Saturday, 1 September 2012

ရှေးဟောင်းမြို့များ ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်း ရာတွင် အခက် အခဲရှိနေ


မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် များကို ကမ္ဘာ့ အမွေ အနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် အဆင့်ဆင့်၌ အတွေ့အကြုံ အား နည်းခြင်းနှင့် လုပ်ကိုင် ဆောင်ရွက်ရသည့် အချိန်ကာလ တိုတောင်းခြင်းတို့ ကြုံတွေ့နေရကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင် က ပြောသည်။

မိုးသီးဇွန် အဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိ


မိုးသီး ဇွန်ခေါင်းဆောင် သည့် ၁၁ဦးအဖွဲ့ သည် မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိလာသည်။ ၎င်းတို့အဖွဲ့ကို လူဘောင်သစ် ပါတီ အဖွဲ့ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူ အများစုလေဆိပ်သို့ လာရောက် ကြိုဆိုခဲ့ ကြသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်း ကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ


ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း အုတ်စက်ရုံအား ပုဂ္ဂလိက သို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းမည် ဖြစ်သော်လည်း လုပ်သက်ရင့် စက်ရုံ ဝန်ထမ်း များမှာ ပင်စင်လစာ အပါအ၀င် ခံစားခွင့် လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခြင်း မရှိကြောင်း စက်ရုံ လုပ်သားများက ပြောကြားသည်။

ABSDF (မြောက်ပိုင်း) အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျောင်းသားဟောင်းများ ကြေညာ ချက်ထုတ်


စစ်အာဏာရှင် စနစ်ကို တွန်းလှန်ရန် အတွက် လက်နက် စွဲကိုင် တိုက်ပွဲ ဝင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သည့် ကျောင်းသား တပ်မတော် ABSDF (မြောက်ပိုင်း) ၌ တပ်ဖွဲ့ဝင် အချင်းချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ လွတ်မြောက်လာသည့် ကျောင်းသား ရဲဘော်ဟောင်းများက ယနေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်သည်။

Facebook ရုံးခန်းသစ်များ တည်ဆောက်ရန် နာမည်ကျော် ဗိသုကာပညာရှင် ဖရန့်ဂေရီကို ခေါ်ယူ


ကယ်လီဖိုးနီးယားရှိ Facebook ရုံးချုပ်တွင် ရုံးခန်းသစ်များ တိုးချဲ့ဆောက် လုပ်ရန် Facebook ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ မာ့ခ်ဇူကာဘတ်ဂ်ျက ကမ္ဘာကျော် ဗိသုကာပညာရှင် ဖရန့်ဂေရီကို အင်ဂျင်နီယာအဖွဲ့ဝင် အဖြစ် ထည့်သွင်းခေါ်ယူလိုက်ပြီး ၎င်းဦးဆောင်ရမည့် ဗိသုကာ အဖွဲ့တွင် အင်ဂျင်နီယာပေါင်း ၃၄၀၀ ခန့်လည်း ရှိကြောင်း သိရသည်။

Monday, 27 August 2012

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တွေ့ဆုံခြင်း


ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ၏ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ဖွဲ့စည်းထားသော ရေးရာ ကော်မတီများ၊ ကော်မရှင်များမှာ ပြည်ထောင်စု အဆင့် မဟုတ် ဟူသော ဆုံးဖြတ်ချက် အပေါ် လွှတ်တော်က ဥပဒေနှင့် မညီညွတ် သဖြင့် ခုံရုံးအဖွဲ့ကို စွပ်စွဲ ပြစ်တင်ရန် ဆုံးဖြတ်ခြင်း၊ အုပ်ချုပ်ရေး အဖွဲ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည့် နည်းလမ်းကို ရွေးချယ် စေလိုခြင်း၊ခုံရုံး အဖွဲ့က နုတ်ထွက်မည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာခြင်းတို့ ဖြစ်နေပြီး ယင်းအပေါ် သဘောထား အမျိုးမျိုး ဖြစ်ပေါ်နေရာ ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် The Voice Weekly တို့ တွေ့ဆုံကာ ရှေ့နေ တစ်ဦး၏ ဥပဒေ ရှုထောင့်မှ အမြင်ကို တွေ့ဆုံ မေးမြန်း ဖော်ပြ အပ်ပါသည်။
Voice : ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးနဲ့ လွှတ်တော်အကြား အခုဖြစ်နေတဲ့ ပြည်ထောင်စု အဆင့် မရှိကြောင်း ခုံရုံး ဆုံးဖြတ်ချက်နဲ့ နောက်ဆက်တွဲ ပြဿနာ တွေကို ဘယ်လို မြင်ပါသလဲ။
UKN : အခု ဖြစ်နေတဲ့ ပြဿနာက အစက ပြန်ကောက်ရရင် အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုရေး အာဏာဖြစ်တာ၊ ခုံရုံးနဲ့ ပြဿနာ မဟုတ်ဘူး။ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်က ကော်မတီ၊ ကော်မရှင်တွေ ဟာ ပြည်ထောင်စု အဆင့် ဖြစ်သလား၊ မဖြစ်ဘူးလား။ ပြည်ထောင်စု အဆင့် ဖြစ်ခဲ့ရင် ဘာ အကျိုး သက်ရောက်မှု ရှိလာမလဲ၊ မဖြစ်ခဲ့ရင် ဘာဖြစ်မလဲ အဲဒါ အဓိကပဲ။ တချို့က ပြောတယ်။ ပြည်ထောင်စု အဖွဲ့ဝင် ဖြစ်ခဲ့ရင် တိုက်တစ်လုံး ရမယ်။ ကားသုံးစီး ရမယ်။ ဒါက အဓိက ဆွေးနွေးရမယ့် ပြဿနာမဟုတ်ဘူး။ ပိုက်ဆံရှိရင် တိုက်နှစ်လုံးလည်း ပေးလို့ရတယ်။ အဓိကမကျဘူး။ အဓိကက ဘာတုန်း ဆိုရင် ပြည်ထောင်စုအဆင့် ရှိတဲ့ အဖွဲ့ဆိုရင် သူရဲ့လုပ်ပိုင်ခွင့်က ပြည်ထောင်စု အဆင့်နဲ့ လျော်ညီတဲ့ လုပ်ပိုင်ခွင့် ဖြစ်မယ်။ပြည်ထောင်စု အဆင့်မရှိ ဘူးဆိုရင် သူ့ရဲ့လုပ်ပိုင်ခွင့်က နိမ့်သွားမယ်။ ကျွန်တော်တို့ Check and Balance စနစ်အရ ပြည်ထောင်စု အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထိန်းညှိ ပေးရမယ့် အဖွဲ့တွေ ပြည်ထောင်စု အဆင့်ထက် နိမ့်လို့ မရပါဘူး။ အခုဖြစ်နေတဲ့ ပြဿနာကို ဘယ်သူက စတာလဲ ဆိုတော့ နိုင်ငံတော် သမ္မတ ကိုယ်စား၊ အစိုးရ အဖွဲ့ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်တာ။ ဒါကြောင့် အုပ်ချုပ်ရေး အဖွဲ့ အစိုးရက လျှောက်ထားသူ၊ လျှောက်ထား ခံရသူက လွှတ်တော် နှစ်ရပ်ဖြစ်တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကလျှောက်ထား ခံရသူ။ ဒါကြောင့်မို့လို့ ကြားနာတဲ့ နေရာမှာ ပြည်ထောင်စု အစိုးရဘက်က ရှေ့နေချုပ်က ပြောတယ်။ အမျိုးသား လွှတ်တော်အတွက် ဒုတိယ ဥက္ကဋ္ဌက ပြောတယ်။ ပြည်သူ့လွှတ်တော် အတွက် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ပြောတယ်။ ပြဿနာ ဖြစ်တဲ့ ဘက်နှစ်ဖက်က အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင် နှစ်ခု စဖြစ်ကြတာ။ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရဲ့ လျှောက်လဲချက် ထဲမှာ လွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ဥပဒေမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရေးသားထားတယ်လို့ လျှောက်လဲတယ်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း လွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့်ပါပဲလို့ ပြည်သူ့လွှတ်တော် ဥပဒေကို ကိုးကားပြီးတော့ လျှောက်လဲတယ်။

