Tuesday, 21 August 2012

ဆေးရုံသို့ ရောက်ရှိနေသည့် ပီပီ

ရီးရဲလ် အသင်း၏ နောက်ခံလူ ပီပီသည် အသင်းဖော် ကာဆီးလက်စ်နှင့် မတော်တဆ ထိခိုက်မီပြီးနောက် သေချာစွာ ကုသမှု ခံယူရန် အတွက် ဆေးရုံသို့ ရောက်ရှိနေကြောင်း သိရသည်။ 

ပီပီ နှင့် ကာဆီးလက်စ်တို့သည် ဗလင်စီယာ အသင်း၏ ကစားသမား ဂျိုးနက်စ်၏ ချေပဂိုးကို ရှင်းထုတ်ရန် ကြိုးစားစဉ် အတွင်း ထိခိုက်မိခဲ့ပြီး ယခုလို ဒဏ်ရာရခဲ့ခြင်းလည်း ဖြစ်သည်။ ပီပီအား အယ်လ်ဘီယိုနှင့် လူစားလဲပြီးနောက် ရီးရဲလ် အသင်း၏ တာဝန်ရှိသူများမှ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်သည်။ ရီးရဲလ် အသင်း၏ ထုတ်ဖော် ကြေငြာချက်အရ ပီပီ၏ ဦးနှောက်ပိုင်းတွင် ထိခိုက်မိခြင်း မရှိသော်လည်း သေချာစွာ ကုသမှု ခံယူရန် အတွက် ဆေးရုံတွင် တစ်ညတာ နေရဦးမည် ဖြစ်သည်။ ပီပီ၏ အသင်းဖော် ဖြစ်သော စီရော်နယ်လ်ဒိုမှ ပီပီမှာ အသင်းအတွက် အရေးပါသော ကစားသမား ဖြစ်သော်လည်း သူ၏ ကျန်းမာရေးက ပို၍ အရေးကြီးကြောင်းနှင့် ပြန်လည် ကောင်းမွန်လာရန် အတွက် စောင့်စားနေခြင်း ထုတ်ဖော် ပြောဆိုခဲ့သည်။


 

No comments:

Post a Comment