြန်မာနှင့် ယခင်ကပင် ချိတ်ဆက်မှုများ ရှိခဲ့ပြီး မြန်မာနိုင်ငံတွင်း၌လည်း စတော့အိတ်ချိန်းတစ်ခု တည်ထောင်ပေးရန်အတွက် နည်းပညာပိုင်း အကူအညီပေးရန် ရွေးချယ်ခံထားရသည်။
ယခု အင်တာနက်ကျောရိုး backbone တစ်ခု တည်ဆောက်မည့် စီမံကိန်းတွင် နာမည်ကျော် ဂျပန် နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်သော Panasonic၊ Toshiba၊ Hitachi၊ NEC နှင့် KDDI တို့ကလည်း နည်းပညာနှင့် ဝန်ဆောင်မှုပိုင်း ပါဝင်ကူညီ ထောက်ပံ့ရန် စိတ်ဝင်စားကြောင်း ဒိုင်ဝါ သုတေသန အင်စတီကျုဒ်၌ ဥက္ကဋ္ဌ တာကာရှီဖူကိုင်းက ပြောသည်။ ရိုက်တာသတင်းနှင့် အင်တာဗျူးတွင် “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီအားလုံး ပါဝင်တဲ့ နည်းလမ်းနဲ့ (ရင်းနှီးမြှုပ်နှံမှု) လုပ်ဆောင်သွားတော့မှာပါ” ဟု ၎င်းက ပြောသည်။ သို့သော် မိတ်ဖက် ကုမ္ပဏီများအဖြစ် ပါဝင်ပူးပေါင်းရန် စိတ်ဝင်စားနေသည်ဟု ဖော်ပြခဲ့သော ကုမ္ပဏီများကမူ ယခုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။ ဒိုင်ဝါ၏ ယခုစီမံကိန်းသည် နိုင်ငံတွင်းရှိ အစိုးရဝန်ကြီးဌာန အားလုံးနှင့် ကျောင်းများ၊ ဆေးရုံများ အားလုံးကို cloud computing နည်းပညာဖြင့် ကွန်ရက် ချိတ်ဆက်နိုင်စေမည် ဖြစ်ပြီး ယင်းကွန်ပျူတာ နည်းပညာမှာ အစဉ်အလာအတိုင်း အသုံးပြုသော ဆာဗာအခြေခံ server-based systems စနစ်များထက် ပိုမိုမြန်ဆန်ကာ စရိတ်သက်သာစေမည် ဖြစ်သည်။
မစ္စတာဖူကိုင်းက “cloud နည်းပညာ အခြေပြု ကွန်ရက်စနစ်ဟာ ကုန်ကျစရိတ် ယန်း ၃၀ ဘီလီယံ ရှိမယ်လို့ မျှော်လင့်ရပြီး ဗဟိုဘဏ်ရဲ့ နေပြည်တော်ဌာနချုပ်၊ ရန်ကုန်ဌာနခွဲနဲ့ မန္တလေးဌာနခွဲတွေမှာ စတင် လုပ်ကိုင်သွားမှာပါ” ဟု ပြောသည်။ ဒိုင်ဝါအုပ်စု၏ ယခု ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းတစ်ခု စတင် ဖော်ဆောင်ရန် သဘောတူညီချက် ရအပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် ဒုတိယမြောက် မဟာဗျူဟာ စီမံကိန်းလည်း ဖြစ်သည်။ ယခုအခါ Fujitsu နှင့် NTTData ကုမ္ပဏီများကလည်း ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ရန်ပုံငွေဖြင့် မတည် ဆောင်ရွက်နေသော မြန်မာ့ဘဏ် အချင်းချင်း ချိတ်ဆက်မှု ကွန်ရက်စနစ် intrabank settlement system ကို စတင် လေ့လာနေသည်။ မစ္စတာဖူကိုင်းက မြန်မာ့စတော့အိတ်ချိန်းကို လုပ်ငန်း အပြည့်အဝ လည်ပတ်သော ကုန်သွယ်ရေး ဗဟိုဌာနတစ်ခု အဖြစ်သို့ ရောက်ရှိအောင် ယန်းနှစ်ဘီလီယံခန့် အကုန်အကျခံ ဆောင်ရွက်ရမည်ဟု ဆိုသည်။ အဆိုပါ စတော့အိတ်ချိန်းကို ၂၀၁၅ တွင် လည်ပတ်နိုင်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
ဒိုင်ဝါသည် စတော့အိတ်ချိန်းတွင် ပါဝင်ရန်အတွက် မြန်မာကုမ္ပဏီ ၂၀ ကျော်ခန့်ကို ချဉ်းကပ်နေပြီး ယင်းတွင် ဓာတ်ငွေ့ကုမ္ပဏီတစ်ခု၊ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုနှင့် စိုက်ပျိုးရေးလုပ်ငန်း တစ်ခုတို့ ပါဝင်သည်။ မစ္စတာဖူကိုင်းက ယင်းအိတ်ချိန်းတွင် ၂၀၂၀ ပြည့်နှစ် အရောက်၌ ကုမ္ပဏီပေါင်း ၁၈၀ မှ ၃၀၀ ခန့် ပါဝင်လာမည်ဟု ခန့်မှန်းထားပြီး ထိုကာလတွင် စီမံကိန်းမှ အကြမ်းဖျင်း အမြတ်ငွေ ယန်းတစ်ဘီလီယံခန့် ပြန်ရမည်ဟု ဆိုသည်။ ဒိုင်ဝါအုပ်စုသည် လာမည့် အောက်တိုဘာလမှ စ၍ မြန်မာနိုင်ငံရှိ ဆော့ဖ်ဝဲကုမ္ပဏီ ACE Data Systems နှင့် ပူးပေါင်းကာ ဖက်စပ် ကုမ္ပဏီတစ်ခု တည်ထောင်ရန်လည်း စီစဉ်ထားသည်။ ACE ကုမ္ပဏီမှာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးသိန်းဦး တည်ထောင်ထားခြင်း ဖြစ်ပြီး ၎င်း၏ ဆက်သွယ်ပေးမှုများကြောင့် ဒိုင်ဝါအုပ်စုသည် မြန်မာနိုင်ငံတွင်း လုပ်ငန်းများ လာရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref:Reuters

ပြည်ပ စွက်ဖက် မှုများကြောင့် အခက်ကြုံ ဟု မြန်မာ မွတ်စလင်များ အဖွဲ့ ထုတ်ပြန်


ပြည်ပ နိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့် အခါ မြန်မာ နိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။
အီရန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ ကိစ္စအပေါ် ကုလသမဂ္ဂတပ်များ စေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါကြောင်း၊ ထိုနည်းတူ ဟစ်ဘိုလာ အဖွဲ့သည်လည်း အီရန်နိုင်ငံ၏ နောက်မှ သံယောင် မလိုက်သင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံ အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် ရန်လိုသော သဘောထားများ မထားသင့်ကြောင်း၊ တာလီဘန် အဖွဲ့ အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု လုပ်ခွင့်မရှိကြောင်း ယင်းအဖွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များ၏ တာဝန်လည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာပါက အသက်ပေး ကာကွယ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သက်တမ်း နုနယ်လှသေးသော မြန်မာ့ ဒီမိုကရေစီစနစ် တိုးတက်ရာ တိုးတက်ကြောင်း အတွက် လည်းကောင်း၊ ဖွံ့ဖြိုးမှု နိမ့်ကျနေသော နိုင်ငံတော် လျင်လျင်မြန်မြန် ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက် လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်း အကူအညီ ပေးကြပါရန် မြန်မာမွတ်စလင်များအဖွဲက မေတ္တာရပ်ခံ ပန်ကြားလိုက်ပြီး အစ္စလာမ် သာသနာတော်၏ အဆုံးအမများနှင့် ကိုက်ညီမှု မရှိသော၊ နိုင်ငံတကာမှ လက်မခံနိုင်သော၊ ပြည်ထောင်စု မြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာမရွေး က လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှား ထုတ်ပြန်ခြင်း၊ သတင်းမှန်ကို ချဲ့ကား ဝါဒဖြန့်ခြင်း၊ နိုင်ငံတော်၊ နိုင်ငံတော်အလံနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများအား စော်ကားမော်ကား ပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန်လည်း အထက်ပါ အဖွဲ့က ထည့်သွင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ရခိုင်လူမျိုး ၃၁ ဦး ဘင်္ဂါလီလူမျိုး ၄၆ ဦး ဖြစ်ကာ စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန် လိုက်ပြီး ဒုက္ခသည် အရေအတွက်မှာ ရခိုင် တိုင်းရင်းသားလူမျိုး ၂၄၂၁၅ ဦး၊ ဘင်္ဂါလီလူမျိုး ၂၈၀၁၂ ဦး တို့ ဖြစ်ပြီး စုစုပေါင်း ၅၂၂၂၇ ဦး ရှိခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးက ယနေ့ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရန် တောင်းဆိုခြင်း ပြည်ထောင်စု ၀န်ကြီး ငြင်းပယ်


ရခိုင်ပြည်နယ် တွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ် ဆက်ဆံမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ စုံစမ်း စစ်ဆေး မှုပြုရန် တောင်းဆိုခြင်းအား နိုင်ငံတော် အစိုးရ အနေဖြင့် လက်ခံဖွယ်မရှိဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။
နိုင်ငံတော် အစိုးရက ဘယ်လို ဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအကျမသိဘူးလေ။ ဒါပေမယ့်ခင်ဗျား စဉ်းစားကြည့်ပါ။ ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်း မှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပဲ၊ ဒါဟာဒေသတွင်း ကိစ္စလေ၊ နိုင်ငံတကာအရေးမှ မဟုတ် တာ၊ ဖြေရှင်းချင်ရင် Bilitral (မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား) ဖြေ ရှင်းရမှာလေ၊ ဒါကိုနိုင်ငံတကာအရေးလို စုံစမ်းစစ်ဆေးမှုပြု ပါလို့ တောင်းဆို လာရင်တော့ ကျွန်တော်ထင်တယ် နိုင်ငံတော်အစိုးရက လက်ခံမှာ မဟုတ် ဘူးဟု ၄င်းကပြောသည်။
ရခိုင်အရေးနှင့် ပတ်သက်၍ ယနေ့နေ့လည် (၁) နာရီတွင် ယခင် နိုင်ငံခြားရေးဝန်ကြီး ရုံးဟောင်း၌ လ၀ကပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဦးစီး၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။


၂၀၁၄ မြန်မာ တစ်နိုင်ငံလုံး သန်းခေါင် စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည် မဟုတ်


၂၀၁၄ မြန်မာ တစ်နိုင်ငံလုံး သန်းခေါင် စာရင်းကောက်ယူ မှုတွင် ရိုဟင်ဂျာ ပါမည် မဟုတ်ဟု လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ယနေ့ နိုင် ငံခြားရေး ၀န်ကြီးရုံးဟောင်းတွင် ရခိုင် အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ အပြင် ဘင်္ဂလားဒေရှ် သံ အမတ်ကြီး၏ “ရိုးဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက ရိုဟင်ဂျာများမှာ ပထမအင်္ဂလိပ်ကျူးကျော်စစ်ပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံသို့  ရောက်ရှိ လာခဲ့ခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တရားဝင်ငြင်းဆို လိုက်သည်။


Popular News

ပသီ ဆရာတော်ကြီးဘဒ္ဒ န္တဂန္ဓသာရ၏ သာသနာ ပြုလုပ်ငန်း များတွင် ပါဝင် လှူဒါန်းနိုင် ကြပြီ

ရန်ကုန် တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ထန်းတပင် မြို့အနီး အောင်တက် စိန်ဘုရားကြီး ကျောင်းတိုက် တွင်သာသနာပြုလုပ်ငန်းများဆောင် ရွက်လျက်ရှိသော ကျေးဇူးတော် ရှင်သက်တော်ရှည်ပသီဆရာတော် ဘုရားကြီး၏သာသနာပြုလုပ်ငန်း များတွင် ပါဝင်လှူဒါန်းလိုသော အလှူရှင်များသည် The First Music News ဂျာနယ် အမှတ် (၂၅၁)၊ ဒုထပ်-ယာ၊ ၃၇ လမ်း (အထက်)၊ကျောက်တံတားမြို့နယ် တွင် လာရောက်လှူဒါန်းနိုင်ကြပါ သည်။ အလှူရှင်များအား The First Music News ဂျာနယ်တွင် သတင်းများ ထည့်သွင်းဖော်ပြပေး သွားမည်ဖြစ်ပါသည်။ 
 
၁။ဦးအောင်စိုးသူ 
(အယ်ဒီတာချုပ်၊ The First Music News ဂျာနယ်) 
 ဖုန်း ဝ၁-၃၇၈၀၉၀ ဝ၉-၅၄၀-ဝ၃၃၉




