SATO barcode printer များ နှင့် Labels များကို မြန်မာ နိုင် ငံ ပြည် တွင်းဈေး ကွက်သို့
တရား ဝင် ကိုယ်စားလှယ်နှင့် တရားဝင်ဝန်ဆောင်မှု ပေးအပ်သူအဖြစ် KMD Computer Group အား ခန့်အပ်ခြင်း အခမ်း အနားကို ရန်ကုန်မြို့ ParkRoyal Hotel ရှိ Grand Ball Room တွင် ဇူလိုင် ၂၁ ရက်နေ့က ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် KMD Computer မှ CEO ဦးသောင်းတင်နှင့် SATO Asia Pacific Pte Ltd ၏ MD - Mr. Lim Yee တို့က အဖွင့် နှုတ်ခွန်းဆက် အမှာစကားပြောကြား ခဲ့ပြီး SATO မှ Mr. Paul Goh မှ SATO Product များအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ယင်း SATO barcode printer များနှင့် Labels များကို Supermarket, Mini Mart, Mobile Mart များတွင် Price Labels, Stock labels များဖြင့် စာရင်းမှတ် သား ပြုစုနိုင်ခြင်း ဆေးရုံ၊ ဆေးခန်း များတွင် ဆေးစစ်ခြင်း ဆေးရုံးသုံး ပစ္စည်းများ၊ လူနာဆေးမှတ်တမ်းများနှင့် လူနာများ ၏ Identification များကို Registration ပြုလုပ်နိုင်ခြင်း၊ ပစ္စည်းများကို သယ်ယူပို့ဆောင်သော လုပ်ငန်းများ တွင် လျင်မြန်စွာ ပြုလုပ်နိုင်ခြင်း၊ စက်ရုံအလုပ်ရုံများမှ ထုတ်လုပ်သော ပစ္စည်းများ တွင် Barcode Labeling System အသုံးပြုခြင်းဖြင့် Stock, Product များကို Item တစ်ခုစီ အလိုက်စနစ်တကျ လွယ်ကူစွာ စာ ရင်းပြုစုနိုင်ခြင်း ဝန်ထမ်းများ၏ အလုပ်ဝင်ချိန်၊ ထွက် ချိန်များ၊ ပြည်ဝင် ပြည်ထွက် Visa များတွင် Identification များကို Barcode Generation System ဖြင့် Registration ပြုလုပ်ထားနိုင်ပြီး လုပ်ငန်းများကို လျှင်မြန်စွာ ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment