စစ်အာဏာရှင် စနစ်ကို တွန်းလှန်ရန် အတွက် လက်နက် စွဲကိုင် တိုက်ပွဲ ဝင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သည့် ကျောင်းသား တပ်မတော် ABSDF (မြောက်ပိုင်း) ၌ တပ်ဖွဲ့ဝင် အချင်းချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ လွတ်မြောက်လာသည့် ကျောင်းသား ရဲဘော်ဟောင်းများက ယနေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်သည်။
ယင်းအချိန်က ABSDF (မြောက်ပိုင်း) ဥက္ကဌမှာ ရော်နယ်အောင်နိုင်ဖြစ်ပြီး ဗဟိုဥက္ကဌမှာ ဒေါက်တာနိုင်အောင် ဖြစ်သဖြင့် အဆိုပါ သတ်ဖြတ်မှုများ အတွက် အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း သတ်ဖြတ်မှုမှ လွတ်မြောက်လာသူများ ကပြောကြားသည်။ ယနေ့မှာပင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် ဒေါက်တာနိုင်အောင်ကမူ အဆိုပါ သတ်ဖြတ်မှုများ ဖြစ်ပွားစဉ်က ၎င်းမှာ တောင်ပိုင်းတွင် ရှိနေပြီး မသိရှိကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် သတင်းထောက် များကို ပြောကြားသည်။
No comments:
Post a Comment