Saturday, 1 September 2012

Facebook ရုံးခန်းသစ်များ တည်ဆောက်ရန် နာမည်ကျော် ဗိသုကာပညာရှင် ဖရန့်ဂေရီကို ခေါ်ယူ


ကယ်လီဖိုးနီးယားရှိ Facebook ရုံးချုပ်တွင် ရုံးခန်းသစ်များ တိုးချဲ့ဆောက် လုပ်ရန် Facebook ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ မာ့ခ်ဇူကာဘတ်ဂ်ျက ကမ္ဘာကျော် ဗိသုကာပညာရှင် ဖရန့်ဂေရီကို အင်ဂျင်နီယာအဖွဲ့ဝင် အဖြစ် ထည့်သွင်းခေါ်ယူလိုက်ပြီး ၎င်းဦးဆောင်ရမည့် ဗိသုကာ အဖွဲ့တွင် အင်ဂျင်နီယာပေါင်း ၃၄၀၀ ခန့်လည်း ရှိကြောင်း သိရသည်။
နာမည်ကြီး အဆာက်အဦးများစွာကို ဒီဇိုင်းရေးဆွဲခဲ့ပြီး နိုင်ငံတကာရှိ ဗိသုကာ ပညာရှင်များ၏ လေးစားအားကျခြင်းကို ခံရသည့် ပုဂ္ဂိုလ်ဖြစ်သော ဖရန့်ဂေရီက Facebook ၏ ရုံးခန်းသစ်များအား ထူးခြားသည့် အတွေးအမြင်များဖြင့် ဖန်တီးသွားရန် စီစဉ်နေပြီး ၂၀၁၃ ခုနှစ် အစောပိုင်းတွင် စတင်ဆောက်လုပ်ရန် ညှိနှိုင်းထားပြီး ဖြစ်သည်။ မာ့ခ်ဇူကာဘတ်ဂ်ျက "ဖရန့်ဂေရီအတူ ကျွန်တော်တို့ရဲ့ အဆောက်အအုံသစ်ကို ဖန်တီးရတာက တစ်သက်မမေ့နိုင်တဲ့ စိတ်လှုပ်ရှားမှု တစ်ခုပါပဲ။ အဆင့်အမြင့်ဆုံး အင်ဂျင်နီယာ ဒီဇိုင်းပညာရပ်ကို သူရဲ့ ဦးနှောက်ထဲကနေ တွေ့မြင်နေရပါတယ်။ ဝန်ထမ်းများစွာ သက်သောင့်သက်သာ နေထိုင်နိုင်ပြီး တခြားလူတွေ ကြည့်လိုက်ရင်လည်း သဘာဝကျတဲ့ အပန်းဖြေစရာ နေရာတစ်ခုအဖြစ် မြင်နိုင်ဖို့ သူက ခြယ်မှုန်းသွားမှာပါ" ဟု ဆိုသည်။ လတ်တလော အခြေအနေတွင် Facebook သည် ရှယ်ယာဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း အဆောက်အအုံသစ်များကို အကုန်ကျခံ တည်ဆောက်ရန် ဇူကာဘတ်ဂ်ျက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခု ၎င်းတို့ အဆောက်အအုံသစ် ဆောက်လုပ်မည့် နေရာသည် တစ်ချိန်က Sun Microsystems ပိုင်ဆိုင်ခဲ့သည့် မြေနေရာ ဖြစ်ကြောင်းလည်း သိရသည်။

KZZ

No comments:

Post a Comment