(Creidt ရိုးရာလေး) 

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် CNA ရုပ်သံတွေ့ဆုံမေးမြန်းခြင်း (CNA)

ဇူလိုင် ၃၁၊ ၂၀၁၂


by Yangon Media Group  

ရန်ကုန်မီဒီယာဂရု(ပ်) သတင်းအဖွဲ့ ရိုက်ကွင်းတွင်မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။
CNA - ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ ဃဗြသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ ဃဗြသတင်းဌာနအနေနဲ့ ကျွန်မအပါအ၀င် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အထူးသဖြင့် နိုင်ငံတော်သမ္မတကြီးတို့လို  ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိတွေ့ပြီး သတင်းရယူထုတ်လွှင့်နိုင်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မတို့များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လဲ ဒီသတင်းဌာနနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံအင်တာဗျူးလုပ်တာပါပဲ။ မေးမယ့်မေးခွန်းတွေကိုလဲ ကြိုပြီးတော့ရထားပါတယ်။ ကျွန်တော်လဲ အတတ်နိုင် ဆုံးကြိုးစားပြီးဖြေပေး ပါ့မယ်။
CNA - သမ္မတကြီးအနေနဲ့ ဒီခရီးစဉ်အတွင်းမှာ အစီအစဉ်က အင်မတန်မှကြပ်တယ်ဆိုတာနားလည်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ မေးခွန်းတွေကို တိုတိုတုတ်တုတ်နဲ့ မေးမြန်းသွားဖို့ အတတ်နိုင်ဆုံးဆောင်ရွက် သွားပါမယ်။ ကျွန်မတို့အင်တာဗျူးမတိုင်ခင် သတင်းသမားတွေ ပြင်ဆင်မှုလုပ်နေပါတယ်။ ကျွန်မရဲ့မိသားစုက အိန္ဒိယနိုင်ငံကိုကတ္တားကပါ။ ကျွန်မတို့အဖိုးတွေလက်ထက် ၁၉၃၀ခုနှစ်လောက်တုန်းက ကျွန်မအဖိုးက မြန်မာနိုင်ငံရန်ကုန်မြို့မှာစီးပွားရေးလုပ်ခဲ့ ပါတယ်။ ကိုကတ္တားက ပြည်သူတွေကလဲ မြန်မာနိုင်ငံနဲ့သိကျွမ်းနေကြပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ဒါဆိုရင်လဲကျွန်တော်တို့နဲ့ ဆွေမျိုးတွေပေါ့။
CNA - ကျွန်မရဲ့အဖေက ၁၉၅၀-၆၀လောက်မှာ ဒါဂျီလင်မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံက ဒါဂျီလင်မှာ လာရောက်ပညာသင်ကြားနေတဲ့ မြန်မာတွေနဲ့ရင်းနှီးခဲ့ပါတယ်။ ဒါကြောင့်မိုလို့ ယဉ်ကျေးမှုအရ ကျွန်မတို့ နှစ်နိုင်ငံက တော်တော်နီးစပ်ပါတယ်။
ဒါကြောင့် သမ္မတကြီးနဲ့ အခုလိုအင်တာဗျူးခွင့်ရတဲ့အတွက် သူတို့အနေနဲ့အင်မတန်မှ ၀မ်းသာနေကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ထင်တယ်။ ခင်ဗျားအဖေရဲ့သူငယ်ချင်းတွေ မြန်မာနိုင်ငံမှာ အခုထိရှိနေဦးမယ်ထင်ပါတယ်။ ကျွန်တော်ထင်တာက ရုပ်ရှင်မင်းသားဦးညွှန့်ဝင်းတို့နဲ့ အတူတူလောက်ရှိမယ်ထင်တယ်။ ဦးညွှန့်ဝင်းအသက်ဆို ၆၀ကျော် ၇၀နီးပါးလောက်ရှိမယ်ထင်တယ်။

CNA - ကျွန်မရဲ့အဖေက ဦးညွှန့်ဝင်းထက်အသက်နည်းနည်းပိုကြီးမယ်ထင်ပါတယ်။ ဦးညွှန့်ဝင်းက ကျွန်မအဖေထက်အသက်ငယ်တော့ နည်းနည်းဂျူနီယာပိုကျမယ်ထင်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ဒါဂျီလင်မှာ ကျောင်းတက်တဲ့သူတွေ ကျွန်တော်တို့ဆီမှာတော်တော်များများရှိပါတယ်။ ကျွန်တော်တို့နဲ့အတူတူ ဗိုလ်လောင်းသင်တန်းတက်တဲ့သူတွေထဲမှာ ဒါဂျီလင်ကျောင်းဆင်းတွေတော် တော်များများရှိပါ တယ်။
CNA - ကျွန်မအဖေကျောင်းတက်တဲ့ ဒါဂျီလင်မြို့ကိုရောက်ဖူးပါတယ်။ ဒါဂျီလင်က တော်တော်လေးလှတဲ့မြို့ပါ။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားအဖိုးနေခဲ့တဲ့မြန်မာနိုင်ငံကို ခင်ဗျားတို့ဆွေမျိုးသားချင်းတွေခေါ်လာပြီး လာလည်ပေါ့။
CNA - နိုင်ငံတော်သမ္မတကြီးကို ပြုပြင်ပြောင်းလဲရေးသမား၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေတဲ့သူလို့ အများကပြောကြပါတယ်။ ဒီလိုသုံးသပ်မှုကိုဘယ်လိုမြင်ပါသလဲ။ ဒီလိုသုံးသပ်တာကမှန်ပါသလား။ သမ္မတကြီးရဲ့အမြင်လေးကိုသိ ရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပြုပြင်ပြောင်းလဲရေးကိစ္စက တကယ်တော့ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ စနစ်ကလဲပြောင်းလာပြီ။ စနစ်ပြောင်းလာတဲ့အတွက်ပြည်သူလူထုက နိုင်ငံရေးအရပြုပြင် ပြောင်းလဲမှုတွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ စီးပွားရေးအရပြုပြင်ပြောင်းလဲမှုတွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့သဘောပဲဖြစ်ပါတယ်။ ဘာကြောင့်ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်လျောပေးရသလဲဆိုရင် ကျွန်တော်တို့က  ပြည်သူလူထုကရွေးချယ်ထားတဲ့ အစိုးရဖြစ်နေပါတယ်။ စနစ်ကလဲပြောင်းသွားပါပြီ။ ဒါကြောင့်ပြည်သူလူထုက ရွေးချယ်ထားတဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။
CNA - နိုင်ငံတော်သမ္မတကြီးက မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသမှာမွေးဖွားခဲ့တယ်လို့သိရပါတယ်။ တချို့ကလဲပြောနေကြပါတယ်။ သတင်းတစ်ခုကပေါ့။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ၂၀၀၈ခုနှစ်မှာဖြစ်ခဲ့တဲ့ နာဂစ်ဆိုင် ကလုန်းမုန်တိုင်းဖြစ်ပြီး တော့ ဒီဒေသကိုသွားရောက်ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေ  ဒုက္ခဆင်းရဲရောက်နေတာကို မျက်မြင်ကိုယ်တွေ့တွေ့ပြီး နိုင်ငံတော်ကို အခုလျှောက်လှမ်းနေတဲ့ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို လုပ်ရမယ်ဆိုတဲ့ အမြင်ပြောင်းလာ တယ်လို့ပြောပါတယ်။ ဒါကိုရော သမ္မတကြီးအမြင်အနေနဲ့ပေါ့။ အဲဒါမှန်ပါသလား။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော့်ကို ဧရာဝတီတိုင်းက သာမန်မိဘနှစ်ပါးကမွေးဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ဇာတိဖြစ်ပါတယ်။ နောက်၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ကြုံ တွေ့ရတဲ့အခါမှာ ကျွန်တော်ကလဲ ဒီဒေသကို ပြန်လည်ထူထောင်ပေးဖို့အတွက်၊ ကယ်ဆယ်ရေးတွေလုပ်ပေးဖို့အတွက် တာဝန်ရှိတဲ့ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပါတယ်။ တာဝန်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီဒေ သကို ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးရတာလဲပါပါတယ်။ နောက်ကိုယ့်ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့လုပ်ပေးချင်တဲ့ဆန္ဒဖြစ်မိပါတယ်။ သို့သော်လဲ ဒီပြုပြင်ပြောင်းလဲရေးလုပ်တာမှာ ဒီကိစ္စတစ်ခုထဲကြောင့်တော့မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးကို ကျွန်တော်တို့ရောက်ရှိပါတယ်။ ပြည်သူများနဲ့လဲထိတွေ့ပါတယ်။ အဲဒီလို ပြည်သူတွေနဲ့ထိတွေ့တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ရောက်ရှိဖူးတယ်။ ဒီအတွေ့အကြုံတွေအရ ဒီအချိန်မှာတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့လိုအပ်တယ်ဆိုပြီးတော့ အားလုံးအတွက် ဒီလိုလုပ်တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့အတွေ့အကြုံတစ်ခုထဲနဲ့မဟုတ်ပါဘူး။ ကျွန်တော်ကဧရာဝတီတိုင်းသားမှန်ပါတယ်။ နာဂစ်ဖြစ်တဲ့အချိန်တုန်း က ကျွန်တော်က ၀န်ကြီးချုပ်တာဝန်ယူထားရပါတယ်။ ၀န်ကြီးချုပ်ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသရဲ့ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေကို ဆောင်ရွက်ပေးဖို့တာဝန်ရှိပါတယ်။ ဒီတာဝန်အရလဲဆောင်ရွက်ရ တာဖြစ်ပါတယ်။ သို့သော်လဲဒီပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အခါမှာ ဧရာဝတီတိုင်းတစ်တိုင်းထဲရဲ့အတွေ့အကြုံကြောင့်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကိုရောက်ဖူးပါတယ်။ တစ်နိုင်ငံလုံးကိုသွားလာနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အလွှာအသီးသီးနဲ့ထိတွေ့မှုကျွန်တော့်မှာရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးရဲ့လိုအပ်ချက်တွေကိုကြည့်ပြီးတော့မှ ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်တာမှန်ပါတယ်။ ဧရာဝတီတိုင်းတစ်တိုင်းထဲကြောင့်မဟုတ်ပါဘူး။
CNA - ကျွန်မမြန်မာနိုင်ငံမှာရှိတဲ့ ပူတာအိုဒေသကိုသွားချင်ပါတယ်။ အဲဒီမှာ နှင်းဖုံးနေတဲ့တောင်တွေလဲရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်ကျွန်မအနေနဲ့ လာမယ့်လ မကြာမီအတွင်းမှာ ကျွန်မတွေ့ခဲ့တဲ့ ဟိုတယ်/ခရီးကတာဝန်ရှိသူတွေနဲ့၊ ကျွန်မရဲ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေခေါ်ပြီး ပူတာအိုဒေသကို သွားရောက်ဖို့မျှော်လင့်ထားပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုဆိုရင်တော့ ကျွန်တော်တို့က တော်တော်လေးစဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူတာအိုက ကချင်ပြည်နယ်ထဲမှာပါလို့ပါ။ လောလောဆယ်ကချင်ပြည်နယ်ထဲက လူမျိုးစု လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ အပြည့်အ၀မရသေးပါဘူး။ မရသေးတဲ့အတွက် လုံ ခြုံမှုအတွက်စိုးရိမ်ရပါတယ်။ ငြိမ်းချမ်းမှုရလာတဲ့အခါ ကျွန်တော်ဖိတ်ပေးပါ့မယ်။ သို့သော်လဲ သာမန်ပြည်သူတွေ အနေနဲ့ကတော့သွားလို့ရပါတယ်။ ပူတာအိုမှာလေယာဉ်ကွင်းလဲရှိပါတယ်။ ပူတာအိုရောက်လို့ရှိရင် ရေခဲတောင်တွေ ဟိုမှာလှမ်းတွေ့ရပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် ရေခဲတောင်တွေရှိတာ ကျွန်တော်တို့တစ်နိုင်ငံထဲရှိပါတယ်။
CNA - ဒါဂျီလင်ကိုခရီးသွားတဲ့အခါမှာ မြင့်တဲ့အတွက်ကြောင့်မို့လို့နေရတာ အသက်ရှုရတာအခက်အခဲရှိပါတယ်။ ပူတာအိုကရော အမြင့်ဘယ်လောက်လောက်များရှိပါသလဲ။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုက ပေ၁၅၀၀ လောက်ပဲရှိမယ်ထင်ပါတယ်။

