The First Shop of Coffee Prince နှင့် Goong ဇာတ်လမ်းတွဲ များကို လက်တင် အမေရိကတွင် ထုတ်လွှင့်မည် ဖြစ်ကြောင်း ကိုရီးယား ရုပ်သံကုမ္ပဏီ MBC က ထုတ်ဖော် ပြောကြားသည်။ ပါရာဂွေးနိုင်ငံရှိ Red Guarani မှ The First Shop Coffee Prince ကို စက်တင်ဘာတွင် စတင် ထုတ်လွှင့်မည် ဖြစ်ကြောင်းနှင့် Goong ကို၂၀၁၃ဇန်နဝါရီလတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်းသိရသည်။
ပနားမား အစိုးရ တယ်လီဗေးရှင်း နက်ဝပ် SERTV ကမူ Goong ကိုလွန်ခဲ့သော သီတင်းပတ်ကစတင်ထုတ်လွှင့်ခဲ့ကြောင်း ကိုရီယားရုပ်သံ ကုမ္ပဏီ၏ လက်တင်အမေရိကနှင့် တောင်အမေရိက ရုံးခွဲမှ ထုတ် ဖော်ပြောကြားသည်။ “ကိုရီးယားပေါ့ပ် များရဲ့အကူအညီကြောင့် လက်တင်အမေရိကမှာကိုရီးယားဇာတ်လမ်းများလူကြိုက်များလာပါတယ်”ဟု ရုံးခွဲ၏ အကြီးအကဲ Jeong Gil-hwa ကပြောကြားလိုက်သည်။
Goong ဟာသက်ဦးဆံပိုင်ဘုရင်စနစ်အောက်မှာတော်ဝင်မိသားစုတစ်စု အကြောင်းသရုပ်ဖော်ထား တဲ့အတွက် လက်တင် အမေရိကမှာရှိတဲ့ ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ပါတယ်”ဟုသူကပြောသည်။
The First Shop of Coffee Prince ကတော့ ကော်ဖီနဲ့ဆက်နွယ်ရာဖြစ်ရပ်ကို အခြေခံထားတဲ့အတွက် ကော်ဖီစိုက်ပျိုးရာလ လက်တင် အမေရိကရှိပရိသတ်များကိုစွဲဆောင်နိုင်လောက်ပါတယ်”ဟု သူက ထပ်လောင်းပြောကြားသည်။
The First Sohp of Coffee Prince ဇာတ်ကား သည်၂၀ဝ၇ခုနှစ်က ကိုရီးယားတွင် ထုတ်လွှင့်ပြသစဉ် လူကြည့် အများဆုံး ဇာတ်ကားဖြစ်ခဲ့ဖူးသည်။
No comments:
Post a Comment