Saturday, 1 September 2012

ရှေးဟောင်းမြို့များ ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်း ရာတွင် အခက် အခဲရှိနေ


မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် များကို ကမ္ဘာ့ အမွေ အနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် အဆင့်ဆင့်၌ အတွေ့အကြုံ အား နည်းခြင်းနှင့် လုပ်ကိုင် ဆောင်ရွက်ရသည့် အချိန်ကာလ တိုတောင်းခြင်းတို့ ကြုံတွေ့နေရကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင် က ပြောသည်။

မိုးသီးဇွန် အဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိ


မိုးသီး ဇွန်ခေါင်းဆောင် သည့် ၁၁ဦးအဖွဲ့ သည် မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိလာသည်။ ၎င်းတို့အဖွဲ့ကို လူဘောင်သစ် ပါတီ အဖွဲ့ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူ အများစုလေဆိပ်သို့ လာရောက် ကြိုဆိုခဲ့ ကြသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်း ကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ


ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း အုတ်စက်ရုံအား ပုဂ္ဂလိက သို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းမည် ဖြစ်သော်လည်း လုပ်သက်ရင့် စက်ရုံ ဝန်ထမ်း များမှာ ပင်စင်လစာ အပါအ၀င် ခံစားခွင့် လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခြင်း မရှိကြောင်း စက်ရုံ လုပ်သားများက ပြောကြားသည်။

ABSDF (မြောက်ပိုင်း) အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျောင်းသားဟောင်းများ ကြေညာ ချက်ထုတ်


စစ်အာဏာရှင် စနစ်ကို တွန်းလှန်ရန် အတွက် လက်နက် စွဲကိုင် တိုက်ပွဲ ဝင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သည့် ကျောင်းသား တပ်မတော် ABSDF (မြောက်ပိုင်း) ၌ တပ်ဖွဲ့ဝင် အချင်းချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ လွတ်မြောက်လာသည့် ကျောင်းသား ရဲဘော်ဟောင်းများက ယနေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်သည်။

Facebook ရုံးခန်းသစ်များ တည်ဆောက်ရန် နာမည်ကျော် ဗိသုကာပညာရှင် ဖရန့်ဂေရီကို ခေါ်ယူ


ကယ်လီဖိုးနီးယားရှိ Facebook ရုံးချုပ်တွင် ရုံးခန်းသစ်များ တိုးချဲ့ဆောက် လုပ်ရန် Facebook ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ မာ့ခ်ဇူကာဘတ်ဂ်ျက ကမ္ဘာကျော် ဗိသုကာပညာရှင် ဖရန့်ဂေရီကို အင်ဂျင်နီယာအဖွဲ့ဝင် အဖြစ် ထည့်သွင်းခေါ်ယူလိုက်ပြီး ၎င်းဦးဆောင်ရမည့် ဗိသုကာ အဖွဲ့တွင် အင်ဂျင်နီယာပေါင်း ၃၄၀၀ ခန့်လည်း ရှိကြောင်း သိရသည်။