CNA - မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးပါပြီ။ ဆက်လက်ပြီးတော့ ထိတွေ့ဆက်ဆံမှုတွေတွေ့နေ့ရပါတယ်။ ဒီလိုထိတွေ့ဆက်ဆံတဲ့အခါမှာ နိုင်ငံ တော် သမ္မတကြီးရဲ့ခံစားမှုရယ်။ နောက်ဒီလိုတွေ့တဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးနဲ့ သူနဲ့ဘယ်လိုအချက်တွေမှာ တူညီမှုရှိပြီးတော့ ဘယ်လိုအချက်တွေမှာ သဘောထားကွဲလွဲမှုတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ သိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဆုံးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင်ယူပေးတဲ့ national hero ပေါ့။ သူရဲ့သမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ဖြစ်တဲ့အတွက် အစကတည်းက ဂုဏ်ယူတဲ့စိတ်ရှိနေပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအပိုင်းတွေမှာ သူနဲ့တပ်မတော်အစိုးရက အုပ်ချုပ်တဲ့ အစိုးရပိုင်းနဲ့က ဆန့်ကျင်ဘက်တွေရှိပါတယ်။ ပြောရမယ်ဆိုရင် နှစ်ပေါင်း၂၀ကျော်လောက်က တစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းဆန့်ကျင်နေတဲ့သဘောရှိပါတယ်။ သို့သော်လဲပဲ သူကလဲ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုကျွန်တော်တို့က ဒီမိုကရေစီစနစ်ကိုပြောင်းလဲ ဖို့ကျင့်သုံးလိုက်တဲ့အခါမှာ သူနဲ့ပူးပေါင်းပြီးဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ပူးပေါင်းပြီးဆောင်ရွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်ပြီးတော့ သူ့ကိုနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဒါတွေကျွန်တော်တို့ဆောင်ရွက်ပေးတယ်။ပေးပြီးတော့မှ သူနဲ့ကျွန်တော်တို့တွေ့တယ်။ တွေ့ပြီးတော့မှ သူနဲ့ကျွန်တော်တို့ တူညီတဲ့အချက်တွေ၊ တူညီတဲ့အချက်တွေဆိုတာ မြန်မာနိုင်ငံကို ခုနကလို ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတွေတိုးတက်အောင်၊  နိုင်ငံရေးတွေတည်ငြိမ်အောင် ဒီလိုလုပ်မယ့်အချက်တွေ ဘုံတူညီတဲ့အချက်တွေကို လက်တွဲပြီးတော့ လုပ်ကြရအောင်ဆိုပြီးတော့ ညှိကြပြုကြတဲ့အခါမှာ သူလဲသဘောတူပါတယ်။ သို့သော်လဲတစ်ချို့ကွဲပြားခြားနားတဲ့အချက်တွေတော့ရှိမှာပါ။ ဒါတွေကိုတော့ဘေး မှာအသာဖယ်ထားပြီးတော့ သူနဲ့ခုနကလို မြန်မာနိုင်ငံဘုံအကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိစ္စ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စ ဒီကိစ္စတွေကို အတူတကွပူးပေါင်းလက်တွဲလုပ်ဖို့ ဒီလိုသဘောတူညီချက်တွေရခဲ့ပါတယ်။ခုနမေးခွန်းထဲမှာ မတူညီတဲ့အချက်တွေ၊ မတူညီတဲ့အချက်တွေကတော့ သိပ်အထွေအထူးတော့မရှိပါဘူး။ မတူတာကတော့ ကျွန်တော်တို့က နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ပိတ်ဆို့တားဆီးထားတာတွေကို ကျွန်တော်တို့ကဖြေလျော့ပေးစေချင်တယ်။ လုံးဝရုတ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့တွေ့တဲ့အထဲမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ချက်ခြင်းမလာဖို့ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်။ သို့သော်လဲ ဒါတွေကညှိနှိုင်းယူလို့ရတဲ့ကိစ္စတွေဖြစ်ပါတယ်။
CNA - တပ်မတော်ထဲမှာလဲ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့အဖွဲ့တွေရှိသလို ရှေးရိုးစွဲနေတဲ့အဖွဲ့အစည်းတွေရှိနေတယ်လို့သိရပါတယ်။ ဒါ့အတူဒေါ်အောင်ဆန်းစုကြည်ဘက်မှာလဲ စံနှုန်းတွေကိုအလေးထားတဲ့သူတွေရှိသလို လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်သမ္မတကြီးအကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးကိုလိုလားတယ်ဆိုရင် ဒီလိုသဘောထားမတူတဲ့အဖွဲ့နှစ်ခုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ သမ္မတကြီးအနေ နဲ့လုပ်နိုင်မလား။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ဘက်အုပ်စုနှစ်စုကို အောင်မြင်စွာထိန်းသိမ်းဆောင်ရွက်သွားနိုင်မလားဆိုတာ သိရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲပုဂ္ဂိုလ်တွေလဲရှိပါတယ်။ နောက်ပြီးတော့ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလဲရှိပါတယ်။ တပ်မတော်ထဲမှာလဲ အလားတူရှိမှာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ရဲ့အစိုးရအဖွဲ့ထဲမှာလဲ ရှိမှာဖြစ်ပါတယ်။ ဒီဟာတွေက တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာမူတည်တာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြသွားရင်းနဲ့ ဆန့်ကျင်သဘောထားအမြင်ရှိတဲ့သူတွေ နောက်ကအလိုလိုလိုက် ပါလာမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ဒီလိုပဲယုံကြည်ထားပါတယ်။
CNA - ကုလသမဂ္ဂအနေနဲ့မြန်မာနိုင်ငံရဲ့အမည်ကို တရားဝင်မြန်မာလို့ခေါ်ဝေါ်သုံးစွဲနေပါတယ်။ တချို့ကလဲအရင်ကတည်းကခေါ်ဝေါ်တာကိုစွဲပြီးတော့ Burmaလို့ ခေါ်ဝေါ်သုံးစွဲတာရှိနေသေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ရဲ့အမြင်ပြောမယ်ဆိုရင် ဥပမာ ခင်ဗျားရဲ့နာမည်ရှိပါတယ်။ ခင်ဗျားနာမည်မခေါ်ပဲနဲ့ တခြားနာမည်ခေါ်ရင်စိတ်ထဲဘယ်လိုရှိမလဲ။ ကျွန်တော်တို့လဲဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံဆိုပြီး သတ်မှတ်ထားတယ်။ တခြားနာမည်ခေါ်ရင်တော့ စိတ်ထဲမှာတော့မကြိုက်ဘူးပေါ့။ မကောင်းဘူးပေါ့။
CNA - မြန်မာနိုင်ငံက သဘာဝပေါကြယ်ဝတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အများကပြောကြတာကတော့ မြန်မာနိုင်ငံက သဘာဝရင်းမြစ်တွေကို တန်ဘိုးမြှင့်ထုတ်လုပ်ရောင်းချတာသိပ်ပြီးတော့ဆောင်ရွက်ခြင်းမရှိပဲနဲ့ သဘာဝရင်းမြစ်လုပ်ငန်း တွေကို ပိုပြီးတော့ထုတ်လုပ်ရောင်းချနေတာကိုတွေ့ရပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ပေါ့ ဘယ်နယ်ပယ်၊ ဘယ်ကဏ္ဍကိုပိုပြီးတော့ အလေးပေးဆောင်ရွက်နေလဲဆိုတာသိ လိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဆုံးအနေနဲ့ သဘာဝဓာတ်ငွေ့တွေကို ကုန်ကြမ်းအတိုင်းထုတ်ရောင်းနေရတာက ငွေကြေးအခြေအနေကြောင့် ငွေကြေးပြသနာကြောင့် ထုတ်ပြီးတော့ရောင်းနေရတာဖြစ်ပါတယ်။ အနာဂတ်မှာသဘာ ၀ဓာတ်ငွေ့တွေကိုသုံးပြီး စက်ရုံအလုပ်ရုံတွေတည်ဆောက်ဖို့ရှိပါတယ်။ ဥပမာလျှပ်စစ်ထုတ်တဲ့ ဂက်စ်တာဘိုင်တွေလုပ်ဖို့ရှိတယ်။ ဓာတ်မြေသြဇာစက်ရုံတွေ၊ ဘိလပ်မြေစက်ရုံတွေလုပ်ဖို့ရှိတယ်။Down Stream စက်ရုံတွေတည်ပြီးတော့ဓာတ် ငွေ့တွေကိုအသုံးချသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပထမမေးခွန်းပါ။ စီးပွားရေးမှာ ဘယ်ဝန်ကြီးဌာနတွေကို ပိုပြီးတော့အလေးထားသလဲဆိုရင် စီးပွားရေးမှာ ကျွန်တော်တို့ရည်မှန်းချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံသူနိုင်ငံ သားတွေ စားရေး၊၀တ်ရေးနဲ့ပတ်သက်လို့ ပြည့်စုံဖူလုံဖို့၊ နောင်တိုးလာမယ့်လူဦးရေအတွက် ပြည့်စုံဖူလုံစွာစားနိုင်ဖို့အတွက် အထူးသဖြင့် ကျွန်တော်တို့ရဲ့လယ်ယာကဏ္ဍပါပဲ။ စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့ပါတယ်။ လယ်ယာကဏ္ဍကို ပြုပြင် ပြောင်းလဲပြီးတော့မှ လက်ရှိထွက်ရှိတဲ့နှုန်းထားတွေနဲ့ ပိုမိုပြီးတော့ထွက်ရှိအောင်ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကလဲ အရေးကြီးတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ ဒုတိယအချက်ကတော့တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုနိုင်ငံအဖြစ်ကိုသွားဖို့အတွက် ကျွန်တော်တို့ရည်မှန်းထားပါတယ်။စက်မှုနိုင်ငံအဖြစ်သွားဖို့အတွက် လတ်တလောလိုအပ်နေတာက ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်အကိုင်အခွင့် အလမ်းတွေတော်တော်လေး နည်းပါတယ်။ နည်းတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင်အခွင့်အလမ်းတွေများများရတဲ့စက်ရုံအလုပ်ရုံတွေများများထူထောင်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ နောက်ဒုတိယအချက်က ကျွန်တော်တို့တိုင်းပြည်မှာ ထွက်ကုန်တွေအများ ကြီးရှိပါတယ်။ ဒီထွက်ကုန်တွေက ကုန်ကြမ်းအတိုင်းရောင်းနေရတယ်။ ဒီထွက်ကုန်တွေကို Value Added လုပ်ဖို့ အသေးစား၊ အလတ်စားစက်ရုံတွေထူထောင်ဖို့အတွက် ဒါကိုကြိုးစားပြီးလုပ်နေပါတယ်။ တတိယအချက်ကတော့ကျွန်တော် တို့မှာဂက်စ်တွေရှိတယ်။ နောက်တခါသတ္တုတွေရိပါတယ်။heavy industryလိုဟာမျိုးထူထောင်ဖို့ စတုတ္ထအချက်ကတော့ IT နဲ့Telecommunication ကိစ္စတွေထူထောင်ဖို့ ကျွန်တော်တို့ကကြိုးစားပြီးဆောင်ရွက်နေပါတယ်။စက်မှု ၀န်ကြီးဌာနတို့၊ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဒီဝန်ကြီးဌာနတွေဟာ အရေးပါတဲ့ဝန်ကြီးဌာနတွေဖြစ်ပါတယ်။
CNA - လက်ရှိအနေအထားအရမြန်မာနိုင်ငံကို နိုင်ငံခြားအစိုးရတွေ စီးပွားရေအသိုင်းအ၀ိုင်းတွေ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများက မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားနေကြပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်း တွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အမေရိကန်တို့၊ ဥရောပတို့ အာဆီယံတို့ ဘယ်ဒေသကစီးပွားရေးလုပ်ငန်းရှင်တွေကိုရွေးရမယ်ဆိုရင် ဘယ်ဒေသကသူတွေကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဦးစားပေးရွေးမလဲဆိုတာသိရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - အရှေ့ရယ်အနောက်ရယ်မခွဲခြားပါဘူး။ ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒမှာလဲ အရှေ့ရယ်အနောက်ရယ်မခွဲခြားပဲနဲ့ အားလုံးနဲ့ဆက်ဆံဖို့အတွက် ကျွန်တော်တို့ ဒီလိုမူချထားပါတယ်။ တိုင်း ပြည်အတွက် အကျိုးရှိမယ့်ရင်းနှီးမြှုပ်နှံမှုဆိုရင် ဘယ်နိုင်ငံကိုမဆို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မူဝါဒလေးခု ချမှတ်ထားတာရှိပါတယ်။ တစ်အချက်ကတော့ ကိုယ့်တိုင်းပြည်ရဲ့အကျိုးစီးပွားကိုမထိခိုက်မနစ် နာစေဖို့ပါ။ ဒုတိယ အချက်ကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုမထိခိုက် မနစ်နာစေဖို့ပါ။ တတိယအချက်ကတော့ အချုပ်အခြာ အာဏာကို ၀င်ရောက်ပြီးတော့ စွက်ဖက်တာတွေပေါ့ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့ပါ ဒီမူတွေချပေးထားပါတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဖို့ဆိုပြီး ဒီမူဝါဒလေးရပ်ချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။
CNA - ခုနသမ္မတကြီးနဲ့ပြောသလိုပါပဲ။ ပူတာအိုဒေသကသဘာဝအခြေခံခရီးသွားလာရေးလုပ်ငန်းလုပ်ဖို့ အင်မတန်မှကောင်းမွန်တဲ့ဒေသဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ဒေသကပဋိပက္ခက မပြီးပြတ်သေးပါဘူး။ ဒါကြောင့်မို့လို့မြန်မာ နိုင်ငံက ကချင်လူမျိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးကဘယ်လောက်အရေးကြီးတယ်။ ဘယ်လိုအခက်အခဲတွေရှိသေးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်အောင်ဆောင်ရွက်နေတဲ့အရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးက ဘယ်လောက်အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်ဆိုတာကို သိရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စက ဦးစားပေး(၁)ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက် ကျွန်တော်တို့တိုင်းပြည် မှာ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်က ပထမအရေးကြီးပါတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်ဆိုတာမှာလဲ ခုနကလို ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေဖို့အတွက် ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက်ဒါအရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလဲ ကျွန်တော်တို့ဦးစားပေးပြီးလုပ်ပါတယ်။ တချိန်တည်းတပြိုင်တည်းမှာပဲ လက်နက်ကိုင်ပြီးဆန့်ကျင်နေတဲ့အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့တွေက လွတ်လပ်ရေးစရကတည်းက ဖြစ်ပေါ်လာတဲ့အဖွဲ့တွေရှိပါတယ်။ အရင်အစိုးရအဆက်ဆက်ကလဲ ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ပေမယ့်လဲ အောင်မြင်တာရှိတယ်၊ မအောင်မြင်တာရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အစိုးရသစ် လက်ထက်မှာ ဒီဟာတွေက အမွေခံအနေနဲ့ရလာတာဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အေင်၊ ဒီမိုကရေစီရှင်သန်အောင် ဘယ်လိုမှလုပ်လို့မရပါဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော်တို့အစိုးရ သစ်စတက်လာလာခြင်း ဒီငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဦးစားပေးတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အားလုံးလက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ၁၁ဖွဲ့မှာ ၁၀ဖွဲ့နဲ့ပစ်တာ၊ ခတ်တာတိုက် တာ ရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့သော်လဲပဲ နိုင်ငံရေးအရဆွေးနွေးသွားစရာတွေကတော့ ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်။ မြောက်ဘက်ပိုင်းမှာတော့ ကချင်လက်နက်ကိုင်ဆန့်ကျင်ဘက်အဖွဲ့တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်။လောလောဆယ်တော့ တစ်နှစ်ကျော်သွားပါပြီ။ ထိတွေ့ဆက်ဆံမှုတွေတော့ရှိနေတယ်။ သို့သော်လဲ ဒီကနေ့အထိ အောက်ခြေပိုင်းမှာတော့ ပစ်တာ၊ ခတ်တာ၊ တိုက်တာခိုက်တာတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်။ သို့သော်လဲပဲထိတွေ့ ဆက်ဆံမှုတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီအဖွဲ့ဟာလဲ မကြာခင်မှာ ငြိမ်းချမ်းရေးတည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
CNA - ကျွန်မတို့သိရှိထားတာကတော့ နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲတာဝန်ထမ်းဆောင်မယ်လို့သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရရှိနေစေချင်ပါ သလဲ။ ဘယ်လိုမျိုးမှတ်မှတ်သားသားရှိနေစေချင်ပါသလဲ။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့အသက်အရွယ်အရ၊ ကျွန်တော်ရဲ့ကျန်းမာရေးအရ ဒီလိုစဉ်းစားလာတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံကို နိုင်ငံရေးအရတည်တည်ငြိမ် ငြိမ်ဖြစ်အောင်လုပ် နိုင်မယ့်လူမျိုးတွေ၊ စီးပွားရေးအရဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ့်မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့တာဝန်ယူသွားစေချင်ပါတယ်။
CNA - နောက်ဆုံးတစ်ခုမေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေတော်တော်များများရရှိခဲ့ပါတယ်။အခုအခါမြန်မာမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဆောင်ရွက် နေတဲ့အခါမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ် သိရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - တရုတ်နိုင်ငံက ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၃၀၀လောက် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ ရှေးပဝေဏသီကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံလာခဲ့ကြတာဖြစ် ပါတယ်။ ပြောမယ်ဆိုရင်ချစ်ကြည်ရင်းနှီးတဲ့မိတ်ဆွေ နိုင်ငံတွေလဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ကျော်လောက်က ကျွန်တော်တို့မြန်မာနိုင်ငံကို အကုန်လုံးဝိုင်းဝန်းပြီးပိတ်ဆို့ထားတဲ့အချိန် ဘယ်နိုင်ငံကမှအကူအညီမပေးတဲ့အချိန်မှာတရုတ် နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ အကူအညီပေးတာတွေရှိပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ပြီးလုပ်နေတာရှိပါတယ်။ တရုတ်နိုင်ငံကပြောရမယ်ဆိုရင် ဒီကနေ့လဲ ကျွန်တော်တို့နဲ့ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံသည်ပင်လျှင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ နိုင်ငံအားလုံးနဲ့အဆင်ပြေအောင် ဆက်ဆံစေလိုတဲ့ဆန္ဒရှိပါတယ်။ ဟိုတုန်းကတည်းကတိုက်တွန်းနေပါတယ်။ အခုအစိုးရသစ်ပြောင်းလာမှတင်မဟုတ်ပါဘူး။
CNA- အခုလို သမ္မတကြီးရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေမှာ ကျွန်မတို့ကို စကားပြောဆိုခွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ဂုဏ်ယူပါတယ်ရှင်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်-ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကိုလဲ လာလည်ဖို့ဖိတ်ခေါ်ပါတယ်။
CNA ၀မ်းမြောက်ဝမ်းသာနဲ့လက်ခံချင်ပါတယ်။ဗီဇာရဖို့လဲကူညီပါ( ရယ်မောပြောသည်)။
နိုင်ငံတော်သမ္မတဦးသိန်းစိန်-စပယ်ရှယ်ဗီဇာလုပ်ပေးမယ်လို့ (ရယ်မောပြောသည်)။