ဖားကန့် မြို့နယ်တွင် တိုက်ပွဲ များကြောင့် ဒေသခံ ခြောက်ထောင် ခန့် နေရပ် စွန့်ခွာ



ရန်ကုန် ၊ သြဂုတ် ၂၆
ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်( KIA ) နေ့စဉ် တိုက်ပွဲများဖြစ်ပွားလာမှုကြောင့် ကျေးရွာ ၁၃ ရွာမှ စွန့်ခွာလာသည့် ဒုက္ခသည် ၅၉၃၅ ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါ နေရပ်စွန့်ခွာ ဒုက္ခသည်များကို ဖားကန့်မြို့ပေါ် ရပ်ကွက်နှင့် အနီးတ၀ိုက် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ၊ ခရစ်ယာန် ဘုရားကျောင်း တို့တွင် ဒုက္ခသည် စခန်း ဖွင့်လှစ်ထားသည်မှာ ၁၉ ခု ရှိကြောင်း ၄င်းတို့ထံမှ သိရသည်။
“ တိုက်ပွဲကတော့ ရက်ဆက်ပေမယ့် သိပ်မပြင်းထန်သေးဘူး။ဒါပေမယ့် စစ်အင်အား တိုးချဲ့နေကြတာတွေ များတော့ ဒေသခံတွေ ကြောက်ပြီး ပြေးလာတာပါ” ဟု ဖားကန့်မြို့မှ ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
နိုင်ငံတော် သမ္မတက သြဂုတ် ၂၇ ရက် ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီး ၉ ဦးကို ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြီး ဒုတိယ၀န်ကြီး ၁၅ ဦးကို ခန့်အပ်တာဝန်ပေးအပ်လိုက်သည်။ သမ္မတရုံးပြည်ထောင်စုဝန်ကြီးကို ၄ ဦးအထိ တာဝန်ပေးအပ်ခဲ့ပြီး၊ လူပြောများသော ပြန်ကြားရေးဝန်
ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းအစား ဦးအောင်ကြည်က ပြောင်းလဲတာဝန်ယူမည်ဖြစ်သည်။ ဒုတိယ၀န်ကြီး ၁၅ ဦး ခန့်အပ်ရာတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များ ပါဝင်လာပြီး အမျိုးသမီး ၄ ဦး ပါဝင်သည်ကိုလည်း တွေ့ရသည်။ ပြောင်းလဲတာဝန်ပေးအပ်လိုက်သော ပြည်ထောင်စုဝန်ကြီး ၉ ဦးနှင့် ဒုတိယ၀န်ကြီး ၁၅ ဦးစာရင်းကို ပူးတွဲဖော်ပြလိုက်ပါသည်။





ခုံရုံးကိစ္စ အငြင်းအခုံကို စိတ်ပျက်စရာ မလိုဟု ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


ရန်ကုန်၊ ဩဂုတ် ၂၇
မြန်မာနိုင်ငံ သမ္မတနှင့် လွှတ်တော် တို့ကြား ယခုရက်ပိုင်း တွင်ဖြစ်ပေါ်နေသည် အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက် အငြင်းအခုံနှင့် ပက်သက် ၍ သဘောထားကြီးကြီးနဲ့ အမြော်အမြင် ရှိရှိဖြင့် ဖြေရှင်းရန် လိုအပ်ပြီး စိတ်ပျက်စရာ မလိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။
"ကျွန်မတို့ အနေနဲ့လည်း စိတ်ပျက်စရာ မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြဿနာတွေပဲ ဖြစ်ဖြစ် တကယ် အရေးကြီးတာက ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာပါပဲ။ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ တကယ့် ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ ညီရဲ့လား။ တကယ်ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်း သာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်းစားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၂/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂ တို့အရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေ
းလိုက်သည် -

လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းသတ်မှတ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ သဝဏ်လွှာပေးပို့

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များ မိမိအသိစိတ်ဓါတ်ဖြင့် နှုတ်ထွက်စေရန် တောင်းဆိုထားသော သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဌထံ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ

ပြည်သူ့လွှတ်တော်ဥက္ကဌက (၁၄-၈-၂၀၁၂)ရက်စွဲနဲ့ သ၀ဏ်လွှာ(၁)စောင် ပေးပို့လာခဲ့ပါတယ်။ ဒီသ၀ဏ်လွှာကတော့ ပြည်ထောင်စုအဆင့်သတ်မှတ်ချက်နဲ့ စပ်လျဉ်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၀၁)ဦးက မကျေနပ်တဲ့အတွက် လက်မှတ်ရေးထိုးပြီ
း ခုံရုံးအဖွဲ့ဝင်(၉)ဦးကို စွပ်စွဲ ပြစ်တင်မှု ဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်အပေါ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌက သည်းခံကြရန်
မေတ္တာ ရပ်ခံပြီး နိုင်ငံတော်သမ္မတထံ ပေးပို့လာခြင်း ဖြစ်ပါတယ်။

အဓိကအားဖြင့် တောင်းဆိုချက် (၂)ချက်ပါဝင်ပါတယ်။
(၁) နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က ခုံရုံးကို တင်သွင်းခဲ့တဲ့ ပြည်ထောင်စုအဆင့် အဓိပ္ပါယ် ဖွင့်ဆိုပေးရေးဆိုင်ရာ တင်သွင်းမှု ကို ပြန်လည်ရု့်သိမ်းပေးရန်။

(၂) ခုံရုံးအဖွဲ့ဝင်အားလုံး မိမိအသိစိတ်ဓါတ်နဲ့ နှုတ်ထွက်စေရန် နိုင်ငံတော်သမ္မတက ဆောင်ရွက်ပေးရန် တို့ ဖြစ်ပါတယ်။

ဒီသ၀ဏ်လွှာအပေါ်မှာ နိုင်ငံတော်သမ္မတရဲ့ သဘောထားကို ယနေ့ ရက်စွဲနဲ့ အောက်ပါအတိုင်း ပြန်ကြားခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
စာအမှတ်၊ ၁၀၈ ( ၁ ) / ၈ / သမ္မတရုံး
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်

သို့
ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်

အကြောင်းအရာ။ သဝဏ်လွှာပေးပို့ခြင်း
ရည် ညွှန်းချက်။ နိုင်ငံတော်သမ္မတထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ၁၄-၈-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၀၃/ပသ(စဝ) ၄/၂၀၁၂-၀၁၂ ဖြင့် ပေးပို့သည့် သဝဏ်လွှာ

၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ က ကျေနပ်လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများအားလုံးအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်း ကျသော ဆောင်ရွက်ချက်များ ဖြစ်လာစေရန် စေတနာကောင်းဖြင့် အကြံပြုပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါသည်။


Thursday, 23 August 2012

မာကွင်းဟိုအား အပြီးသတ် ခေါ်ယူနိုင်ခဲ့သည့် ရိုးမား

ရိုးမား အသင်းသည် ခရိုအေးရှား နောက်ခံ ကစားသမား မာကွင်းဟိုအား တစ်ရာသီကြာ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး

အီရန်တွင် ငလျင်နှစ်ကြိမ်လှုပ် လူ၃၀ဝခန့် သေဆုံးပြီး ၅၀ဝ၀ကျော် ဒဏ်ရာရ


အီရန်နိုင်ငံ အနောက်မြောက်ပိုင်း တွင် ဩဂုတ် ၁၂ရက်က အင် အားပြင်း ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ရာ လူပေါင်း ၃၀ဝခန့်သေဆုံးပြီး ၅၀ဝ၀ ကျော် ဒဏ်ရာ ရရှိကြောင်း ဖားစ်သတင်း ဌာနက ဩဂုတ် ၁၂ရက်တွင် သတင်း ထုတ်ပြန်သည်။

တရုတ်နိုင်ငံ တွင်းမှ ငွေများကို ရင်းနှီး မြှုပ်နှံ သူများ ပြန်လည် ထုတ်ယူ


တရုတ် စီးပွားရေး တိုးတက်နိုင်မှု အလား အလာမှေး မှိန်နေခြင်း ကြောင့် နိုင်ငံ တွင်း မှ ငွေများကို ရင်းနှီးမြှုပ်နှံသူ များက ပြန်လည် ထုတ်ယူနေကြောင်း Wall Street Journal တွင် ဖော်ပြထား သည်။

တရုတ် ရေတပ် သင်္ဘောသည် အစ္စရေးနိုင်ငံ သို့ ပထမဆုံး အကြိမ် ခရီးလှည့်လည်


တရုတ်နိုင်ငံ ရေတပ်မှ ၁၁သုတ်မြောက် စောင့်ကြပ် တာဝန် ထမ်းဆောင် သည့် ချင်တောင် သင်္ဘော၊ ပန်ထိုက် သင်္ဘောနှင့် ဝေဆန်းဟူ သင်္ဘော အပါအဝင် စစ်သင်္ဘော ၃စင်း တို့သည် ၁၃.၈.၂၀၁၂နေ့ က ဟိုင်ဖှာမြို့ ဟိုင်ဖှာဆိပ်ကမ်းသို့ရောက်ရှိခဲ့ရာ၊ အစ္စရေးနိုင်ငံ၌၄ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦးစစ် သတင်း လိုက်ရင်း ဆီးရီးယားတွင် အသတ်ခံရ


ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်စွာ
ဖြစ်ပွားနေသော အလတ် ပို ဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