တစ်မိနစ်စာ အလွဲများ



ဟာသလေးတွေပါ .. . ဘာရယ်မဟုတ်ဘူး ..
ရယ်ရလို့ပါ...

ဘ၀အမောပြောနိုင်ကြပါစေ... :D

အတ္တာဟိ အတ္တနော နာထော (အရှင်နန္ဒမာလာဘိဝံသ)

မင်းကွန်းဆရာတော်ကြီး မေတ္တာပို့

The Voice Weekly သတင်း

ထုတ်ဝေခွင့်ပိတ်သည်အထိ အရေးယူခံရသည့် နောက်ဆုံးထွက် The Voice Weekly မျက်နှာဖုံး


The Voice Weekly သတင်းစာစောင်ကို ယခုတစ်ကြိမ် ထုတ်ဝေခွင့်ယာယီရပ်နားခံရမှုနှင့် ဆိုပါက စုစုပေါင်း ၆ ကြိမ် တိတိ ထုတ်ဝေခွင့်ပိတ်ခြင်းဖြစ်သည်။
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ပတ်၊ ၂၀၀၅ ခုနှစ် မေလမှ ဇွန်လကြားတွင် လေးပတ်၊ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် တစ်ပတ်၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် နှစ်ပတ်၊ ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလတွင် တစ်ပတ် ထုတ်ဝေခွင့် ပိတ်ခဲ့သည်။

(Credit  https://www.facebook.com/photo.php?fbid=450365101650421&set=a.164790403541227.32157.158797964140471&type=1&theater)



Monday, 30 July 2012

သင့် အသက်ကို ကယ်တင် နိုင်မည့် အံ့အား သင့်စရာ ကျန်းမာရေး ကျွမ်းကျင် သူများ

(၁) သင့်ဆံသဆရာ
လျှို့ဝှက် အရေပြားကုသသူ
ဆံသဆရာ ဟာ
သင့်ဦး ရေ ပြား ပေါ် က ပုံမှန်မဟုတ်တဲ့ အဖုအကျိတ်တွေကို တွေ့မြင်တတ်တာကြောင့် အရေပြားကင် ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ အရေပြားကုသမှုဆိုင်ရာ ဂျာနယ် မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ရပ်အရ ဆံသဆရာ ၅၈ ရာခိုင်နှုန်းဟာ သံသယ ရှိဖွယ်ရာ မှဲ့တွေနဲ့ ပတ်သက်ပြီး အနည်း ဆုံး တစ်ဦးကိုတော့ သတိပေးပြောကြားခဲ့ တယ်လို့ သိရပါတယ်။ အလှပြင်ဆိုင်ကို မကြာခဏ သွားနေသူ ၈၄ ရာခိုင်နှုန်း ဟာ ဆံသဆရာရဲ့ အကြံပြုချက်ကိုလည်း လက်ခံခဲ့ကြပါတယ်။

(၂) သင့်အိမ်နီးချင်း
လျှို့ဝှက် နှလုံးကုသသူ
သင့်အိမ်နီးချင်းဟာ နံနက်တိုင်း သင်နဲ့အတူ လမ်းလျှောက်လေ့ရှိတဲ့ မိတ် ဆွေဖြစ်တယ်ဆိုရင် သင့်ကို လေ့ကျင့်ခန်း လုပ်ဖြစ်အောင် အားပေးသူတစ်ဦးပါပဲ။ မိတ်ဆွေသူငယ်ချင်းနဲ့ အတူလမ်းလျှောက် တာကြောင့် စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှု ကိုလည်း ရရှိစေပါတယ်။ လေ့ကျင့်ခန်း လုပ်ဖြစ်စေတဲ့အပြင် အိမ်နီးချင်းနဲ့ ရင်းရင်း နှီးနှီး စကားစမြည်ပြောတာကြောင့် သင့် ကို ပိုမိုပျော်ရွှင်ကျေနပ်မှု ရရှိစေပါတယ်။ လေ့လာမှုတစ်ရပ်အရ ပျော်တတ်တဲ့ မိတ်ဆွေသူငယ်ချင်းနဲ့ မိုင်တစ်ဝက်အ တွင်းနေထိုင်တဲ့သူတွေဟာ စိတ်ကျေနပ် ပျော်ရွှင်မှု ရရှိနိုင်ခြေ ၄၂ ရာခိုင်နှုန်း ပို မိုရရှိနိုင်တယ်လို့ သိရပါတယ်။

(၃) သင့်စာအုပ်ဆိုင်က မိတ်ဆွေ
လျှို့ဝှက် ဦးနှောက်အားကောင်း စေသောအရာ
စာအုပ်ဖတ်တာနဲ့ စာအုပ်ကရလာ တဲ့ စိတ်ကူးအသစ်တွေကို မိတ်ဆွေတွေ နဲ့ ဆွေးနွေးတာကြောင့် သတိမေ့တာနဲ့ သူငယ်ပြန်ရောဂါဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။ အမေရိကန်ကျန်းမာရေး အဖွဲ့အစည်းဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုအရ သတင်းစာဖတ်တာ၊ ပြ တိုက်တွေကို သွားလည်တာ စတဲ့ စိတ်ကို လှုံ့ဆော်မှုပေးနိုင်တဲ့ လုပ်ဆောင်မှုတွေ ကို လုပ်တဲ့ အသက်ကြီးသူတွေဟာ မလုပ်တဲ့ သူတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ် နိုင်ခြေ ၄၇ ရာခိုင်နှုန်း လျော့ကျစေနိုင် ကြောင်း သိရပါတယ်။

(၄) သင့်ကြောင် သို့မဟုတ် ခွေး လျှို့ဝှက် ကြံ့ခိုင်သန်စွမ်းရေးနည်းပြ
သင့်အိမ်မှာ အမွေးလေးတွေနဲ့ ချစ် စရာကောင်းတဲ့ ခြေလေးချောင်း သတ္တဝါ လေးတွေ မွေးထားရင် သင့်ကို နည်းမျိုး စုံနဲ့ ကျန်းမာရေးကောင်းမွန်စေနိုင်ပါ လှုပ်ရှားမှုတွေကို လုပ်ဖြစ်နိုင်ခြေ ၄၁ရာ ခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။ သင့် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူ ဖက် လှဲတကင်း နေထိုင်တာကြောင့် အထူးသ ဖြင့် သင့်မှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေရှိရင် တောင် နာ့ဗ်ကြောကို ငြိမ်းအေးစေပြီး သွေးတိုးကို လျော့ကျစေနိုင်တယ်လို့ လေ့လာမှုများစွာက ဖော်ပြထားပါတယ်။

(၅) သင့်အိမ်ထောင်ဖက်
လျှို့ဝှက် အထွေထွေကျန်းမာရေး ကုသသူ
သင့်အိမ်ထောင်ဖက်ရဲ့ အပြုံးတိုင်း၊ ပွေ့ဖက်မှုတိုင်းနဲ့ ထိတွေ့မှုတိုင်းဟာ သင့် ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ စိတ်ဖိစီး မှုဟော်မုန်းအဆင့်ကို လျော့ကျစေနိုင်ပါ တယ်။ လေ့လာမှုအရ ပျော်ရွှင်တဲ့ လက် ထပ်ထိမ်းမြားမှုဟာ ကျန်းမာရေးကို ပိုမို ကောင်းမွန်အောင် တွန်းအားပေးနိုင်တဲ့ အရာဖြစ်တယ်လို့ သိရတာကြောင့် သင့် အိမ်ထောင်ဖက်ရဲ့ အနာကျက်စေတဲ့ စွမ်း အားကို ရယူပါ။ လူအများကြားမှာ စ ကားမပြောခင် အိမ်ထောင်ဖက်ရဲ့ လက် ကို ဆုပ်ကိုင်ထားသူတွေဟာ မဆုပ်ကိုင် ထားသူတွေထက် သွေးတိုးနဲ့ နှလုံးခုန် နှုန်းမြန်ဆန်မှုကို ထက်ဝက်နီးပါးလျော့ နည်းသွားစေနိုင်တယ်လို့ အမေရိကန် စိတ်ပညာအဖွဲ့အစည်းက ဆိုပါတယ်။ အိမ်ထောင်ဖက်ဟာ သင့်အတွက် လေ့ ကျင့်ခန်းလုပ်ဖြစ်အောင် တွန်းအားပေး သူလည်း ဖြစ်ပါတယ်။ လေ့လာမှုတစ်ရပ် အရ အတူတကွလေ့ကျင့်ခန်းလုပ်တဲ့ စုံ တွဲ ၉၄ ရာခိုင်နှုန်းဟာ ပုံမှန်လေ့ကျင့် ခန်းလုပ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အ ပြင် အန္တရာယ်ကင်းတဲ့ လိင်မှုဘဝဟာ သင့်ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်း စေပြီး နာကျင်မှု လျော့ကျစေကာ တချို့ ကင်ဆာရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို တောင် လျှော့ချနိုင်ပါတယ်။

(၆) သင့်လုပ်ဖော်ကိုင်ဖက်
လျှို့ ဝှက် စွမ်းအင်ပေးသူ
စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်မှာ နာရီပေါင်းများစွာ အလုပ်လုပ်ရရင် သင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ ပေမဲ့ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေ ကတော့ သင့်ကို ထိခိုက်မှုမဖြစ်အောင် ကူညီနိုင်စွမ်း ရှိပါတယ်။ သူတို့က သင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး အလုပ်မှာ ကောင်းကောင်းလုပ်ဆောင်နိုင်အောင် ပံ့ ပိုးပေးနိုင်ပါတယ်။ င်္သမဘနျ ရဲ့ လေ့လာမှု အရ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေ တဲ့ ဝန်ထမ်းတွေဟာ တင်းအားပြေလျော့ ပြီး အလုပ်လုပ်နိုင်စွမ်း ပိုတိုးစေတယ်လို့ သိရပါတယ်။

(၇) သင့်မိခင် သို့မဟုတ် ဖခင်
လျှို့ ဝှက် ကျန်းမာရေးရာဇဝင်ပြောသူ
ကျန်းမာရေးရာဇဝင်ကို သိတာက ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါက အစပြု လို့ ကင်ဆာရောဂါအထိ ရောဂါအများ စုရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ရောဂါနဲ့ ပတ်သက်တဲ့ မိသားစုမျိုးရိုးကို သိတာကြောင့် သင်နဲ့ သင့်ဆရာဝန်ကို ကျန်းမာရေးစစ်ဆေးမှု၊ ကာကွယ်မှုနဲ့ စော စောကုသမှုတို့ လုပ်ဆောင်ဖြစ်စေလို့ပါ။ အမျိုးသားကင်ဆာတက္ကသိုလ်ရဲ့ လေ့ လာမှုအရ လူတွေဟာ သူတို့ရဲ့ ရောဂါ မျိုးရိုးကို မသိကြတာများတယ်လို့ သိရ ပါတယ်။ ဒါကြောင့် သင့်မိဘတွေကို မျိုးရိုးထဲမှာ နှလုံးရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ ကင်ဆာရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါနဲ့ စိတ်ဓာတ်ကျရောဂါစတဲ့ မျိုးရိုး လိုက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိ မေး မြန်းထားပါ။ ဒီအချက်အလက်တွေကို သင့်မိသားစုဆရာဝန်ထံ ပြောပြပါ။ လို အပ်ရင် တချို့စစ်ဆေးမှုတွေကို စတင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သင့်ဆရာ ဝန်က ပြောကြားမှာ ဖြစ်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) (Ref;RD)

(Credit http://www.yoyarlay.com/health/health/therapy/28580-2012-07-28-08-34-21)

မချုပ်တည်းနိုင်သော ဒေါသ မဟုတ်သောကြောင့်

လောဘ၊ ဒေါသ တို့သည် လူကို ကောင်းကျိုး မပေးပါ၊ လောဘ ကြောင့် သူတစ်ပါး ပစ္စည်းကို မတရား လိုချင်သည့် အတွက် ပြစ်မှုများ ကျူးလွန်ကြသကဲ့သို့ ဒေါသကြောင့် စိတ်မထိန်းနိုင် ဖြစ်ကာ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး ပြစ်မှု ကျူးလွန်ခြင်းများ ရှိပါသည်။ ဒေါသကြောင့်ကျူးလွန်သော ပြစ်မှုများတွင် လူသတ်မှုမှာအကြီးဆုံးပြစ်မှုဖြစ်ပါသည်။ လူသတ်မှုတွင်(က)တစ်သက် တစ်ကျွန်းဒဏ်ကျခံနေရစဉ်အတွင်းဖြစ်စေ၊ (ခ)ကြိုတင်ကြံစည်ချက်ဖြင့်ဖြစ်စေ၊ (ဂ)ခုနစ်နှစ်အထက်ပြစ်မှုကျူးလွန်စဉ်ဖြစ်စေ လူကိုသေစေ လျှင် ကျူးလွန်သူသည် သေဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်သည်။

အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင်တစ်သက် တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။သို့ရာတွင် ရုတ်တရက်ဒေါသအကြီး အကျယ်ထွက်အောင် ပြုခြင်းခံရသဖြင့် မချုပ်တည်းနိုင်အောင် ဒေါသထွက်သော ကြောင့် လူသေအောင်ပြုမိခြင်း ဖြစ်ပါမူ လူသတ်မှုမဟုတ်ဘဲ လူသေမှု ဖြစ်ပါ သည် (လူသေမှု အခြားလေးမျိုးရှိပါသေး သည်)။ လူသေမှုကို ဥပဒေဝေါဟာရအား ဖြင့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေ မှုဟု ခေါ်ဆိုပါသည်။

လူသေမှုမှာ လူ သတ်မှုထက်ပြစ်ဒဏ်လျော့နည်းပါသည်။ အမှုတစ်ခုတွင် ဆဲဆိုခြင်းခံရသဖြင့် ဒေါသထွက်ကာ ဆဲဆိုသူအား ရဲဒင်းနှင့် ထုသဖြင့် သေဆုံးသွားရာမူလရုံးကတရား ခံအား ရာဇသတ်ပုဒ်မ ၃၀၂/(၂)(လူသတ် မှု)အရ တစ်သက်တစ်ကျွန်း ကျခံစေရန် အပြစ်ဒဏ်ချမှတ်ခြင်းကို တရားရုံးချုပ်က ထပ်မံသုံးသပ်၍ ပြစ်ဒဏ်လျှော့ပေါ့ပေး သော စီရင်ထုံးပေါ်ထွက်ခဲ့ပါသည်။ ယင်းစီရင်ထုံးမှာ ၁၉၆၆ ခုနှစ်၊ မြန်မာ နိုင်ငံ တရားစီရင်ထုံးများ၊ စာမျက်နှာ ၁၄၉၈ တရားရုံးချုပ် ၁၉၆၅ ခုနှစ် ရာဇ သတ် အယူခံမှုအမှတ် ၃၆၄ မောင်သိန်း ဟန် (အယူခံတရားလို)နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ(အယူခံတရားခံ)စီရင်ထုံး ဖြစ် ပါသည်။ အမှုမှာ အယူခံတရားလို ဦးသိန်း ဟန်သည် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ နယ် ညောင်ပင်ဘိုရွာတွင် နေထိုင်သူဖြစ် သည်။ သေသူဒေါ်အုန်းတင်သည် အယူခံ တရားလို၏ နှစ်ဝမ်းကွဲအဒေါ် ဖြစ်သည်။

၎င်းတို့သည် အိမ်နီးချင်းများဖြစ်ပြီး တစ် အိမ်နှင့် တစ်အိမ်မှာ ဝင်းထရံသာခြား သည်။ ၁၉၆၅ ခုနှစ် ဧပြီလ ၂၀ ရက်၊ နံနက် ၉ နာရီခန့်တွင် အယူခံတရားလို သည် ၄င်း၏ ခြံစည်းရိုးအတွင်းဘက်၌ ကပ်လျက်ပေါက်နေသော ကုက္ကိုပင်ကို လှဲရန် ရဲဒင်းဖြင့် အပင်ရင်းကို ခုတ်စဉ် ဒေါ်အေးတင်က ထိုကုက္ကိုပင်မှာ ၄င်းစိုက် ထားသော အပင်ဖြစ်၍ မခုတ်ရန်တား သည်။ အယူခံတရား လိုကလည်း ၄င်း၏ အပင်ဖြစ်ကြောင်းပြော၍ ခုတ်မည်ဟု ပြန်ပြောရာမှအစ ၄င်းတို့နှစ်ဦးစကားများ ကြသည်။ ထို့နောက်ဒေါ်အေးတင်က သက်သေ သွားခေါ်ဦးမယ်ဟုပြောကာ ထွက်လာရာဒေါ်ငို(လိုပြ-၂)၏အိမ်ရှေ့အရောက်တွင် အယူခံတရားလိုက ဒေါ်အေးတင်၏ ဦး ခေါင်းကို ရဲတင်းဖြင့် ထုသဖြင့် ဒေါ်အေး တင်သည် အထုခံရသောနေရာ၌ပင် လဲ ကာ အသက်ထွက်သွားသည်။

ဒေါ်အေးတင်၏ အလောင်းကို ဇီး ကုန်းမြို့ ပြည်သူ့ဆေးရုံသို့ပို့သဖြင့် ဆရာ ဝန် ဒေါ်ခင်ခင်ကလေး(လိုပြ-၇)က စစ် ဆေးကြည့်ရှုရာ ဦးခေါင်းခွံ ကွဲနေသည့် စုတ်ပြတ်သည့် ဒဏ်ရာတစ်ချက်၊ လက်ဝဲ ပခုံးအောက် လက်မောင်းတွင် တစ်ချက် လက်ဝဲဘက် တံတောင်ဆစ်တွင် တစ် ချက်၊ ပေါင်းဒဏ်ရာသုံးချက်တွေ့ရသည်။ ဦးခေါင်းထိပ်တွင် ရရှိသော ဒဏ်ရာ ကြောင့် ဦးနှောက်ထိခိုက်သွားပြီး ထိုဒဏ် ရာမှာ မုချသေစေမည့်ဒဏ်ရာဖြစ်ကြောင်း ဆရာဝန်က ထင်မြင်ချက်ပေးသည်။ အယူခံတရားလိုသည် အချင်းဖြစ် ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွား ရာ ၁၉၆၅ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ ဇီးကုန်းရဲစခန်းသို့ သွားရောက်အဖမ်းခံ သဖြင့် ၄င်းအား ရဲစခန်းကလူသတ်မှုဖြင့် ရုံးတင် တရားစွဲဆိုသည်။

ယင်းအမှုကို သာယာဝတီမြို့ ပထမ အထူး(စက်ရှင်) တရားသူကြီးက ၁၉၆၅ ခုနှစ် ရာဇဝတ် ကြီးမှုအမှတ် ၁၇ အဖြစ် လက်ခံစစ်ဆေး ပြီး တရားခံအား ရာဇသတ်ပုဒ်မ ၃၀၂(၂) အရ တစ်သက်တစ်ကျွန်းအပြစ်ဒဏ် ကျခံ စေရန် အမိန့်ချမှတ်ခဲ့သည်။ ယင်းအမိန့် ကို တရားခံက မကျေနပ်၍ တရားရုံးချုပ် သို့ဤအယူခံတင်သွင်းလာခြင်းဖြစ်သည်။