ကန်ဒေါ်လာ ဘီလီယံ ၆၀ စီးပွားရေး နှိုးဆွမှု အစီအစဉ် ဘရာဇီး ကြေညာ


ယိုင်နဲ့ လာသော နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအား ပေးရန် ဘရာဇီး
အစိုးရက ပထမဦးဆုံး ကြီးကြီး မားမား စီးပွားရေး နှိုးဆွမှု အစီအစဉ် တစ်ရပ်ကို ထုတ်ဖော် ကြေညာ ခဲ့သည်။

၂၀၁၃ ဆီးဂိမ်း သီချင်း များကို မကြာမီ ဖြန့်ချိမည်


၂၀၁၃ ဆီးဂိမ်းတွင် ပါဝင်မည့် အားကစား မျိုးစုံကို ပရိသတ်တွေ ပိုမို စိတ်ဝင်စား လာနိုင်ရန် အတွက် အနုပညာရှင်များမှ အားကစား သီချင်းများဖြင့် ဆီးဂိမ်းအကြို လှုံ့ဆော် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီးဂိမ်းအကြို လှုံ့ဆော်ရေး သီချင်းများကို အခွေ တစ်ခွေအဖြစ် စီစဉ်ထုတ်ဝေသွားမှာဖြစ်ပြီး၊ ၎င်းသီချင်းများကို ရော့ခ်၊ ပေါ့ပ်၊ ဟစ်ဟော့ပ် အဆိုတော်များနှင့်အတူ ရုပ်ရှင်ဘက်မှ အနုပညာရှင်များကလည်း ပါဝင် သီဆိုကြမည် ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်း အခွေအတွက် ၂ ပုဒ် သီဆိုထားပြီး ၂ ပုဒ်ကို မြူးဇစ်ပိုင်း တာဝန်ယူထားသည့် သားစိုးက ဆီးဂိမ်းအကြို သီချင်းတွေနှင့် ပတ်သက်ပြီး

Nokia World ပြပွဲ၌ Windows 8 သုံး ဖုန်း ၃ လုံးကို Nokia ပြသရန် စီစဉ်ထား


Nokia ကုမ္ပဏီသည် Micorsoft ကုမ္ပဏီနှင့်ပူးပေါင်းကာ သတင်းစာ ရှင်းလင်း ပွဲ တစ်ခုကို လာမည့် စက်တင်ဘာလ ၅ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲတွင် Nokia ၏ Windows 8 သုံး ဖုန်း ၃ လုံးကို မိတ်ဆက်တင်ပြသွားရန် ရှိနေသည်ဟု သတင်းများက ဖော်ပြနေကြသည်။ အဆိုပါပွဲကို Nokia World event ဟု ခေါင်းစဉ်တပ်ကာ ကျင်းပမည်လည်း ဖြစ်သည်။

မတော်တဆ မှုကြောင့် အရေးပေါ် အခန်း ရောက်သွား တဲ့ T-ara အဖွဲ့မှ ဆိုယွန်း


လက်ရှိမှာ Haeundae Lovers ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင်သရုပ်ဆောင်နေတဲ့ T-ara မိန်းကလေး အဆိုတော်အဖွဲ့ထဲက ဆိုယွန်းဟာ အဖွဲ့ဝင်တွေအကြား အနိုင်ကျင့်တယ်လို့ သတင်းကြီးလို့ ဖြေရှင်းနေရဆဲမှာပဲ သြဂုတ်လ ၁၃ ရက်နေ့ မနက် ၇ နာရီက ရိုက်ကွင်းအတွက် ကားနဲ့အသွားမှာ ကားဘီးချော်ပြီး မတော်တဆမှု ကြုံရတဲ့အတွက် အရေးပေါ်အခန်းထဲ ရောက်သွားခဲ့ရတယ်လို့ သိရပါတယ်။

ရခိုင်အရေး ဒလိုင်လားမား စိုးရိမ်

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့
အပေါ် စိုးရိမ်တဲ့အကြောင်း နိုဘဲလ်ငြိမ်း
ချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး
ဒလိုင်း လားမားက ပြောလိုက်ပါတယ်။

မြန်မာအရာရှိများ ဘိန်းရာဇာနော်ခမ်းကို စစ်ဆေး

မြန်မာဖက်က စစ်ဖက် အရာရှိတွေဟာ တရုတ်
ကဖမ်းဆီးမိထားတဲ့ မူးယစ်ရာဇာ နော်ခမ်း ကို
ယူနန်ပြည်နယ်ကို လာရောက်ပြီး စစ်ဆေး
မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ တရုတ်
အာဏာပိုင်တွေက မနေ့က ထုတ်ပြန်ပါတယ်။

""လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေးပြီ""

လူမှုဆက်ဆံရေးကွန်ယက် အင်တာနက်
စာမျက်နှာတခုဖြစ်တဲ့ Twitter အနေနဲ့ လူမျိုးစုတင်းမာမှုတွေကို နောက်ထပ်မီးထိုး
 ပေးနိုင်တယ်လို့ တာဝန်ရှိသူတွေက စိုးရိမ်တဲ့
 ဖော်ပြချက်တွေကို မဖြုတ်ပစ်ဘူးဆိုရင်

သြစတြေးလျက ဒုက္ခသည် ၄၅ ရာနှုန်း တိုးမြှင့် လက်ခံမယ်


ဩစတေးလျ နိုင်ငံက သူတို့ နိုင်ငံတွင်းမှာ
ဒုက္ခသည် အရေအတွက်ကို တိုးပြီး ခိုလှုံခွင့်
 ပေးမယ်လို့ ဝန်ကြီးချုပ်က ကြေညာ ပါတယ်။


သာပေါင်း ရေဘေး အခြေအနေ

 သာပေါင်း မြို့နယ်မှာ ရွာ လေးရာ လောက်
ရှိတဲ့ အနက် ၃ဝ၅ ရွာ မှာ ဝါးတပြန် လောက်
 ရေမြုပ် နေတာ တလ ရှိနေပြီလို့ သွားရောက်
ကူညီသူ တွေက ဆိုပါတယ်။

တတိယနိုင်ငံထွက်နိုင်ရန် မယ်လဒုက္ခသည်အချို့ကို UNHCR စတင်လုပ်ဆောင်ပေး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထမ်းဆောင်
ယန်းမြို့နယ် အခြေစိုက် မယ်လဒုက္ခသည်စခန်းမှ တတိယနိုင်ငံ ရောက်နှင့်ပြီးဖြစ်သော ဒုက္ခ
သည်များအတွက် စခန်းတွင် ကျန်ရစ်နေသော မိသားစုများကို ပြန်ခေါ်နိုင်ရန် ဒုက္ခသည်များ
ဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ ယမန်နေ့ ကစတင် လုပ်ဆောင်
ပေးနေပြီ ဖြစ်သည်။


စီပီကုမ္ပဏီ မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၅၅၀ ထပ်မံ ရင်းနှီးမြှုပ်နှံ မည်ဟုဆို



မြန်မာနိုင်ငံ အနှံ့ရှိ မွေးမြူရေး၊ စိုက် ပျိုးရေးနှင့် ရေလုပ်ငန်း ကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံ မှုများ
ထပ်ဆင့် တိုးချဲ့ရန် အတွက် ကန်ဒေါ်လာ သန်း ၅၅၀ ထပ်မံ ထည့်သွင်း လိုက် ကြောင်း မြန်မာ စီပီလိုက်ဖ်စတော့ ကုမ္ပဏီလီမိတက်မှ အထွေထွေ မန်နေဂျာဒေါက်တာမျိုးသန့်က ပြောသည်။
"နောက်ထပ် ဒေါ်လာသန်း ငါးရာ့ငါးဆယ် မြှုပ်နှံဖို့ ပင်ရင်း ကုမ္ပဏီကြီးက တရားဝင်ကြေညာ ထားပြီးသားပါ။ ကျွန်တော်တို့ ကုမ္ပဏီက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ကတည်းက အက်ဖ်ဒီအိုင် (ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု)ရခဲ့တာ ပါ။

ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်တို့ ပညာရေး ဆိုင်ရာ ပူးပေါင်း မည်



မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရေကြောင်း ပညာ တက္ကသိုလ် ထံမှ စုံစမ်း သိရသည်။

2013 DV မဲ အောက်တိုဘာ ၁ရက်တွင် နောက်တစ်ကြိမ် မဲ ထပ်ဖောက်နိုင်


DV 2013 Program အတွက် DV မဲကို အောက်တိုဘာ ၁ ရက်တွင် နောက်ထပ် တစ်ကြိမ် မဲဖောက် ရန်ရှိနိုင် သည့် အတွက် Confirmaton နံပါတ်ကို သိမ်းထားရန် မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံရုံးထုတ်ပြန်ချက် တွင်ရေးသား ထားသည်။

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင် လာရောက်မည်


ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စယင် လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံ သို့ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သော ကိစ္စများ ဆက်လက်ဆွေးနွေး ရန်နှင့်နှစ်နိုင်ငံ သဘောတူ ထားသည့် ကတိက၀တ်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလ အတွင်းလာ ရောက်မည်ဟု

လွတ်တော်တွင် တပ်မတော်သား ကိုယ်စား လှယ်၂၅%သည် ဥပဒေနှင့် မညီညွတ်ဟု ဦးပီတာလင်းပင်ဆို


လွှတ်တော် အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားခြင်းသည် ဥပဒေနှင့် လုံးဝ ကိုက်ညီမှု မရှိကြောင်း ဦးပီတာလင်းပင်က သြဂုတ် ၂၂ ရက်နေ့က ပြောသည်။

Wednesday, 22 August 2012

ဗုဒ္ဓဆင်းတုကို အနမ်းချွေတဲ့ ပြင်သစ်မိန်းကလေး ထောင် (၆)လ ချမှတ်ခံရ

သီရိလင်္ကာနိုင်ငံကို အားလပ်ရက် အတွင်း လာရောက် လည်ပတ်တဲ့ ပြင်သစ် မိန်းခလေး တစ်ဦးဟာ ဗုဒ္ဓရုပ်ထုကို အနမ်းချွေတဲ့ အတွက်  တခြား သူ့အဖေါ် နှစ်ဦးနဲ့ အတူ ဆိုင်ငံ့ ပြစ်ဒဏ် (၆)  လ ချမှတ်ခံလိုက်ရပါတယ်။

လွတ်လွတ်လပ်လပ် တွေးတတ်မှ လွတ်လပ်ခွင့်ရမယ်



ချင်းမိုင်မြို့ အကြောင်း၊ ထိုင်းနိုင်ငံ ရောက် မြန်မာ နိုင်ငံသား အလုပ်သမားတွေ အကြောင်း ရေးနေရာကနေ ဒီတစ်ပတ်တော့ မရေးရင် မဖြစ်တော့ဘူးလို့ ယူဆမိတဲ့ အတွက် မီဒီယာ ဘက်ကို ပြန်လှည့်ချင် ပါတယ်။ တစ်ပတ် နှစ်ပတ်အတွင်းမှာ အပြောင်းအလဲ တော်တော် ဖြစ်ပုံရခဲ့တဲ့ ကျွန်မတို့ မီဒီယာလောကအတွက် စိတ်ပူလာလို့ ဒီဆောင်းပါးကို ရေးဖို့ ရည်ရွယ်တာပါ။
အရင်ဆုံး မေတ္တာရပ်ခံချင်တာက တော့ ဒီဆောင်းပါးဟာ ကျွန်မထက်ငယ်ပြီး စာနယ်ဇင်းသက် နုနယ်သေးတဲ့၊ ကိုယ့် ကိုယ်ကိုယ်လည်း တကယ် စာနယ်ဇင်း သမား၊ မီဒီယာသမားလို့ ယူဆထားတဲ့၊ မြန်မာပြည်မီဒီယာလောကကို ကျင့်ဝတ်နဲ့ ညီပြီးလွတ်လပ်တဲ့ စာနယ်ဇင်းလောက တစ်ခု ဖြစ်စေချင်တဲ့ စေတနာရှိသူ မည်သူ မဆိုကို ရည်ရွယ်ရေးသားခြင်းဖြစ်တယ် ဆိုတဲ့ အကြောင်းပါ။ အခုအချိန်က ကျွန်မတို့ စာနယ်ဇင်း လောကအတွက် အရမ်းကို အရေးကြီးနေ တဲ့အချိန်၊ ထိလွယ်ရှလွယ်တဲ့ အချိန်လို့ ပြောချင်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာကို ကျွန်မ တို့ နှစ်ပေါင်းများစွာ ဆာငတ်ခဲ့၊ တောင့်တ ခဲ့ကြတယ်။

ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ICT


တစ်ကယ်တမ်း ကျတော့ မြန်မာနိုင်ငံရဲ့ အထက်တန်း ပညာရေး (Higher Education) နဲ့ ပတ်သက်ပြီး Ministry of Education ရဲ့Website မှာElectronic Education and Education Development Plan လို့ ခေါင်းစဉ်တပ်ပြီး စီမံကိန်းတွေရေးဆွဲထားတာ တွေ့ရပါတယ်။ အဲဒီမှာ ရည်မှန်းချက်ကတော့ နိုင်ငံတကာအဆင့်မီရေးပါပဲ။

မြန်မာ အပါအဝင် ၁၀ နိုင်ငံ သဘာဝ ဘေးအန္တရာယ် များကြောင့် စီးပွားရေး ထိခိုက်မှု များနိုင်


မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၀ နိုင်ငံမှာ ရေကြီးခြင်း အပူပိုင်း မုန်တိုင်း တိုက်ခတ်ခြင်းနှင့် ငလျင်လှုပ် ခြင်းများကြောင့် အဆိုပါ နိုင်ငံများ ၏ ဘဏ္ဍာရေးကို ကြီးမားစွာထိ ခိုက်နိုင်ကြောင်း The Economic မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
နိုင်ငံပေါင်း ၁၉၇ နိုင်ငံအား လေ့လာထားသော အင်္ဂလန်နိုင်ငံ အခြေစိုက် Maplecroft ဘေး အန္တရာယ် လေ့လာရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ The Economic သတင်း စာက ရေးသားထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် စီး ပွားရေး များစွာထိခိုက်နိုင်သော နိုင်ငံဆယ်နိုင်ငံတွင် အိန္ဒိယ၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ ဘင်္ဂ လားဒေ့ရှ်နှင့် ဟွန်းဒူးရပ်စ်နိုင်ငံများ လည်း ပါဝင်သည်ဟု ဖော်ပြထား သည်။

ညအိပ်စဉ် မဟောက်အောင် လုပ်ချင် ပါသလား



ညအိပ်စဉ် ပြင်းပြင်း ထန်ထန် ဟောက်တတ် သူများ (Heavy Snorers) ဟာ ဘယ်လို ခန္ဓာကိုယ် ပုံစံ အနေအထားနှင့် အိပ်အိပ် ဟောက်မှာဖြစ်ပေမယ့် အတော် အသင့် ဟောက်တတ် သူများ ကတော့ နည်းကတော့

အလုပ်ခွင်မှာ စားစရာ



ယနေ့ခေတ်တွင် လူအများစုမှာ အလုပ်ခွင်မှာ နေ့လယ်စာ အဖြစ် နီးစပ်ရာ စားသောက်ဆိုင်မှ ဝယ်စားကြသော အလေ့အထဖြစ်နေ ကြပါတယ်။ အကောင်းဆုံး ကတော့ မိမိအိမ်မှာတင် ချက်ပြုတ်ပြင်ဆင် သော နေ့လယ်စာသာဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ နေ့လယ်စာ ချက်ရန် အချိန်မရှိလျှင်သော်လည်းကောင်း၊ ချက်ရမှာ ပျင်းရင် သော်လည်းကောင်း ဘယ်လိုအစားအစာတွေကို စားသင့်ပါသလဲ။ ဆိုင်မှ ရောင်းချသော အသင့်ထုပ်ပိုးထားတဲ့ စားစရာများထဲမှ ကျန်းမာရေးနှင့် ပို၍ညီညွတ်သော အစားအစာကိုရွေးချယ်ပါ။

ဆပ်ပြာတွင် ပါဝင်သည့် ဒြပ်ပေါင်း တစ်မျိုး ကြွက်သား အားနည်းနိုင်



၁၉၇၀ ပြည့်နှစ်က စတင်ပြီး ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ Triclosan ကို Antibacterial Soap ဘက်တီးရီး ယားပိုး များသေစေတဲ့ ဆပ်ပြာများ၊ တစ်ကိုယ် ရည် သန့်ရှင်းရေးပစ္စည်း များဖြစ်သော ချွေးနံ့ပျောက်ဆေး များ၊ ပလုတ်ကျင်းဆေးရည်များတွင် တွင်ကျယ်စွာ အသုံးပြုခဲ့တာ ယနေ့ တိုင် ဖြစ်ပါတယ်။

နှလုံး ရောဂါဖြစ်နိုင်ခြေ များသော AB သွေး ပိုင်ရှင်များ



AB သွေး အမျိုးအစား ပိုင်ရှင် များသည် O သွေး အမျိုးအစား ပိုင်ရှင် များထက် နှလုံး ရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း သုတေသီ များကတွေ့ ရှိခဲ့ကြ ပါတယ်။ သုတေသီများသည် လူပေါင်း ၉ သောင်းကျော်ကို နှစ် ပေါင်း ၂၀ နီးပါးလေ့လာခဲ့ရာ ဥ သွေးပိုင်ရှင်များသည် နှလုံးသွေး ကြောရောဂါ ခံစားရနိုင်ခြေ အနည်း ဆုံးဖြစ်ပြီး AB သွေးပိုင်ရှင်များက တော့ ဥ သွေးပိုင်ရှင်များထက် နှလုံး သွေးကြောရောဂါဖြစ်နိုင်ခြေ ၂၃ ရာ ခိုင်နှုန်းပိုများနေသည်ကို တွေ့ရှိခဲ့ ကြရသည်။

နပ်မှန်အောင် မစားခြင်း



လျှော့ချတဲ့ အခါ ထမင်း နပ်မှန်အောင် မစားတော့ဘဲ နံနက်စာ မစားခြင်း၊ ညစာမစားခြင်းတို့ ပြုလုပ်တတ်ကြ ပါတယ်။ ဒီအလေ့ အကျင့်ဟာ ခန္ဓာ ကိုယ်အတွင်း က ဇီဝရုပ်ဖြစ်ပျက်မှု တွေကို ကမောက်ကမဖြစ်သွားစေ နိုင်ပါတယ်။ အလွန်ဆာလောင်နေ အခါ အလွန်အကျွံ စားသုံးမိတတ်ကြ ပါတယ်။

စီဒီအမ်အေ ၄၅၀ ဖုန်းကတ် နယ်တွင်ဈေးတက်


တရားဝင် ဘဏ်ချလန်တွင် ကျပ် နှစ်သိန်းသာ ပေးသွင်းရသော စီဒီအမ်အေ ၄၅၀ ဖုန်းကတ်များ အား နယ်မြို့များရှိ ဆိုင်များတွင် ကျပ်နှစ်သိန်း ရှစ်သောင်းအထိ ရောင်းချနေကြကြောင်း သတင်း ရရှိသည်။ “အရင်တုန်းက တစ်ပတ်ကို ပွဲစားတွေဆီက ၁၀ ကတ်လောက် ရတယ်။ အခု သုံးကတ်ပဲ ရတယ်။ နောက်ပြီး ကျွန်တော်တို့ ဝယ်ရ တာကိုက နှစ်သိန်း ခုနစ်သောင်း ပေးရတယ်” ဟု ပုသိမ်ဒေသခံ ဖုန်းရောင်းချသူတစ်ဦးက ပြော သည်။

အွန် လိုင်း တွင် ပုံနှိပ် ဖော်ပြ နိုင်သော Website တစ်ခုကို Twitter တည်ထောင် သူများ စတင်လွှင့်တင်


အင်တာနက်တွင် စာသား မက်ဆေ့ခ်ျ အများ အပြား တင်လေ့ ရှိသူများ အသုံးပြု နိုင်ရန် အတွက် အွန်လိုင်းပေါ်တွင် ပုံနှိပ်ဖော်ပြထားနိုင်သော ဝက်ဘ်ဆိုက် တစ်ခုကို တွစ်တာ ပူးတွဲ တည်ထောင်သူ များက စတင်လွှင့်တင်လိုက်ကြောင်း သိရသည်။

မြန်မာ့ လေကြောင်း လက်မှတ်များ အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်ပြီ


မြန်မာ့ လေကြောင်း လေယာဉ် လက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် e-ticketing စနစ်ဖြင့် ယခုလ ၃ ရက်မှစ၍ စတင် ဝယ်ယူ နိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Browser ရွေးချယ်ခွင့် မပေးခြင်း အတွက် ဒေါ်လာ ၇ ဘီလီယံ Microsoft ပေးဆောင်ရနိုင်


ဥရောပမှ သန်းပေါင်း များစွာသော ကွန်ပျူတာ အသုံးပြုသူ များအတွက် အင်တာနက်
ရှာဖွေရေး ဘရောက်ဇာများ ရွေးချယ်ခွင့်ကို ၄င်းတို့၏ ကွန်ပျူတာစနစ်တွင် ထည့်သွင်း မပေးခဲ့ခြင်း အတွက် မိုက်ကရိုဆော့ဖ် ကုမ္ပဏီသည် ဒဏ်ငွေ ကန်ဒေါ်လာ ၇ ဘီလီယံအထိ ပေးဆောင်ရဖွယ် ရှိကြောင်း သိရ သည်။

အနဂ္ဂရဲ့ ဂီတရွေးကောက်ပွဲ အကြို ကြီး ကြပ်ရေး ကော်မတီ အတွေ့အကြုံ


ဂီတ အစည်း အရုံး သစ်ခေတ် သစ် ဂီတ အလွှာ ရရှိရေး လှုပ်ရှားမှု မှာ ရှေ့တန်းက ပါဝင်ခဲ့သူ၊ ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မ ရှင်မှာလည်း အမှုဆောင် တစ်ဦး အဖြစ် ပါဝင်ခဲ့သူ၊ မြန်မာပြည် ဟစ်ဟော့ပ်ရေစီး ကြောင်း ပင်မမြစ်ဖျားခံရာမှာ စတင်ခြင်း (Acid)ဖြင့် စတင်ခဲ့သူ အနဂ္ဂကိုမကြာခင်မှာ ကျင်းပတော့မယ့် အစည်း အရုံးသစ်ရွေးကောက်ပွဲရဲ့ ကြီးကြပ်ရေးကော်မတီမှာ အမှုဆောင် တစ်ဦး အဖြစ်ပါဝင်ခဲ့သူအနေနဲ့ ကြီးကြပ်ရေးလုပ်ငန်းစဉ်ထဲက အတွေ့ အကြုံတွေကို မေးကြည့်တော့