မူလရုံးတွင် အယူခံတရားလိုက ဒေါ် အေးတင်က မိမိအား ကုက္ကိုပင်မလှဲရန် တားမြစ်သဖြင့် မိမိက ကောင်းကောင်းမွန် မွန်ပြန်ပြောရာ ဒေါ်အေးတင်က မိမိကို ဆဲရေးသည့်အပြင် လုံချည်လှန်၍ ပုတ်ပြ သောကြောင့် မိမိမှ အကြီးအကျယ်ရှက်ပြီး ဒေါသထွက်ကာ ရဲတင်းနှင့်ထုမိကြောင်း ထုချေခဲ့သည်။ယင်းထုချေချက်ကိုအောက် ရုံးတရားသူကြီးက လက်မခံဘဲအပြစ်ပေး ခဲ့ခြင်းဖြစ်သည်။ ယခုအမှုတွင် အယူခံတရားလိုက ရဲ ဒင်းနှင့် ထုသဖြင့် ဒေါ်အေးတင်သေဆုံးရ သည်ဆိုခြင်းမှာ ယုံမှားဖွယ်မရှိပေ။ အယူ ခံတရားလိုရဲဒင်းနှင့် ထုသည်ကို အချင်းဖြစ်ပွားစဉ် အနီးတွင်ရှိကြသည့် မညွန့်ရီ (လိုပြ-၁)နှင့် ဒေါ်ရီ(လိုပြ-၂)တို့မျက်မြင် ဖြစ်သည်။

အယူခံ တရားလိုကိုယ်တိုင် လည်း ၄င်းက ဒေါ်အေးတင်ကို ရဲတင်းနှင့် ထုမိကြောင်း ဝန်ခံထားသည်။ သို့ရာတွင် အယူခံတရားလိုက ဒေါ် အေးတင်သည် ဆဲရေးသည်သာမက ထဘီလှန်ပြီး ၄င်း၏အင်္ဂါကို ပုတ်ပြ သဖြင့်မိမိကရှက်ဒေါသထွက်ကာရဲတင်းနှင့် ထုမိကြောင်း ထုချေချက်မှာ ရုတ်တရက် ဒေါသ အကြီးအကျယ်ထွက်အောင် ပြု ခြင်းခံရသဖြင့် မချုပ်တည်းနိုင်အောင် ဒေါသထွက်ကာ ပြုမူခဲ့ခြင်းဖြစ်၍ လူ သတ်မှု မမြောက်ဘဲ လူသေမှုသာလျှင် ဖြစ်ပါသည်ဟု ဆိုလိုဟန်ရှိသည်။ အယူခံတရားလို ထုချေသကဲ့သို့ အယူခံ တရားလိုအနေနှင့် ရုတ်တရက် အကြီးအကျယ်ဒေါသထွက်အောင်ပြုခြင်း ခံရသဖြင့် မချုပ်တည်းနိုင်အောင် ဒေါသ ထွက်သဖြင့် ဒေါသထွက်အောင်ပြုသူကို သေစေလျှင် အယူခံတရားလို၏ပြုမူချက် မှာ ရာဇသတ်ပုဒ်မ ၂၉၉ (၂)(က)တွင် အကျုံးဝင်မည်ဖြစ်ပြီး ၄င်းအား လူသေမှု အရသာ အပြစ်ပေးရမည်ဖြစ်သည်။

ယခုအမှုတွင် ဒေါ်အေးတင်သည် ထဘီလှန်ပြီး ၄င်း၏ အင်္ဂါကိုပုတ်ပြသည် ဆိုသော အယူခံတရားလို၏ စွပ်စွဲချက်ကို ထောက်ခံသည့် သက်သေထွက်ချက် မရှိ ချေ။ မျက်မြင်သက်သေများ ဖြစ်သည့် မညွန့်ရီနှင့် ဒေါ်ငိုတို့အား ယင်းအချက်ကို မေးခွန်းထုတ်ထားခြင်း မရှိ၍ နောက်မှ အကြံရသည့်တင်ပြချက်ဖြစ်ကြောင်း ထင် ရှားသည်။ ဒေါ်ငို၏ ထွက်ဆိုချက်အရ ဒေါ်အေး တင်သည် ကြမ်းကြမ်းတမ်းတမ်း ပြောဆို တတ်သူဖြစ်သည်။ သက်သေ မညွန့်ရီက လည်း ဒေါ်အေးတင် အော်ကျယ်ဟစ် ကျယ် ပြောဆိုနေသည်ကို ကြားရကြောင်း ဝန်ခံ ထားသည်။ သို့ဖြစ်ရာ ဒေါ်အေးတင် သည် အယူခံတရားလိုအား သစ်ပင်ခုတ် သည့် ကိစ္စနှင့်ပတ်သက်၍ ဆဲရေးခဲ့ ကြောင်း ထင်ရှားသည်ဟု ဆိုရမည်ဖြစ် သည်။

ယင်းသို့ ဆဲရေးကာမျှဖြင့် အယူခံ တရားလိုသည် ရုတ်တရက် အကြီးအ ကျယ်ဒေါသထွက်အောင်ပြုခြင်းခံရသဖြင့်မချုပ်တည်းနိုင်အောင် ဒေါသထွက်ကာ ပြုမူရန် အကြောင်း ရှိ မရှိကို ဝေဖန်ရပေ မည်။ လူတစ်ဦး၏ပြုမူချက်သည် တရားခံ တစ်ဦးအဖို့ မချုပ်တည်းနိုင်အောင် ဒေါသ ထွက်စေခြင်း ရှိမရှိဆိုသော ပြဿနာကို စဉ်းစားစရာတွင်ထိုပြုမှုချက်သည်သာမန် လူတစ်ဦးအပေါ် ဖြစ်ပေါ်စေမည့်အဖြေကို သာ မူတည်ရမည်ဖြစ်ပေသည်။ ပြုမူချက် တစ်ခုသည် အလွန် စိတ်တိုစိတ်ဆတ် သော တရားခံတစ်ဦးအတွက် မချုပ်တီး နိုင်အောင် ဒေါသထွက်စေမည် ဖြစ်သော် လည်း သာမန်လူတစ်ဦးအဖို့ ဒေါသထွက် လင့်ကစား ချုပ်တည်းနိုင်သော အခြေ အနေရှိပါမူ ထိုပြုမူချက်သည်မချုပ်တည်း နိုင်အောင်ဒေါသထွက်စေသည်ဟု ဆိုနိုင် လိမ့်မည်မဟုတ်ပေ။

ဆဲရေးတိုင်းထွာခံရ ခြင်းသည် သာမန် လူတစ်ဦးအတွက် ဒေါသထွက်စေမည့် အပြုအမူ ဖြစ်သော် လည်း မချုပ်တည်းနိုင်လောက်အောင် ဆိုး ရွားသည့် အပြုအမူဖြစ်သည်ဟု မဆိုနိုင် ပေ။ ယခုအမှုတွင် အယူခံတရားလိုသည် သစ်ပင်ခုတ်သည့်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အေးတင်နှင့် စကားများကြရင်း ဒေါ် အေးတင်က ဆဲရေးသဖြင့် ရုတ်တရက်အကြီးအကျယ် ဒေါသထွက်အောင် ပြု ခြင်းခံရသည် ဆိုနိုင်သော်လည်း ဆဲရေး ခြင်းခံရကာမျှဖြင့် မချုပ်တည်းနိုင်အောင် ဒေါသထွက်ခဲ့သည် ဟုမဆိုနိုင်ပေ။

ထို့ပြင် ဒေါ်အေးတင်သည် အယူခံ တရားလို၏အဒေါ်တော်သူဖြစ်၍ အဒေါ် က ဆဲရေးသည်ကို တူဖြစ်သူက မချုပ် တည်းနိုင်အောင် ဒေါသထွက်အောင် ပြု ခြင်းခံရသည်ဟု မဆိုသာချေ။
သို့ဖြစ်ရာ အယူခံတရားလို၏ပြုမူချက်မှာ ရာဇသတ် ပုဒ်မ ၂၉၉(၂)(က)ခြွင်းချက်နှင့် အကျုံး မဝင်သဖြင့် အယူခံတရားလိုသည် ရာဇ သတ် ပုဒ်မ ၃၀၂(၂)အရ ပြစ်မှုကျူးလွန်ခဲ့ သည်ဟု အောက်ရုံး၏ယူဆချက်မှာ မှန် ကန်သည်။ အယူခံတရားလိုသည် ဆဲရေးခြင်း ခံရသဖြင့် ဒေါသအလျှောက် ရဲတင်းဖြင့် ထုမိခြင်းဖြစ်ရာ အယူခံတရားလိုအပေါ် အမြင့်ဆုံး အပြစ်ဒဏ် ချမှတ်ထားသော အောက်ရုံး၏ အမိန့်မှာ ကြီးလေးလွန်း သည်။ ထို့ကြောင့် အယူခံတရားလိုအပေါ် ရာဇသတ်ပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်သာကျခံစေဟု အမိန့် ချမှတ်ပေးခဲ့ပါသည်။ အချုပ်အားဖြင့်ဆိုသော် ရုတ်တရက် ဒေါသအကြီးအကျယ်ထွက်အောင် ပြုမူခံ ရ၍ လူသေအောင်ပြုမူလျှင် မချုပ်တည်း နိုင်အောင် ဒေါသထွက်၍ ပြုလုပ်ခြင်း ကြောင့် လူသေစေလျှင် လူသေမှုဖြစ်ပြီး မချုပ်တည်းနိုင်အောင် ဒေါသထွက်ခြင်း မရှိပါကလူသတ်မှုဖြစ်ပါကြောင်း၊ လူသေ မှု၊ လူသတ်မှုတို့ကို ကြီးလေးသော ပြစ် ဒဏ်များ ချမှတ်သောကြောင့် ကျူးလွန်မိ ခြင်းမရှိစေရန် မိမိတို့၏ဒေါသများကို ထိန်းသိမ်းသင့်ပါကြောင်းအသိပေးတင်ပြ အပ်ပါသည်။

အောင်နိုင် (လက်ပံတန်း)




(Credit http://www.yoyarlay.com/book/book/article/28624-2012-07-30-07-56-59)

အခြေခံအဆင့် မိတ်ကပ်လိမ်းခြယ်နည်း

ပျိုဖော်ဝင်စ တူမလေးများ အတွက် မိတ်ကပ် လိမ်းခြယ်တဲ့ အခါမှာ အခြေခံ အဆင့် အလိုက် စနစ်တကျအဆင့်ဆင့် ဘယ်လို လိမ်းခြယ်ရမလဲ ဆိုတာကို ပြောပြပေးပါမယ်။

ဖောင်ဒေးရှင်း

ပထမဆုံး မိတ်ကပ်လိမ်းတဲ့အခါ ကိုယ့်အသားအရေထက် ပိုဖျော့တဲ့ ဖောင်ဒေးရှင်းကို လိမ်းပေးရပါမယ်။ ဖောင်ဒေးရှင်း လိမ်းတဲ့အခါမှာ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မှုရှိဖို့ လိုအပ်ပြီး မျက်နှာရဲ့ အလယ်ကနေစပြီး လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ လိမ်းကျံတဲ့အခါမှာ လက်ညှိုး ထိပ်ဖျားကလေးတွေနဲ့ လိမ်းကျံနိုင်သလို မိတ်ကပ်လိမ်းတဲ့ အမြုပ်တစ်ခုခုနဲ့လည်း လိမ်းကျံနိုင်ပါတယ်။

ကွန်ဆီလာ

ဖောင်ဒေးရှင်းလိမ်းပေးပြီးမှ မျက်ဝန်းအောက်က နေရာကို ညိုနေရင် ကွန်ဆီလာလေးနဲ့ ဖုံးပါမယ်။ ပြီးမှ ကွန်ဆီလာကို ဖောင်ဒေးရှင်းနဲ့ သမအောင်၊ အရောင်ညီအောင် လိမ်းခြယ်ပါမယ်။ ကွန်ဆီလာကို ကြာရှည်ခံအောင် Losse Powder လေးနဲ့ ထပ်လိမ်းပေးပါမယ်။

အိုင်းရှဲဒိုး

မျက်ခုံးအတွက် ခြယ်သတဲ့အခါမှာ ကိုယ့်မျက်ခုံး အရောင်အသွေးနဲ့ ကိုက်ညီမယ့် အညို၊ အနက် အိုင်းဘရိုးလေးနဲ့ ဆွဲပေးရပါမယ်။ ပြီးတော့မှ အိုင်းရှဲဒိုးအတွက် အရောင်အဖျော့၊ အရင့်၊ အလတ်ကိုယူပြီး မျက်လုံးကို ခြယ်သပါမယ်။ ပထမဆုံး ခပ်ရင့်ရင့် အရောင်ကိုယူပြီး မျက်ခွံကို လိမ်းပေးရပါမယ်။ အရောင်ဖျော့တာကိုတော့ မျက်ခုံးရဲ့အောက်နေရာမှာ ဆွဲပေးရပါမယ်။ ပြီးတော့မှ အိုင်းလိုင်နာကို မျက်တောင် အပေါ်နဲ့အောက် သေချာစွာ ဆွဲပေးရပါမယ်။ အဲဒါတွေပြီးမှ မာ့စ်ကာရာကို မျက်တောင် အပေါ်အောက်ကို နှစ်ထပ် (သို့) သုံးထပ်ဆွဲပေးရပါမယ်။ ညီနေအောင်ဆွဲပေးဖို့ လိုအပ်ပါတယ်။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ အသားအရောင်ပေါ် မူတည်ပြီး နှုတ်ခမ်းနီအရောင်ကို ရွေးချယ်သင့်ပါတယ်။ ကိုယ့်အသားအရောင်ထက် ပိုဖျော့၊  ပိုရင့်တဲ့အရောင် စသဖြင့် မိမိကြိုက်နှစ်သက်ရာ၊ လိုက်ဖက်ရာကို ရွေးချယ်သင့်ပါတယ်။ ဒီနည်းတွေဟာ အခြေခံအဆင့် စနစ်တကျ လိမ်းခြယ်တဲ့ နည်းတွေဖြစ်ပြီး ပျိုမေတို့အနေနဲ့ အဆင့်အလိုက် ခြယ်သသင့်တဲ့နည်းတွေလည်း ဖြစ်ပါတယ်။

ကလောင် - မေဝဿာန်

 (Credit http://www.yoyarlay.com/health/health/beauty/28609-2012-07-30-05-41-42)

Fitness၊ နန်းမြတ်ဖြိုးသင်း

နန်းမြတ်က ကျန်းမာရေး အတွက် Gym သွားပြီး မဆော့နိုင်တော့ အိမ်မှာ စက်နဲ့ စက်ဘီး စီးတယ်။  Free Hand လုပ်တယ်။ ရေမချိုးခင်ပေါ့။ နေ့တိုင်းနီးပါးလောက် အားကစား လုပ်ဖြစ်တယ်။
ကျန်းမာရေးအတွက် Exercise လုပ်တာက ချွေးထွက်တော့ အသားအရေ ကြည်စေတယ်။ သက်လုံကောင်းစေတယ်။ အနုပညာအလုပ်က စိတ်နဲ့ လုပ်ရတာဆိုတော့ နှလုံးထိတယ်။ ကိုယ်က လေ့ကျင့်ခန်းလေး ပြန်လုပ်ပေးမှ နှလုံးက သွေးလှည့်ပတ်မှု ကောင်းမယ်။ သက်လုံကောင်းမယ်။ အဲဒီအတွက် လုပ်ဖြစ်တာပါ။

ကျန်းမာရေးဆိုတာ ကျန်းမာနေတဲ့ အချိန်ဆို သတိမရမိဘူး။ မတောင့်တဘူး။ တခြားအလုပ်ကိစ္စတွေကို စဉ်းစားမိတယ်။ နေမကောင်းဖြစ်တဲ့ အချိန်ကျမှ ကျန်းမာရေးကို သတိရတယ်။ ကျန်းမာချင်တယ်။ အဲဒီလို မဖြစ်အောင် ကျန်းမာစဉ်ကတည်းက ပုံမှန်ကျန်းမာရေးကို လေ့ကျင့်လိုက်စားပြီး သဘာဝနဲ့ အနီးစပ်ဆုံးနေပါလို့ အကြံပြုချင်ပါတယ်။ နန်းမြတ်က အစားအသောက်နဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ရှောင်တာမရှိပါဘူး။ ဒါပေမဲ့ အသီးအရွက်တွေတော့ အဓိက စားမိတယ်။

အသီးတွေ များများစားတယ်။ ရေများများသောက်တယ်။ နဂိုကတည်းက အငန်မကြိုက်တော့ အငန်ကို ရှောင်တယ်။ အသီးဆိုရင် အရည်ရွှမ်းတဲ့ အသီးပဲဖြစ်ဖြစ်၊ ချိုတဲ့ အသီးပဲဖြစ်ဖြစ် အကုန်ကြိုက်တယ်။ မကျန်းမာတဲ့ အချိန်မှာ နောင်တရနေမဲ့အစား ကျန်းမာနေတဲ့ အချိန်မှာ ကျန်းမာရေးအတွက် ပုံမှန်ထိန်းသိမ်းတာ ကောင်းပါတယ်။
ကျန်းမာရေးအတွက်ဆိုရင် စက်ဘီးစီးရတာ၊ ကြက်တောင်ရိုက်ရတာတွေကို ဝါသနာပါတယ်။ ကျန်းမာရေးအတွက် နေ့စဉ် လေ့ကျင့်ခန်းလေး လုပ်ပေးပါလို့၊ ကျန်းမာရေးကို ကျန်းမာတဲ့ အချိန်မှာ စောင့်ရှောက်ပါလို့ အကြံပေးချင်ပါတယ်။

 မြတ်သူအောင်
 (Credit ရိုးရာလေး)

Who Slept with Her - Korea Movie

4th Period Korean Movie



Story of Jesus movie in Burmese language



Religion Holy Spirit Ghost Christian Church Bible The Jesus Film Project Story of According to the Gospel Luke Burmese
jesus christ video in burmese
god movie in burmese
story of Jesus film in Burmese language
Jesus movie in Burmese Language

(Credit http://youtu.be/eD-b_gPTYGo)

Bryan Adams Vs လေးဖြူ၊ မျိုးကြီး

Bryan Adams - When You're Gone ft. Melanie C




လေးဖြူ၊ မျိုးကြီး - အိမ်ကိုပြန်ခဲ့တော့



မူရင်းသီချင်းနဲ့ ကော်ပီသီချင်း
ခံစားကြည့်ကြပါဦး ...



အလွမ်းများ - လေးဖြူ



Win Oo's Songs from his Burmese Movie Films (1962~1982)



Win Oo's Songs from his movies. Audio from Tape.
It is the copyrighted property of its owner(s).
I don't own his songs & pictures.
(Might be cotained foreign song(s) that belongs to other(s).)
I did audio cleaning, pitch correction, audio re-mastering, MP3, pictures slideshow, & uploaded to youtube.com. MP3 for all songs of this slide download link @ http://www.mediafire.com/?46ledll22g9rg
(1)Mee Pon Pwel (2)A Hla Ka Bar Myay (3)Yin Yin Kyaye Kyaye (4)Thi Ri Gay Har (5)May Khin (6)Chit KaYee (7)Mone Ta Hlae, Pyone Ta Hlae (8)Chit Ka Lain (9)Munn Moye Thu Zar May (10)Khit Lu Pyo (11)Myar Pa DayThar (12)Mg Doe Cherry Myay (13)Kyet Nyi Naung (14)Yote Shin Yuu Ma Lay (15)Mar Lar (16)Yin Mha Phit Thaw Tay. Total 16 songs, Best of Win Oo (1962~1982).

တစ်ခေတ်တစ်ခါက ကိုဝင်းဦးရဲ့ ကျော်ကြားတေးများ

မှုန်ရွှေရည် - ၀င်းဦး



မြန်မာ့နိုင်ငံကျော် အဆိုတော် ရုပ်ရှင်မင်းသား ၀င်းဦးရဲ့ နာမည်ကြီး မှုန်ရွှေရည် သီချင်း ခေတ်ဟောင်းတေးသွားလေးတွေကို ခံစား ချင်သူများအတွက် ...

Avril Lavigne - Anything but ordinary







Avril lavigne - anything but ordinary - lyrics



Avril Lavigne - Anything But Ordinary - Officail Video ( HQ )


Avril Lavigne ရဲ့ Anything But Ordinary ဆိုတဲ့ သီချင်းလေးပါ...
ကြာတော့ကြာပါပြီ ..

Wonder Girls - Nobody



Music video of Wonder Girls' Nobody Featuring JYP





ကိုးရီးယားသီချင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wonder Girls ကို ကမ္ဘာကျော်စေခဲ့တဲ့ Nobody ဆိုတဲ့ သီချင်းကို နားဆင်ကြည့်ကြပါဦး..

သံလွင် ဗီဒီယို ထုတ်လုပ်ရေးရဲ့ စင်တင် မင်းသားသစ် ဇေရဲထက်

သံလွင် ဗီဒီယို ထုတ်လုပ် ရေးရဲ့ စင်တင် မင်းသားသစ် ဇေရဲထက် က အခု ဆိုရင် ဇာတ်ကား ရှစ်ကား ရိုက်ကူးထားပြီး ရိုက်ကူးထားတဲ့ အထဲက ဒါရိုက်တာညီညီထွန်းလွင် ရိုက်တဲ့ "အချစ်ရင်ဘတ်ထဲကြွပါ" ဇာတ်ကားကိုတော့ နယ်ကို စတင် ဖြန့်နေပြီဖြစ်ကြောင်း ပြောပါတယ်။

ကိုယ်သရုပ်ဆောင်ထားတာကို ပရိသတ်တစ်ယောက်အနေနဲ့ ပြန်ကြည့်တဲ့အခါ အားရမှုတော့ မရှိပေမယ့် အသစ်တစ်ယောက် အနေနဲ့ အဆင်ပြေတယ်လို့ ထင်ကြောင်း ဇေရဲထက်က ပြောပါတယ်။ဇာတ်ရုပ်အစုံ သရုပ်ဆောင်ထားပြီး အကောင်းဆုံး ကြိုးစားထားတယ် ဆိုတဲ့အကြောင်း၊ အနုပညာကို ဝါသနာပါတဲ့အတွက် နယ်ကနေ ရောက်လာခဲ့တာ ဖြစ်ပြီး နယ်ကလူဖြစ်တဲ့အတွက် ဒိုင်ယာလော့ခ်တော့ သင်ယူရကြောင်းကို ဇေရဲထက်က "ကျွန်တော် စစချင်းရိုက်တုန်းက ကင်မရာနဲ့တော့ မစိမ်းတော့ဘူး။ အန်တီဇာကြီး (သမီးမြတ်ကျော်) တို့၊ သရဖူက အန်တီချိုတို့က ကင်မရာTest လေး လုပ်ပေးခဲ့တော့ ကင်မရာနဲ့ မစိမ်းဘူး။ နယ်ကလူနဲ့ ရန်ကုန်က လူက ပြောပုံဆိုပုံ မတူဘူး။ ရန်ကုန်က ပုံစံတူအောင်လည်း အကုန်အဆင်ပြေအောင် တစ်ခါတလေ လုပ်ရတယ်" လို့ ပြောပါတယ်။ ဇေရဲထက်ရဲ့ သရုပ်ဆောင်သစ် မိတ်ဆက်ပွဲမှာ ဒါရိုက်တာညီညီထွန်းလွင်က သူ့ရဲ့ အားနည်းချက်တွေကို ဝေဖန် ထောက်ပြခဲ့ပါတယ်။ ဒါရိုက်တာ ညီညီထွန်းလွင်က သားသမီးတစ်ယောက်လို သွန်သင် ဆုံးမ ဝေဖန်တာတွေကိုလည်း သူ့အနေနဲ့ ပြုပြင်နေကြောင်း ဇေရဲထက်က ပြောပါတယ်။ ဇေရဲထက်က အနုပညာလောကထဲကို ၂၀၁၀ က စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ဦးဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်းတက်ပြီး မော်ဒယ်ရှိုးပွဲတွေ လျှောက်ခဲ့ကြောင်း၊ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကိုပဲ ဦးစားပေး လုပ်နေကြောင်းပြောတဲ့ ဇေရဲထက်က သံလွင် ဗီဒီယိုထုတ်လုပ်ရေးနဲ့ ဇာတ်ကားနှစ်ဆယ် စာချုပ်ချုပ်ထားကြောင်း သိရပါတယ်။

ခိုင်ဝေလွင်




(Credit ရိုးရာလေး)

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပန ပူဇာသဘင်မှတ်တမ်း



ဆရာတော် ဘုရားကြီးအား ကြည်ညိုနိုင်စေရန်နှင့် မရဏ သေခြင်း၏ သဘောကို သံဝေဂဉာဏ်ဖြင့် မိမိ ခန္ဓာကိုယ်အား ဆင်ခြင်သုံးသပ်၍ ယခု ဘ၀မှာပင် မဂ်ဖိုလ် ကို ရအောင် အားထုတ်နိုင်ကြပါစေကုန်......