လေနေဆဲ၊ကြွေနေဆဲ ရောဘတ်ပ်ပတ်တ် တီဆီဆင်



ရွှေ နဲ့ မြ မောင်နှံလို့ မီဒီယာ ကမ္ဘာမှာ တာစားခဲ့ပြီး ချစ်သက်တမ်းလည်း သုံးနှစ် ကျော်ခဲ့ပြီး ဖြစ်တဲ့ Twilight စတား ရောဘတ်ပတ်တီဆင်နဲ့ ခရစ္စတင်စတီးဝပ် တို့ကြားမှာ အက်ကြောင်း ထင်လာတဲ့ သတင်းဟာ Vampire အက်ဒဝပ်ကူလင် ပရိသတ်တွေ အတွက် စိတ်မချမ်းမြေ့စရာ သတင်း တစ်ပုဒ်ပါပဲ။

FX မလေး လူနာရဲ့ ပျော်ရွှင်စရာ မွေးနေ့မင်္ဂလာ


ဆိုးလ် ချာတိတ်တွေ ရင်ခုန်တဲ့ အလန်း ဇယား ဂီတနတ်သမီး တွေထဲမှာ FX မလေး တွေလည်း ထိပ်ပိုင်းကပါဝင် တာ အားလုံး အသိပါပဲ။

ဂျင်နီဖာအင်နက်စတန် စေ့စပ်လိုက်ပြီ

Horrible Bosses နဲ့ စူပါ စတားဘဝကို ထိန်းထားနိုင်ဆဲ ညှို့မင်းသမီးချော ဂျင်နီဖာ အင်နက်စတန်တစ်ယောက် ချမ်းမြေ့ လှပတဲ့ဘဝတစ်ခုတည်ဆောက်ဖို့ Boy-Friend ဂျပ်စတင်ဘီရပ်စ်နဲ့ စေ့စပ်ခဲ့တာဟာ ပရိသတ်တွေအတွက်ရော ရောင်းရင်းတွေအတွက် ပါ ကျေနပ်စရာ ဖြစ်ရတာပါပဲ။

အာရှရဲ့ မင်းသားမှ ပရိသတ်များသို့ ပြင်းထန်သော သတိပေး စကားပြောကြား


Jang Keun suk သည် တရုတ်နိုင်ငံတွင် ပရိသတ် များကြောင့် လုံခြုံရေး စိုးရိမ် ရပြီးနောက် ရဲဝန်ထမ်းများ၏ ကာကွယ်မှုကို ရယူ ခဲ့ရသည်။ ဩဂုတ်(၁၁)ရက်က တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် ပရိသတ် များက ဂျန်လိုက်ပါသည့် ကားနောက်မှ လိုက်ပါခြင်းဖြင့် လမ်းပိတ် ဆို့မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း တရုတ်သတင်းစာ 21CN ကဖော်ပြခဲ့ သည်။

မြန်မာကာယ အလှမယ်နှစ်ဦး အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဝင်မည်


(၄၆)ကြိမ်မြောက် အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယ အလှမယ်နှစ် ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြိုင်ပွဲကို တရုတ် နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် လာမည့် စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက် အထိ ကျင်း ပမည်ဖြစ်သည်။

မိုဒရစ်အား အသင်း၏ ကစားသမား အဖြစ် ဖော်ပြခဲ့သည့် ရီးရဲလ် ၀က်ဘ်ဆိုက်


ရီးရဲလ်မက်ဒရစ် အသင်းသည် စပါးစ် အသင်း၏ ကွင်းလယ် ကစားသမား မိုဒရစ်၏ ကိုယ်ရေးအချက်များကို အသင်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီး

ကိုင်တက် တိုင်ဖွန်းကြောင့် ဗီယက်နမ်တွင် လူကိုးဦး သေဆုံး


ဗီယက်နမ် နိုင်ငံ မြောက်ပိုင်းတွင် 'Kai Tak' (ကိုင်တက်)ဟု အမည် ပေးထားသော တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ရာ လူကိုး ဦးသေဆုံး ပြီး ထောင်ပေါင်း များစွာသော လူနေအိမ်ခြေများပျက် စီးကာ လယ်မြေအမြောက်အ မြား ရေနစ်မြုပ်နေကြောင်း အာ ဏာပိုင်များ ကပြောသည်။

အငြင်းပွား ကျွန်းသို့ သွားရောက် ခဲ့သော တက်ကြွ လှုပ်ရှား သူများကို ဂျပန် အာဏာ ပိုင်များ စစ်ဆေးမည်



အငြင်းပွား နေသော ကျွန်းများသို့ သွားရောက် ခဲ့သော တက်ကြွ လှုပ်ရှားသူ အုပ်စု တစ်စုအား ဂျပန် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်း ရန် အိုကီနာ ဝါကျွန်း  သို့ ခေါ်ဆောင် သွားကြောင်း သိရသည်။ အဆိုပါ အုပ်စုသည် ဂျပန်နိုင်ငံတွင် ဆင် ကာကုဟုခေါ်ဆိုပြီး တရုတ်နိုင်ငံ တွင် ဒိုင်အိုယုဟုခေါ်ဆိုသော ကျွန်းစုများသို့ ဟောင်ကောင်မှ နေ၍ ရွက်လွှင့်သွားခဲ့ပြီး အချို့ မှာလှေပေါ်မှခုန်ချကာကျွန်းတစ်ခု ဆီသို့ ရေကူးသွားခဲ့ကြောင်း သိရသည်။

မလေးရှားတွင် ဓာတ်ငွေ့ဖြည့် ဂိုဒေါင် ပေါက်ကွဲ၍ မြန်မာလုပ်သား သုံးဦးသေ နှစ်ဦး ဒဏ်ရာရ


မလေးရှားနိုင်ငံ ကူးလင်းမြို့ ဘာသ၀က် ရပ်ကွက်တွင် ဓာတ်ငွေ့ဖြည့် လုပ်ငန်း ဂိုဒေါင် တစ်ခု ပေါက်ကွဲ ခဲ့ရာ မြန်မာလုပ်သား သုံးဦးသေ ဆုံးပြီး နှစ်ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ပီနန်မြို့ရှိ မြန်မာ နာရေး ကူညီမှု အသင်း တာဝန်ခံ ကိုဝင်းသန်းထွန်းကပြောသည်။