Arakan State case Press Conference - 30.07.2012



Arakan State case Press Conference - 30.07.2012

(Credit to DVB TV Burmese Channel II)

The Best Myanmar PC Contest (စစ်ကိုင်း)ကျင်းပမည်

စစ်ကိုင်း တိုင်း ဒေသကြီး အတွင်းရှိ ကွန်ပျူ တာ Hardware သိရှိ နား လည်သော
လူငယ်များ အသိအမှတ်ပြုနိုင်ရေးနှင့် အရည်အချင်းရှိသူ လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူ တာပညာရှင်အသင်းမှ ကြီးမှူး၍ The Best Myanmar PC Contest ကို မုံရွာမြို့ပေါ်ဦးခန်းမ ၂၀၁၂ ဩဂုတ် ၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိကျင်း ပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆုကျပ်နှစ်သိန်းခွဲ၊ ဒုတိယဆုကျပ်တစ်သိန်းခွဲ၊ တတိယဆုကျပ် တစ်သိန်းနှင့် နှစ်သိမ့်ဆုနှစ်ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို Asus ကွန်ပျူတာပစ္စည်းများကို ဖြန့်ချိရောင်းချနေသော Golden Power Technology, Silicon Power, Thermaltake ကွန်ပျူတာတို့မှ ပူး ပေါင်းပါဝင်ကာ ကျင်းပခြင်းဖြစ်သည်။ CPU, HDD စသည့်ပစ္စည်းများကို Matix ကွန်ပျူတာမှ ကူညီ ထောက်ပံ့ပေးမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုပါက အသက် ၂၅ နှစ်အောက် လူငယ်များဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

အဆိုပါပြိုင် ပွဲကိုဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာနှင့် စည်း ကမ်းချက်များကို အသင်းရုံးခန်း၊ www.sagaingcpa.org နှင့် www. facebook.com/mcpasagaing စသည်တို့တွင် အခမဲ့ဝင်ခွင့်လျှောက်လွှာ ရယူနိုင်မည်ဖြစ်သည်။ ပြိုင်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်သိလိုပါက စစ်ကိုင်း တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း အားကာတိုက်တန်း၊ အခန်းအမှတ် (၆)၊ မုံရွာ။ ဖုန်း - ဝ၇၁၂၆၁၁၀ တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်။

ချိုကို




(Credit ရိုးရာလေး)

လေလံ စနစ်ကြောင့် ယခုနှစ် တောင်ပြုံးပွဲ ဆိုင်ခန်းငှားခ ၅ ဆကျော် မြင့်တက်

နှစ်စဉ် ကျင်းပမြဲဖြစ်သော မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာ မြို့နယ် အတွင်းရှိ တောင်ပြုံး ပွဲတော်တွင် ဆိုင်ခန်း ငှားရမ်းခများ ယခင်နှစ်ထက် များစွာ မြင့်တက်သွား၍ ၁၂ ပွဲ ဈေးသည်များ တောင်ပြုံး ပွဲတော်တွင် ဈေးလာရောက် ရောင်းချရေး အဆင်မပြေ ဖြစ်နေသည်ဟု ၄င်းဈေးသည်များက ပြောသည်။

”တောင်ပြုံးပွဲကို ဈေးလာ ရောင်းနေတာ နှစ် ၂ဝ ကျော်ပြီ။ ဒီနှစ်တောင်းတဲ့ ဈေးနဲ့ဆို တောင် ပြုံးမှာ ဆိုင်ခန်း ငှားပြီး မထွက်နိုင် တော့ဘူး” ဟု ချား၊ ရဟတ်၊ ပျော် ပွဲရွှင် ပွဲဖြင့် နယ်လှည့် ဈေးရောင်းနေ သည့် အသက် ၅ဝ ကျော် အရွယ် ၁၂ ပွဲဈေးသည် ဦးတင်ထွန်းက ပြောသည်။ တောင်ပြုံးပွဲတော် ဆိုင်ခန်း ငှားရမ်းခများမှာ ယခင်နှစ်ထက် ဈေး နှုန်းများစွာ မြင့်တက် သွားခဲ့ပြီး နန်း နှင့်နီးသော ဆိုင်ခန်းများမှာ မျက်နှာ ဖွင့် ၄ ပေခွဲ တစ်ခန်း ယခင်နှစ် က ကျပ် ၈ သောင်း ဝန်းကျင်ဖြင့်သာ ငှားရမ်းခွင့် ရရှိခဲ့သော်လည်း ယခု နှစ်တွင် ကျပ် ၄ သိန်း၊ ၅ သိန်း နီးပါးအထိ ဈေးနှုန်းများ မြင့်တက် သွားကြောင်း၊ ထိုမြင့် တက် သွားသော ဈေးနှုန်းများမှာ မြန်မာနိုင်ငံ တစ်ဝန်း ကျင်းပနေသော ဘုရားပွဲ၊ ဈေးပွဲများတွင် မကြုံဖူး၊ မကြားဖူးသော ဈေးနှုန်းများ ဖြစ်နေ၍ ၁၂ ပွဲ ဈေးသည် များ တောင်ပြုံးပွဲတော် တွင် ဆိုင်ခန်း ငှားရမ်း ရောင်းချရန် အခက် တွေ့နေရခြင်း ဖြစ်ကြောင်း ၁၂ ပွဲ ဈေးသည် ကိုထင်လင်းဦးက ပြောသည်။

ထိုသို့ တောင်ပြုံး ပွဲတော် ဆိုင်ခန်း ငှားရမ်းခများ ဈေးနှုန်း မြင့်တက်သွားခြင်းမှာ လေလံ စနစ်ကြောင့် ဖြစ်ကြောင်း၊ ယခင်နှစ် များက တောင်ပြုံး ပွဲတော် ဆိုင်ခန်းများ တစ်ဆင့် ငှားရမ်းခွင့် ကန်ထရိုက် စနစ်ကို ဘုရား ဂေါပကအဖွဲ့နှင့် ညှိနှိုင်း၍ ညှိနှိုင်း ဈေးဖြင့်သာ လုပ်ဆောင်ခဲ့သော် လည်း ယခုနှစ်တွင် လေလံစနစ်သို့ ပြောင်းလဲ ခဲ့ကြောင်း၊ ဆိုင်ခန်း ငှားရမ်းခွင့် ကန်ထရိုက် ရလိုသူ လုပ်ငန်းရှင် များမှ ဈေးနှုန်း အပြိုင် ပေး၍ လေလံ ဆွဲကြရာ မှ ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်သွား ရခြင်း ဖြစ်ကြောင်း တောင်ပြုံး ပွဲတော် ဈေးဆိုင်ခန်း ရောင်းချရေး တာဝန်ခံ ဦးဥာဏ်ဝင်း က ပြောသည်။

ဦးဥာဏ်ဝင်းက ”လေလံဆွဲရာ မှာ ဈေးနှုန်း ကန့်သတ်ချက် မထား မိတော့ အခုလိုမျိုး ဈေးတွေ ဖြစ် သွားတာပါ။ နောက်နှစ် ဆိုရင်တော့ အခု ဈေးနှုန်းထက် တစ်ဝက်ဈေး လောက်အထိ ဈေးကျမယ် ထင်ပါ တယ်” ဟု သုံးသပ်ပြောပြသည်။ ၁၂ ပွဲဈေးသည်များမှ ဆိုင်ခန်း ငှားရမ်းရန် လာရောက် ဆက်သွယ်မှု နည်းနေသေးကြောင်း၊ ဆိုင်ခန်း နေရာ အကွက် အကွင်းပေါ် မူတည် ၍ ၄ ပေခွဲ ဆိုင်ခန်း တစ်ခန်း ကျပ် ၅ သိန်းမှ ကျပ် ၃ သောင်းအထိ ဈေးနှုန်း သတ်မှတ် ငှားရမ်းပေးကြောင်း၊ ဆိုင်ခန်း ပြန်လည် ငှားရမ်းပေးနေသော ကန်ထရိုက်မှာ အမြတ် မရရှိဘဲ အရင်း အတိုင်း သာ ငှားပေးနေကြောင်း၊ လေလံငွေကြေးများမှာ ဘုရားဂေါပက အဖွဲ့သို့ ပေးသွင်းပြီး ဖြစ်၍ ယခုနှစ် အတွက် ဈေးနှုန်း မလျှော့နိုင်တော့ကြောင်း ဦးဥာဏ်ဝင်း က ပြော သည်။

တောင်ပြုံး ပွဲတော် ဆိုင်ခန်း များ လေလံ စနစ်ဖြင့် ရောင်းချခဲ့၍ ဂေါပကအဖွဲ့မှာ ယခင်နှစ်က အလှူ ငွေ ကျပ် သိန်း ၁ဝဝဝ ကျော်သာ ရရှိခဲ့ရာမှ ယခုနှစ်တွင် အလှူငွေ ကျပ်သိန်း ၃၅ဝဝ ကျော် အထိ တိုးမြင့် ရရှိခဲ့ကြောင်း တောင်ပြုံး ဂေါပက အဖွဲ့မှ သိရသည်။ တောင်ပြုံး ပွဲတော်ကြီးကို သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ပြီး ပွဲတော်တွင် ဈေးဆိုင်ခန်းများ၊ ချားရဟတ်များ၊ မျက်လှည့်၊ ဆပ်ကပ်နှင့် ပျော်ပွဲရွှင်ပွဲများ၊ ကုမ္ပဏီ အရောင်းမြှင့်တင်ရေး ဆိုင်ခန်း များကို စတင် ရောင်းချပေးနေပြီ ဖြစ်ပြီး ယခင်နှစ် ဆိုင်ခန်းရှင်များ အား ဇူလိုင် ၂၈ ရက်နေ့ အထိ ဦးစားပေး ငှားရမ်း ရောင်းချ ပေးမည် ဖြစ်ကြောင်း၊ ကျန်ဆိုင်ခန်း များကို ဦးရာလူ စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း တောင်ပြုံး ပွဲတော် ဆိုင် ခန်းငှားရမ်းရောင်း ချရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။

မောင်တာ

(Credit ရိုးရာလေး)

မုံရွာမြို့ပေါ်နှင့် အနီး ပတ်ဝန်းကျင်တွင် ငလျင် လှုပ်ခတ်

ယနေ့ နံနက်၈နာရီ ၅၅မိနစ် ပတ်ဝန်းကျင် အချိန်တွင် မုံရွာ မြို့ပေါ်နှင့် အနီးအနား ၀န်းကျင် ဒေသများတွင် စားပွဲခုံများနှင့် အဆောက်အဦးများ လှုပ်ခါသည် အထိ အင်အား ရှိသည့် ငလျင် လှုပ်ခတ် သွားခဲ့ကြောင်း မုံရွာမြို့ခံများနှင့် ပတ်ဝန်းကျင် ဒေသများမှ လူအများစုက ပြောကြားသည်။

ယင်း လှုပ်ခတ်ခဲ့သည့် တစ်ချိန်တည်းတွင် မုံရွာမြို့နှင့် မိုင်၈၀ကျော် ဝေးသည့် မန္တလေးမြို့ပေါ် မုံရွာမြို့အရှေ့ဘက် ရှိရွေဘိုမြို့နှင့် မုံရွာမြို့မြောက်ဘက် ၂၁ မိုင်ခန့် ဝေးသော ဘုတလင်မြို့များတွင်လည်းငလျင် လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်းဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်များ အရ သိရသည်။ “ငလျင် လှုပ်တဲ့ အချိန်မှာ အိမ်သန့်ရှင်းရေး လုပ်နေတာပါ နှစ်ခါ လှုပ်သွားတာ ဒုတိယ အကြိမ်က တော်တော်ပြင်း တယ် အိမ်ပါလှုပ်ခါသွားတယ်”ငလျင် လှုပ်ခတ်မှုအား သတိထားမိသည့်မုံရွာမြို့ဘုန်းစိုးရပ်ကွက်မှအမျိုးသား တစ်ဦးကပြောကြားသည်။

ယင်းငလျင် လှုပ်ခတ်သည့်ဖြစ်စဉ်အား မုံရွာမြို့ပေါ်မှ လူအများစု သတိထားမိခဲ့ကြပြီးဆိုင်ကယ်စီးနေသူ အချို့ ကမူ သတိမထားမိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ “ကျွန်တော်မနက်စာ စားဖို့ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း စားပွဲနဲ့ထိုင်ခုံက အရင်လှုပ်တယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အုတ်တံတိုင်း က သံစူးကြိုးတွေပါလှုပ်နေတာမြင်ရတယ် အဲဒီတော့မှငလျင် လှုပ်မှန်းသိတာ” ဟုမုံရွာမြို့ခံ ကွမ်းပွဲစားတစ်ဦးကပြောကြားသည်။ ယင်းဖြစ်စဉ်ကြောင့် ပျက်စီး ဆုံးရှုံးမှု မရှိခဲ့သော်လည်း ငလျင် ပြင်းအားမှာ ပြင်းထန်မှု ရှိကြောင်း လှုပ်ခတ်မှုကို သတိထားမိသည့်လူအများစုက သုံးသပ်သည်။

(Credit ရိုးရာလေး)